Connect with us

Social

တရုတ်နိုင်ငံက ဧရာဝတီ မြစ်ကြောင်း ရေကြီးရေလျှံမှု ကာကွယ်ရန် အတွက် ယွမ် သန်း ၉၀၀ ကူညီမည်ဟု နိုင်ငံတော် သမ္မတဆို


နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နှစ်စဉ် ရေကြီးရေလျှံမှု ဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည့် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ရေဘေးဒဏ်မှ ကာကွယ်ရန် အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက မြန်မာနိုင်ငံကို ယွမ် သန်း ၉၀၀ ကူညီပေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ပြောကြားသည်။

ယနေ့ နေပြည်တော် ရေဆင်း တက္ကသိုလ်တွင် ကျင်းပသော ကမ္ဘာ့ စားနပ်ရိက္ခာနေ့ အခမ်းအနားအပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည့်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် နှင့် တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်များ အဖွဲ့ကို သမ္မတက သီးခြား တွေ့ဆုံပြီးနောက် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သို့ သွားရောက်စဉ် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က မြန်မာနိုင်သို့ အကူအညီများ ပေးမည်ဟု နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူညီ ခဲ့ကြောင်း သမ္မတက ဆိုသည်။

မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်များ အဖွဲ့များနှင့် တွေ့ဆုံနေစဉ် (ဆင်ဟွာ)

“တရုတ်အစိုးရက တရုတ်-မြန်မာ ချစ်ကြည်ရေးကို အလေးထားတယ်၊ ကျွန်တော်တို့ ပါရဂူအဖွဲ့ မြန်မာနိုင်ငံကို လာတာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူညီမှုကို အကောင်အထည်ဖော်ဖို့ လေ့လာရေး လာခဲ့တာပါ၊ ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းဖို့ နည်းပညာ ဖလှယ်ရင်း ပူးပေါင်း ဆောင်ရွက်ဖို့ ဆန္ဒရှိပါတယ်” ဟု တရုတ် ဆည်မြောင်း ပညာရှင် အဖွဲ့ခေါင်းဆောင် မစ္စတာ Su Qin Pang က ပြောကြားသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ရေဘေးနှင့် ပတ်သက်ပြီး နည်းပညာ၊ ငွေကြေး ကူညီမှုသည် မြန်မာနိုင်ငံ၏ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ရေကြီးရေလျှံမှု ကာကွယ်ရေး အတွက် အထောက်အကူ ဖြစ်နိုင်ကြောင်း သမ္မတက တရုတ်နိုင်ငံ ဆည်မြောင်း ပညာရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

“တရုတ်-မြန်မာ ပူးပေါင်းမှုက ရေဘေး ကာကွယ်ရေး လုပ်ငန်းတွေအတွက် အကျိုးပြု နိုင်တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည့်သူ့ သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဆိုသည်။

မြန်မာနိုင်ငံ ရေဘေး ကြုံတွေ့ရာတွင် တရုတ်အစိုးရက ပထမဆုံး ရေဘေး ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံံ့မှုကို အထူး ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ရေဘေး ကယ်ဆယ်ရေးတွင် အတွေ့အကြုံရှိပြီး မြန်မာ ပြည်သူများ အတွက် လက်တွေ့ကျသော ကူညီမှုများ ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဇူလိုင်လ နှင့် သြဂုတ်လ အတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီး ရေလျှံမှုများကြောင့် ဧရာဝတီ မြစ်ကြောင်းရှိ ဒေသများမှာ ရေဘေး ပိုမို ခံစားခဲ့ရပြီး မိသားစု ၄ သိန်းကျော်၊ လူဦးရေ ၁,၆၀၀,၀၀၀ ကျော်နှင့် လယ်ဧက ၈ သိန်းကျော် ထိခိုက် ပျက်စီးခဲ့သည်။

တရုတ်နိုင်ငံမှ ရေအရင်း အမြစ်ဆိုင်ရာ ပညာရှင်များ အဖွဲ့သည် မြန်မာနိုင်ငံတွင် အနာဂတ် ရေဘေး အန္တရာယ် ကာကွယ်ရေးနှင့် လယ်ယာ စိုက်ပျိုးမှု ထွန်းကားရေးကို အထောက်အကူ ပြုရန် အတွက် ဧရာဝတီ မြစ်ကြောင်း တလျှောက် ရေစီးဆင်းမှုနှင့် ရာသီဥတု ဆိုင်ရာ လက်ရှိ အခြေအနေများကို စေ့စပ်စွာ လေ့လာ စစ်ဆေးရန် အောက်တိုဘာ ၇ ရက်နေ့တွင် စတင်၍ ရန်ကုန်တိုင်း ဒေသကြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ အဖျောက် ရေလမ်းကြောင်းနှင့် တာတမံသို့ သွားရောက် လေ့လာခဲ့ကြသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း အဖျောက် တာတမံသို့ ရောက်ရှိစဉ် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်နှင့် ဆည်မြောင်း ရေးရာ တာဝန်ရှိသူများက မြစ်ကြောင်းနှင့် တာတမံ အခြေအနေများ အစရှိသည်တို့ နှင့်ပတ်သက် ၍ ရှင်းလင်း ပြသခဲ့ပြီး ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ခဲ့ကြသည်။

ဧရာဝတီတိုင်း အတွင်းရှိ ညောင်တုန်း ၊ ပန်းတနော် ၊ မြောင်းမြ ၊ ပုသိမ် ၊ ငသိုင်းချောင်း ၊ လေးမျက်နှာ ၊ ဟင်္သာတ မြို့နယ်များရှိ မြစ်ကြောင်း တစ်လျှောက်သို့လည်း သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117