Connect with us

Social

တရုတ် နိုင်ငံ နာမည်ကျော် လူငယ် တေးဂီတ အဖွဲ့ က မြန်မာ နိုင်ငံ မိဘမဲ့ ကလေးများအား ချစ်ခြင်းမေတ္တာ လာရောက်ဝေမျှ

YGW တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဟွမ်းချွင်း လူငယ် သံစုံ တေးဂီတ အဖွဲ့ က ဖေဖော်ဝါရီ ၁၄ ရက် နေ့လယ်ပိုင်း တွင် ရန်ကုန်တိုင်း ဒေသကြီး ၊ တိုက်ကြီး မြို့နယ် ၊ သနပ်ချောင်း အုပ်စု ရှိ YGW ပရဟိတ မိဘမဲ့ကလေးများ စောင့်ရှောက်ရေး နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (တွဲဘက်) သို့ သွားရောက် ခဲ့ပြီး ကလေးငယ်များ အား အနုပညာဖျော်ဖြေတင်ဆက်မှု နှင့် လှူဒါန်းမှုများ ပြုလုပ်ပေး ခဲ့သည်။

တရုတ် နိုင်ငံ ဟွမ်းချွင်း လူငယ် သံစုံ တေးဂီတ အဖွဲ့ က တရုတ် နိုင်ငံ ရိုးရာ နွေဦး နှစ်သစ်ကူး ကျရောက် နေသည့် အချိန်အခါ တွင် မြန်မာ နိုင်ငံ ရှိ လူငယ် များ အတူတကွ ဝေမျှ ခံစား နိုင်ရန် အတွက် တေးဂီတ ဖျော်ဖြေပွဲ အား မြန်မာ သီချင်း “ ညိုမြ ” ဖြင့် စတင် ဖျော်ဖြေတင်ဆက် ပေးခဲ့ပြီး နှစ်သစ် ကြိုဆိုသည့် ပျော်ရွှင်မှု ကို ဝေမျှပေး ခဲ့သည်။

၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ထို့နောက် တွင် နိုင်ငံတကာ နှင့် တရုတ် နိုင်ငံ ၏ ဂန္တဝင် တေးဂီတများ အား ဖျော်ဖြေတင်ဆက်ပေး ခဲ့ရာ ကလေးငယ်များ ၏ တခဲနက် နှစ်သက်အားပေးမှု ကို ရရှိခဲ့ပြီး တေးဂီတ ဖျော်ဖြေတင်ဆက်ပွဲ အဆုံးသတ် တွင် မြန်မာ နိုင်ငံ နာမည်ကျော် တေးသီချင်း “လက်တီး” ဖြင့် တရုတ်-မြန်မာ နှစ်နိုင်ငံ လူငယ်များ အတူတကွ ပျော်ရွှင်မြူးထူးစွာ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။

၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ထို့ပြင် ကလေးငယ်များ အား ဝူရူးဖျော်ဖြေတက်ဆက်မှု နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ၏ နာမည်ကျော် တေးသီချင်း များကို လည်း ဖျော်ဖြေတင်ဆက်ပေး ခဲ့သည်။တရုတ် နိုင်ငံ တေးဂီတ အဖွဲ့ ခေါင်းဆောင် ဝမ်းရန် (Wang Yang) က တရုတ်-မြန်မာ နှစ်နိုင်ငံ သည် တောတောင်ရေမြေခြင်း ထိစပ်နေပြီး မိသားစု အရင်းအချာ ကဲ့သို့ ခင်မင်ရင်းနီးကြကြောင်း ၊ တရုတ် နိုင်ငံ ရိုးရာ နွေဦးနှစ်သစ်ကူး ပွဲတော် အချိန်အခါ တွင် မြန်မာ နိုင်ငံ ရှိ ကလေးငယ်များ ပျော်ရွှင်မှု အား ခံစားရရှိနိုင် စေရန် လာရောက်ဝေမျှပေးခြင်း ဖြစ်ကြောင်း ၊ ကလေးငယ်များ ရှေ့ဆက် ပညာ ကို ကြိုးစားတင်ယူပြီး မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး နှင့် တရုတ်-မြန်မာ ချစ်ကြည်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြား ခဲ့သည်။

၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

YGW ပရဟိတ မိဘမဲ့ကလေးများ စောင့်ရှောက်ရေး နှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (တွဲဘက်) ကျောင်းထိုင် ဆရာတော် အရှင်တေဇိန္ဒ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြား ခဲ့ရာတွင် ယခုကျောင်း အား ၂၀၁၅ ခုနှစ် တွင် စတင်ထူထောင် ခဲ့ပြီး လက်ရှိချိန်တွင် ကလေးပေါင်း ၄၄၈ ဦး ရှိကြောင်း ၊ ယခု ကဲ့သို့ တရုတ် နိုင်ငံ အနုပညာ အဖွဲ့ မှ ကလေးများ အား လာရောက် ဖျော်ဖြေပေးသည့် အတွက် ဝမ်းသာပီတိ ဖြစ်မိပြီး ကလေးများ အတွက် ပျော်ရွှင်မှု နှင့် ပြင်ပ ဗဟုသုတများလည်း ရရှိစေနိုင်မည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ၏ ဂီတ ဖျော်ဖြေပွဲ က ကလေးငယ်များ အား စိတ်ပေါ့ပါးစေမည် ဖြစ်ပြီး ကလေးများ ဖွံ့ဖြိုးတိုးတက်မှု အတွက် အတိုင်းအတာ တစ်ခု အနေဖြင့် အထောက်အကူ ဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ တရုတ် နိုင်ငံ အနုပညာ အဖွဲ့ ၏ ဖျော်ဖြေတင်ဆက်မှု နှင့် လှူဒါန်းမှုများ အပေါ် ကျေးဇူးတင်လိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဟွမ်းချွင်း လူငယ် သံစုံ တေးဂီတ အဖွဲ့ ခေါင်းဆောင် ဝမ်းရန် (Wang Yang) နှုတ်ခွန်းဆက် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

ဆရာတော် အရှင်တေဇိန္ဒ က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြား နေစဉ်(ဆင်ဟွာ)

၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

YGW တွင် ကျင်းပ ပြုလုပ်ခဲ့သည့် ၂၀၁၉ “ပျော်ရွှင်မြူးကြွ တရုတ် နှစ်သစ်ကူး တေးဂီတ ပွဲတော်” အား ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ နှင့် တရုတ် နိုင်ငံ ဟွမ်းချွင်း လူငယ် သံစုံ တေးဂီတ အဖွဲ့ တို့ က ဦးစီးဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ဟွမ်းချွင်း လူငယ် သံစုံ တေးဂီတ အဖွဲ့ဝင် များ သည် တရုတ် နိုင်ငံ နှင့် နိုင်ငံတကာ တွင် ဆုတံဆိပ်များ ရရှိထားသည့် လူငယ်များ ဖြစ်ကြပြီး ၎င်းတေးဂီတ အဖွဲ့ က အနုပညာရှင်များစွာ မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။(Xinhua)