Connect with us

Social

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း က မြန်မာ နိုင်ငံ အတွင်းရှိ ရေဘေးသင့် ပြည်သူများအား သွားရောက် ကူညီထောက်ပံ့

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဝမ်ကျားယွီ(Wang Jiayu) မှ ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် နေစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း က မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်း ရှိ ရေဘေးသင့် ပြည်သူများအား ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးအပ် လှူဒါန်းသည့် အခမ်းအနား ကို သြဂုတ်လ ၁၂ ရက် နံနက်ပိုင်း အချိန်တွင် ပေါင်မြို့နယ် မီးသတ်တပ်ဖွဲ့ ရုံး ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနား သို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူး ၊ ပေါင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဒုဦးစီးမှူး ဦးတင်ဝင်းမောင် ၊ ပေါင်မြို့နယ် မီးသတ် ဦးစီးမှူး ဦးစိုးကျော်သူ ၊ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ရေဘေးသင့် ကျေးရွာ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ တက်ရောက် ခဲ့ကြပြီး တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဝမ်ကျားယွီ(Wang Jiayu) နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များက ရေဘေးသင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ ထံသို့ ကူညီထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်း ပေးအပ် ခဲ့သည်။

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း နှင့် ပေါင်မြို့နယ် ရေဘေးသင့် ကျေးရွာ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ စုပေါင်း ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ပေါင်မြို့နယ် မီးသတ် ဦးစီးမှူး ၊ သဘာဝဘေး ရှာဖွေကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင် ဦးစိုးကျော်သူ က ဇူလိုင်လ ၂၉ ရက်နေ့ မှ စတင်၍ ပေါင်မြို့နယ် ကင်းရွာ တွင် ရေကြီး နစ်မြှုပ်မှု စတင် ဖြစ်ပွား ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ အနေဖြင့် ရေဘေးသင့် ဒေသ ရှိ ပြည်သူများအား ရေနှင့် ကင်းလွတ်ရာ ဒေသ သို့ ရွေ့ပြောင်း ပေးခဲ့ကြောင်း ၊ သြဂုတ်လ ၁၂ ရက် အချိန်ထိ ပေါင်မြို့နယ် ရှိ ကျေးရွာ ၆ ရွာ မှာ ရေဘေး သို့ ကျရောက်နေပြီး လူဦးရေပေါင်း ၂၀၀၀ ခန့် ရေဘေး သင့် ခဲ့ရကြောင်း ၊ တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း အနေဖြင့် ပေါင်မြို့နယ် ရေဘေးသင့် ဒုက္ခသည်များအား လာရောက် ကူညီထောက်ပံ့သည့် အတွက် များစွာ ကျေးဇူးတင်ရှိကြောင်း ၊ ယခု လာရောက် ကူညီထောက်ပံ့ပေးသည့် ပစ္စည်းများ မှာလည်း ရေဘေးသင့် ပြည်သူများ အတွက် များစွာ အသုံးဝင်သည့် ပစ္စည်းများ ဖြစ်သောကြောင့် ရေဘေးသင့် ပြည်သူများ ကိုယ်စား ကျေးဇူး တင်ရှိကြောင်း ဆင်ဟွာ သတင်းဌာန သို့ ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း မှ ကူညီထောက်ပံ့သည့် ပစ္စည်းများ သယ်ဆောင်လာသည့် ယာဉ်အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေးအပ်လှူဒါန်းပွဲ အခမ်းအနား အပြီးတွင် တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ဒေသတွင်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ က ပေါင်မြို့နယ် လက်ပံကျွန်း သဲကုန်းကျေးရွာ သို့ သွားရောက် ခဲ့ကြပြီး ရေဘေးသင့် ပြည်သူများ ထံသို့ ကူညီထောက်ပံ့ရေး ပစ္စည်းများ သွားရောက် ပေးအပ် ခဲ့ကြသည်။

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း က ပေါင်မြို့နယ် လက်ပံကျွန်း သဲကုန်းကျေးရွာ သို့ ကူညီထောက်ပံ့သည့် ပစ္စည်းများ သွားရောက် ပေးအပ်စဉ်(ဆင်ဟွာ)

