Connect with us

Social

တရုတ် နိုင်ငံ ကောင်းယုံမြို့ နှင့် မြန်မာ နိုင်ငံ အကြား စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ် (၅) ခု လက်မှတ်ရေးထိုး

၂၀၁၈ ခုနှစ် တရုတ် နိုင်ငံ ကောင်းယုံမြို့ ထုတ်လုပ်မှု စွမ်းရည် နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲ အခမ်းအနားမြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် နိုင်ငံ ကောင်းယုံမြို့ ထုတ်လုပ်မှု စွမ်းရည် နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲ အခမ်းအနား အား နိုဝင်ဘာ ၃၀ ရက် ညနေပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ် တွင် ကျင်းပ ပြုလုပ်ခဲ့ပြီး စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီမှုစာချုပ် (၅) ခု အား လက်မှတ်ရေးထိုး နိုင်ခဲ့သည်။

အခမ်းအနား သို့ မြန်မာ နိုင်ငံ ကုန်သွယ်မှုမြင့်တင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နော်မှုသခါပေါ် ၊ UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး ၊ တရုတ် ကွန်မြူနစ်ပါတီ ကောင်းယုံမြို့ ကော်မတီ အတွင်းရေးမှူး ကုန်းဖုန်းချိန် (Gou Fengcheng) ၊ ကောင်းယုံမြို့ ဒုတိယ မြို့တော်ဝန် ဝမ်ယုံဟိုင်(Wang Yonghai) ၊ ကောင်းယုံမြို့ ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူး ကျန်းကော်ချွင်(Jiang Guoquan) နှင့် ကောင်းယုံမြို့ သက်ဆိုင်ရာ ဌာန အသီးသီး မှ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် လုပ်ငန်းရှင်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ယွီပြင်းကျန်း(Yu Bianjiang) ၊ မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ ကုန်သည်လုပ်ငန်းရှင်များ အသင်း (CECCM) ဥက္ကဋ္ဌ လျိုယင် (Liu Ying) ၊ မြန်မာ နိုင်ငံ အသင်းအဖွဲ့ အသီးသီး မှ ကိုယ်စားလှယ်များ ၊ လုပ်ငန်းရှင်များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

တရုတ် နိုင်ငံ ကောင်းယုံမြို့ နှင့် မြန်မာ နိုင်ငံ အကြား စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ်များ လက်မှတ်ရေးထိုးနေစဉ်(ဆင်ဟွာ)

