Connect with us

Social

ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် ရေကြီးရေလျှံမှု ရေရှည် ထိန်းသိမ်း ကာကွယ်ရေး အတွက် တရုတ်နိုင်ငံ ဆည်မြောင်း ပညာရှင်များနှင့် ပူးပေါင်း လုပ်ဆောင်မည်

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်များ အဖွဲ့များနှင့် တွေ့ဆုံနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အဓိက ပင်မ မြစ်ကြောင်း ဖြစ်သည့် ဧရာဝတီ မြစ်ကြောင်းကို ရေရှည် ထိန်းသိမ်း ကာကွယ်ရေး အတွက် တရုတ် ဆည်မြောင်း ပညာရှင်အဖွဲ့များနှင့် ပူးပေါင်း လုပ်ကိုင် သွားမည် ဖြစ်ကြောင်း ယနေ့ နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်အဖွဲ့၏ ဧရာဝတီ မြစ်ကြောင်းတစ်လျှောက် ရေကြီး ရေလျှံမှု ကာကွယ်ရေး အတွက် လေ့လာမှုနှင့် အကြံပြုချက်များသည် မြန်မာနိုင်ငံ အတွက် များစွာ အကျိုးရှိကြောင်း ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ဆိုသည်။

အဆိုပါ တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်များ၏ အကြံပြုချက်များ အရ ဧရာဝတီ မြစ်ကြောင်း ရေကြေီး ရေလျှံမှု ရေရှည် ကာကွယ်ရေး အစီအစဉ်ကို မြန်မာ ပညာရှင်များနှင့် ပူးပေါင်းကာ ရေးဆွဲမည် ဖြစ်ပြီး ယခုနှစ်အတွင်း အရေးပေါ် ဆောင်ရွက်မှု အဖြစ် လာမည့် မိုးရာသီ မတိုင်မီ ရေကြီး ရေလျှံမှုကြောင့် ပျက်စီးသွားသော နေရာ၊ အဆောက်အအုံများကို ပြုပြင် မွမ်းမံမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်များ အဖွဲ့များနှင့် တွေ့ဆုံနေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဒုတိယ သမ္မတ ဦးဉာဏ်ထွန်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် တရုတ် နိုင်ငံ ဆည်မြောင်း ပညာရှင်များ အဖွဲ့များနှင့် တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ယင်းသို့ ဆောင်ရွက်ရာတွင် တရုတ် နိုင်ငံ၏ အကူအညီများစွာကို မျှော်လင့်ထားပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုကို အမြန်ဆုံး လုပ်ဆောင်မည် ဖြစ်ကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ ပူးပေါင်းပြီး နည်းပညာများ ဖလှယ်ခြင်း၊ ပူးပေါင်းခြင်းတို့ကို ပိုမို ဆောင်ရွက်သင့်ကြောင်း၊ အဆိုပါ ဆောင်ရွက်ချက်သည် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမို ကောင်းမွန်စေကြောင်း ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ဆိုသည်။

တရုတ်နိုင်ငံမှ ရေအရင်း အမြစ်ဆိုင်ရာ ပညာရှင်များအဖွဲ့သည် မြန်မာနိုင်ငံတွင် အနာဂတ် ရေဘေး အန္တရာယ် ကာကွယ်ရေးနှင့် လယ်ယာ စိုက်ပျိုးမှု ထွန်းကားရေးကို အထောက်အကူပြုရန် အတွက် ဧရာဝတီ မြစ်ကြောင်း တလျှောက် ရေစီးဆင်းမှုနှင့် ရာသီဥတု ဆိုင်ရာ လက်ရှိ အခြေအနေများကို စေ့စပ်စွာ လေ့လာ စစ်ဆေးရန် အောက်တိုဘာ ၇ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းရှိ အဖျောက် ရေလမ်းကြောင်းနှင့် တာတမံသို့ သွားရောက်၍ စတင် လေ့လာ ခဲ့ကြ ပြီး ဆက်လက်၍ ဧရာဝတီတိုင်း ဒေသကြီး

Normal 0 false false false EN-US ZH-CN X-NONE အတွင်းရှိ ညောင်တုန်း ၊ ပန်းတနော် ၊ မြောင်းမြ ၊ ပုသိမ် ၊ ငသိုင်းချောင်း ၊ လေးမျက်နှာ ၊ ဟင်္သာတ မြို့နယ်များရှိ မြစ်ကြောင်း တစ်လျှောက်သို့လည်း သွားရောက် လေ့လာမှုများ ပြုလုပ်ခဲ့သည်။ (Xinhua)