Connect with us

Social

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းအတွက် ငွေကျပ်သိန်းပေါင်း ၁၀၅၀ တန်ဖိုးရှိသည့် စားသောက်ကုန်များ ပေးအပ်လှူဒါန်း

လှူဒါန်းပေးအပ်ပွဲအခမ်းအနားတွင် စုပေါင်းအမှတ်တရဓါတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၉ ရက်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းအတွက် ငွေကျပ်သိန်းပေါင်း ၁၀၅၀ တန်ဖိုးရှိသည့် စားသောက်ကုန်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့(နိုဝင်ဘာ ၂၉ ရက်)နံနက်ပိုင်းက မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွှန့်ညွှန့်သိန်းက မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းသည် စေတနာရှင်များ၏ အလှူငွေဖြင့် ရပ်တည်နေသည့်ကျောင်းဖြစ်သည်ဟု ဆိုလျှင်လည်းမမှားကြောင်း၊ ကျောင်းသားကျောင်းသူများထံမှ ကျောင်းလခနှင့်ထမင်းလခကို ကောက်ခံသည်ဆိုသော်လည်း ၅၀ ရာခိုင်နှုန်းသာ ရရှိသောကြောင့် အဆောင်နေ ကျောင်းသားကျောင်းသူဆရာဆရာမ စုစုပေါင်း(၂၆၀)၏ စားရေးသောက်ရေးအတွက် စိတ်ပူပန်နေရကြောင်း ၊သို့သော်လည်း ပြီးခဲ့သောနှစ် အောက်တိုဘာလမှစ၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့်တကွ တရုတ်ကုန်သည်ကြီးများအသင်းနှင့် ဆွေမျိုးပေါက်ဖော် တရုတ်နိုင်ငံသူ နိုင်ငံသားများက စေတနာအပြည့်အဝဖြင့် တစ်နှစ်စာ စားသောက်ကုန်များကို လှူဒါန်းပေးအပ် သည့်အတွက် စိတ်အေးချမ်းခဲ့ရကြောင်း ၊ လာမည့်ပညာသင်နှစ် (၂၀၁၉ ခုနှစ် – ၂၀၂၀ ခုနှစ်)တွင် တိုးပွားလာမည့် ကျောင်းသားကျောင်းသူအရေအတွက်ကို ခန့်မှန်းပြီး တွေးပူနေရကာ တရုတ်သံအမတ်ကြီးထံသို့ ကူညီနိုင်လျှင်ကူညီပေးပါအုံးဟု မရဲတရဲနှင့် မေတ္တာရပ်ခံသည့် အစီရင်ခံစာပေးပို့သည့်အခါတွင် သံအမတ်ကြီးက လာမည့်ပညာသင်နှစ်အတွက်လည်း ကူညီပေးမည်ဟု ချက်ချင်းအကြောင်းပြန် သည့်အတွက် မျက်ရည်လည်မိသည်အထိ ဝမ်းသာပီတိ ဖြစ်မိရကြောင်းနှင့် ယခုကဲ့သို့ တစ်နှစ်စာ သိန်းတစ်ထောင်ကျော်တန်ဖိုးရှိ စားသောက်ကုန်များအား ပေးအပ်လှူဒါန်းသည့်အတွက် အထူးပင် ကျေးဇူးတင်ရှိရပါကြောင်း ပြောကြားခဲ့သည်။

မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွှန့်ညွှန့်သိန်းမှ နှုတ်ခွန်းဆက်စကားပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး၏ဇနီး ဝမ်ရွှဲဟုန်(Wang Xue Hong)မှ အမှာစကားပြောကြားနေစဉ်(ဆင်ဟွာ)

City Mart မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး၏ဇနီး ဝမ်ရွှဲဟုန်(Wang Xue Hong) ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်း နှင့် City Mart မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့် တို့က လှူဒါန်းမှု နှင့် သက်ဆိုင်သော သဘောတူစာချုပ်အား လက်မှတ်ရေးထိုးနေစဉ် (ဆင်ဟွာ)

သံအမတ်ကြီး၏ဇနီး ဝမ်ရွှဲဟုန်(Wang Xue Hong)က ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်း ထံသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးအပ်နေစဉ်(ဆင်ဟွာ)

လှူဒါန်းပေးအပ်ပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

လှူဒါန်းပေးအပ်ပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

လှူဒါန်းပေးအပ်ပွဲ အခမ်းအနား မြင်ကွင်းအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး၏ဇနီး ဝမ်ရွှဲဟုန်(Wang Xue Hong)က မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်းသည် မြန်မာနိုင်ငံ နေရာအသီးအသီးမှ အကြားအာရုံချို့တဲ့သည့်ကလေးများကို အသိပညာအတတ်ပညာများ ပျိုးထောင်သင်ကြားပေးနေ သည့် ကျောင်းဖြစ်ရာ တရုတ်နိုင်ငံသံရုံး အနေဖြင့် ကျောင်းမှကလေးငယ်များအတွက် တတ်နိုင်သလောက် ကူညီပေးရသည့်အတွက် အထူးဝမ်းသာမိပါကြောင်း ၊ ယခုလိုလှူဒါန်းမှုလေး မှတစ်ဆင့် လူမှုအသိုင်းအဝိုင်းမှစေတနာရှင်များ၊ အဖွဲ့အစည်းများက လိုအပ်ချက်ရှိသည့် ယခုလို ကလေးငယ်များကို ပိုမိုအာရုံစိုက်နွေးထွေးမှုများပေးလာမည်၊ ကလေးငယ်များကလည်း ပျော်ပျော်ရွှင်ရွှင်နှင့်ကြီးပြင်းလာကာ လူအဖွဲ့အစည်းတွင် ထူးချွန်သည့် လူတော်လူကောင်းများ ဖြစ်လာမည်ဟု ယုံကြည်မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

City Mart မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့်ကလည်း အကြားအာရုံချို့တဲ့သည့် ကလေးငယ်များ၏အနာဂတ်ဖွံ့ဖြိုးမှုကို ရည်ရွယ်လှူဒါန်းသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မွန်မြတ်လှသည့်အလှူကို တစ်ထောင့်တစ်နေရာမှ ဒုတိယအကြိမ် ကူညီဆောင်ရွက်ခွင့်ရသည့် အတွက် အထူးဝမ်းသာမိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး၏ဇနီး ဝမ်ရွှဲဟုန်(Wang Xue Hong) ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်း နှင့် City Mart မှ အမှုဆောင်အရာရှိချုပ် ဒေါ်ဝင်းဝင်းတင့် တို့မှ လှူဒါန်းမှု နှင့် သက်ဆိုင်သော သဘောတူစာချုပ် အား လက်မှတ်ရေးထိုးခဲ့ကြပြီး သံအမတ်ကြီး၏ဇနီး ဝမ်ရွှဲဟုန်(Wang Xue Hong)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်သိန်း ထံသို့ လှူဒါန်းပစ္စည်းများ လွှဲပြောင်းပေးအပ်ကာ ကျောင်းသားကျောင်းသူလေးများမှ အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက် ကပြခဲ့ကြသည်။

ယခုအကြိမ်လှူဒါန်းမှုသည် ဒုတိယအကြိမ်လှူဒါန်းမှုဖြစ်ပြီး ပြီးခဲ့သောနှစ် နိုဝင်ဘာ ၁၄ ရက် ကလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကျပ်သိန်းပေါင်း ၆၀၀ တန်ဖိုးရှိသည့် စားသောက်ကုန်များအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.