အခမ်းအနား တွင် တရုတ် ကွန်မြူနစ်ပါတီ ကောင်းယုံမြို့ ကော်မတီ အတွင်းရေးမှူး ကုန်းဖုန်းချိန် က ကောင်းယုံမြို့ သည် တရုတ် နိုင်ငံ သမိုင်းကြောင်းတွင် ထင်ရှားသည့် မြို့ တစ်မြို့ ဖြစ်ပြီး ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်မြို့ တစ်မြို့ လည်းဖြစ်ကြောင်း ၊ ကောင်းယုံမြို့ တွင် တရုတ် နိုင်ငံ မှ ထိပ်တန်း နည်းပညာလုပ်ငန်း ကုမ္ပဏီပေါင်း ၂၀၀ ခန့်ရှိ ပြီး ကမ္ဘာ့အင်အား အကြီးဆုံး လုပ်ငန်း ၅၀၀ တွင် ပါဝင်သည့် လုပ်ငန်းများစွာလည်း တည်ရှိကြောင်း ၊ လက်ရှိချိန် က မြန်မာ နိုင်ငံ တွင် ပြုပြင်ပြောင်းလဲမှု များဆောင်ရွက်နေသည့် အရေးပါသည့် အချိန်အခါဖြစ်ပြီး အထူးသဖြင့် ရန်ကုန်မြို့ နှင့် ကောင်းယုံမြို့ အကြား ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် အခြေခံ နှင့် ကျယ်ပြန့်သည့် အနာဂတ် အလားအလာများ တည်ရှိနေကြောင်း ၊ တရုတ်-မြန်မာ မဟာဗျူဟာ ချိတ်ဆက်မှု နှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နောက်ခံအခြေအနေအောက်တွင် နှစ်ဘက် အတူတကွ ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှု တွင် အခွင့်အလမ်း နှင့် အောင်မြင်မှု များစွာ ရရှိနိုင်မည်ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် ကွန်မြူနစ်ပါတီ ကောင်းယုံမြို့ ကော်မတီ အတွင်းရေးမှူး ကုန်းဖုန်းချိန် (Gou Fengcheng) က မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ် ကွန်မြူနစ်ပါတီ ကောင်းယုံမြို့ ကော်မတီ အတွင်းရေးမှူး ကုန်းဖုန်းချိန် (Gou Fengcheng) က မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ကုန်သွယ်မှုမြင့်တင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နော်မှုသခါပေါ် က မြန်မာ နိုင်ငံ နှင့် ကောင်းယုံ မြို့ အကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အတွက် ကောင်းယုံ မြို့အား ပိုမို သိရှိစေမည့် ကုန်စည်ပြပွဲများ ၊ ပြခန်းများ၊ ကုန်သွယ်ရေးဆိုင်ရာ ဖလှယ်ခြင်းများ၊ နှစ်နိုင်ငံ ကုန်သွယ်ရေးဆိုင်ရာ တာဝန်ရှိသူများအချင်းချင်း တွေ့ဆုံဆွေးနွေးခြင်းများကို ပြုလုပ်စေလိုကြောင်း ၊ လက်မှုလုပ်ငန်းများ၊ လက်မှုအထည်အလိပ်လုပ်ငန်းများနဲ့ တိုင်းရင်းဆေးလုပ်ငန်း နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ များတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ၊ မြန်မာ နိုင်ငံ ပြည်တွင်း စီးပွားရေးလုပ်ငန်း များ နိုင်ငံတကာဈေးကွက်နဲ့ အချိတ်အဆက်မိနိုင်အောင် ကူညီပေးရန် တိုင်းဒေသကြီး နဲ့ ပြည်နယ် အသီးသီးတွင် (Myanmar Trade Centers) များ ဖွင့်လှစ် ပေးထားပြီး ပူးပေါင်းဆောင်ရွက်မှု မှ တစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် အကျိုးစီးပွား ပိုမို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ကုန်သွယ်မှုမြင့်တင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နော်မှုသခါပေါ် က မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ယွီပြင်းကျန်း က လတ်တလောနှစ်ပိုင်း အတွင်း တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး က အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး နှစ်နိုင်ငံ အဆင့်မြင့် အရာရှိအကြား အနီးကပ် ဆက်ဆံရေး တည်ရှိကြောင်း ၊ နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေခြင်းသည်လည်း နှစ်နိုင်ငံ လုပ်ငန်း ကုမ္ပဏီများ အတွက် ရင်းနှီးမြှုပ်နှံမှု နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ရန် ကောင်းမွန်သည့် အခြေအနေ နှင့် စီးပွားရေး အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ အစိုးရ က လှုမှုရေး နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် တိုးချဲ့ဆောင်ရွက်နေပြီး ရင်းနှီးမြှုပ်နှံမှုများ ကိုလည်း ဖိတ်ခေါ်နေကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့်လည်း ခေတ်သစ်ပိုးလမ်းမကြီး အတူတကွ တည်ဆောက်ရေး မှတစ်ဆင့် မြန်မာ နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် နှင့် ကောင်းမွန်စွာ ချိတ်ဆက်သွားကာ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု မှ ရရှိလာမည့် အကျိုးကျေးဇူးများကို မျှဝေသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ယွီပြင်းကျန်း(Yu Bianjiang) က မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ထို့နောက်တွင် UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ဆောင်ရွက်နေသည့် ကုန်သွယ်မှု ၊ ရင်နှီးမြှုပ်နှံမှု နှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ များအား ရှင်းလင်းတင်ပြပေးခဲ့ပြီး ကောင်းယုံမြို့ ဒုတိယ မြို့တော်ဝန် ဝမ်ယုံဟိုင် က ကောင်းယုံမြို့ စီးပွားရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေ နှင့် ပတ်သက်၍ ရှင်းလင်းမိတ်ဆက်ပေး ခဲ့သည်။

UMFCCI ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က ရှင်းလင်း မိတ်ဆက် ပြောကြားနေစဉ်(ဆင်ဟွာ)

ကောင်းယုံမြို့ ဒုတိယ မြို့တော်ဝန် ဝမ်ယုံဟိုင်(Wang Yonghai) က ရှင်းလင်း မိတ်ဆက် ပြောကြားနေစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် နိုင်ငံ ကောင်ယုံမြို့ ထုတ်လုပ်မှု စွမ်းရည် နှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲ အခမ်းအနား တွင် တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ အကြား အဆင့်မြင့် နည်းပညာ ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၊ အထည်အလိပ် နှင့် အထည်ချုပ် လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၊ ဒီဇယ်မီးစက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း ၊ လျှပ်စစ်ဝါယာကြိုး လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံကိန်း များ အတူတကွ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားရန် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.