Connect with us

Social

ရခိုင်ပြည်နယ် တည်ငြိမ်ရေးနှင့် ထူထောင်ရေးအတွက် တရုတ်နိုင်ငံက ကျပ်သန်းနှစ်ရာလှူ

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့  သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်းလျန်မှအမှာစကားပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးက လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနသို့ ယနေ့ နေ့လယ်တွင် ကျပ် သန်း နှစ်ရာ လှူဒါန်းခဲ့ ရာ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ရည်ရွယ် ပြီး လှူဒါန်းခြင်းဖြစ်သည်ဟု တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်းလျန်က ပြောသည်။

“မြန်မာနိုင်ငံအစိုးရရဲ့ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ပြည်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အတွက် အထောက်အကူ ဖြစ်ဖို့ ရည်ရွယ်ပါတယ်၊ ရခိုင်ပြည်နယ်မှာ ရှိတဲ့ လူမျိုးအားလုံးအတွက် ကူညီတာ ဖြစ်ပါတယ်၊ ပြီးခဲံ့တဲ့ သြဂုတ်လ ၂၅ ရက် ဖြစ်ရပ်ကြောင့် နေရပ် စွန့်ခွာသွားခဲ့ရတဲ့ ပြည်သူ တွေ အတွက် အခုလို လှူဒါန်းတာပါ” ဟု သံအမတ်ကြီးက ပြောခဲ့သည်။

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်းလျန်ကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံအစိုးရရဲ့ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ ပြည်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွက် အလှူငွေပေးအပ်ပွဲကျင်းပနေစဉ် (ဆင်ဟွာ)

ထို့အပြင် “မြန်မာ -တရုတ် နှစ်နိုင်ငံဟာ အိမ်နီးချင်းကောင်းတွေ ဖြစ်ကြ သလို ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးလည်း ရှိပါတယ်၊ ဒီလို ကူညီချင်းဟာ တရုတ်နိုင်ငံသူ နိုင်ငံသားတွေက မြန်မာ ပြည်သူ ပြည်သားတွေ အပေါ် ထားရှိတဲ့ မေတ္တာကို ဖော်ပြတာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံ အစိုးရရဲ့ လိုအပ်ချက် အရဆက်လက်ကူညီသွားမှာဖြစ်ပါတယ်၊နှစ်နိုင်ငံဟာတောတောင် ရေမြေချင်း ထိစပ်နေတဲ့ အိမ်နီး ချင်းတွေ ဖြစ်လို့ ရခိုင်ပြည်နယ် တည်ငြိမ်ရေးဟာ မြန်မာနိုင်ငံအတွက် အရေးကြီးသလို တရုတ် နိုင်ငံ အတွက်လည်း အရေး ကြီးပါတယ်” ဟုလည်း ပြောခဲ့သည်။

အဆိုပါ လှူဒါန်းငွေကို လက်ခံရယူသော လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည် နေရာချထား ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကျေးဇူးတင်စကား ပြောကြား ရာတွင် “အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ ပြန်လည် နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနဲ့ ဖွ ံ့ဖြိုးရေး လုပ်ငန်းတွေကို ဆက်ပြီး ဆောင် ရွက် ရပါမယ်၊ ဒီလုပ်ငန်းတွေက ကြီးမားလှပါတယ်၊ ဒီနေ့ လှူဒါန်းတဲ့ ငွေတွေကို ဒီလုပ်ငန်းစဉ်ကြီးတွေမှာ အကျိုးရှိစွာ အသုံးပြုသွားပါမယ်” ဟု ပြောခဲ့သည်။

အိမ်နီးချင်းနိုင်ငံအနေဖြင့် ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ကူညီခြင်းသည် နိုင်ငံတစ်နိုင်ငံ ရပ်တည်နိုင် ရေးအတွက်အင်အား တစ်ရပ်ဖြစ်ကြောင်း၊ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်မှုကို အရင်းခံပြီး လာ ရောက် လှူဒါန်းသည်ကို အလွန်ပဲ တန်ဖိုးထားပြီး လွန်စွာမှ အားရှိပါကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။ ထို့နောက် အလှူငွေများ လက်ခံရယူခြင်းနှင့် တရုတ်နိုင်ငံ သံအမတ်ကြီးအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.