လက်ပံကျွန်း သဲကုန်း ကျေးရွာ တွင် နေထိုင်သော အသက် ၄၉ နှစ်ရှိ ဒေါ်အေးသူ က ဆင်ဟွာ သတင်းဌာန သို့ ရေဘေး အား ယခု အကြိမ်တွင် စတင် ကြုံတွေ့ ခဲ့ရခြင်း ဖြစ်ပြီး ရေဘေးကြောင့် အိမ်များ ရေနစ်မြုပ်ခဲ့ရသဖြင့် များစွာ ဒုက္ခ ရောက်ခဲ့ရကြောင်း ၊ ရေဘေးကြောင့် လယ်ယာစိုက်မျိုးမှု နှင့် မွေးမြူမှု များ ဆုံးရှုံးခဲ့ရပြီး ကျန်းမာရေး အတွက်လည်း ဒုက္ခ ဖြစ်စေခဲ့ကြောင်း ၊ သို့သော် ကူညီထောက်ပံ့ရေး အဖွဲ့များ မှ လာရောက် ကူညီ ထောက်ပံ့ကြသည့် အတွက် အဆင်ပြေစေခဲ့ကြောင်း ၊ ယခု ကဲ့သို့ တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း မှ ကူညီထောက်ပံ့ရေး ပစ္စည်းများ လာရောက် ပေးအပ်သည့် အတွက် ကျေးဇူးတင်ဝမ်းမြောက်မိကြောင်း ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်း အတွက် မျိုးစပါး နှင့် စိုက်ပျိုးရေး လုပ်ငန်း သုံး ကိရိယာ များလည်း လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း က ပေါင်မြို့နယ် လက်ပံကျွန်း သဲကုန်းကျေးရွာသား များအား ကူညီထောက်ပံ့ရေး ပစ္စည်း ပေးအပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း က ပေါင်မြို့နယ် လက်ပံကျွန်း သဲကုန်းကျေးရွာသား များအား ကူညီထောက်ပံ့ရေး ပစ္စည်း ပေးအပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း က ပေါင်မြို့နယ် လက်ပံကျွန်း သဲကုန်းကျေးရွာသား များအား ကူညီထောက်ပံ့ရေး ပစ္စည်း ပေးအပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဝမ်ကျားယွီ(Wang Jiayu) မှ ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း နှင့် ပေါင်မြို့နယ် လက်ပံကျွန်း သဲကုန်းကျေးရွာသား များ စုပေါင်း ဓာတ်ပုံ ရိုက်ကူးနေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဝမ်ကျားယွီ က မြန်မာ နိုင်ငံ အတွင်း ရေဘေးဒုက္ခများ ဖြစ်ပွားနေကြောင်း သိရှိခဲ့ရပြီး နောက် ကုန်သည်ကြီးများ အသင်း တွင် ရေးဘေးကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် စုစည်းခဲ့ပြီး အသင်း အဖွဲ့ဝင် များမှလည်း တက်ကြွစွာ ပါဝင် ဆောင်ရွက် ခဲ့ကြကြောင်း ၊ တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း အနေဖြင့် မြန်မာ နိုင်ငံ ပြည်သူလူထုများ အပေါ် လွန်စွာ ချစ်ခင်ကြပြီး ဆက်လက်၍ ကူညီထောက်ပံ့မှုများ ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ယခု ကဲ့သို့ သဘာဝ ဘေးဒုက္ခရောက်သည့် မြန်မာ နိုင်ငံ ပြည်သူလူထု များထံသို့ ကိုယ်တိုင် ကူညီထောက်ပံ့ရေး ပစ္စည်းများ လာရောက် ပေးအပ်သည့် အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ ရိုးရာဆွေမျိုးပေါက်ဖော် ချစ်ကြည် ဆက်ဆံရေး ပိုမို နက်ရှိုင်းစေရန် အတွက် အထောက်အကူ ဖြစ်စေမည် ဟု ယူဆကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ဖူကျန့် ကုန်သည်ကြီးများ အသင်း က မြန်မာ နိုင်ငံ အတွင်း ပရဟိတ လုပ်ငန်းများ မကြာခဏ ဆောင်ရွက်လေ့ရှိပြီး သဘာဝဘေး များ အတွက် လှူဒါန်းခြင်း ၊ စာသင်ကျောင်းများ တည်ဆောက်လှူဒါန်းခြင်း နှင့် ကူညီထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခြင်း စသည့် ပရဟိတ လုပ်ငန်းများ ဆောင်ရွက်လေ့ရှိသည့် အသင်း တစ်ခု ဖြစ်ကြောင်း ၊ ယခု အကြိမ်တွင်လည်း ပေါင်မြို့နယ် အတွင်း ရှိ ရေဘေးသင့် အိမ်ထောင်စုပေါင်း ၅၅၀ အတွက် ကျပ် သိန်းတစ်ရာ ကျော် တန်ဖိုးရှိ ကူညီထောက်ပံ့ရေး ပစ္စည်းများ သွားရောက် လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)