Connect with us

Social

ရေဘေးသင့် ဒေသများ အတွက် တရုတ် နိုင်ငံ ကြက်ခြေနီ အသင်းမှ အမေရိကန် ဒေါ်လာ ၁ သိန်း လှူဒါန်း

တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့ လှူဒါန်းစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

ရေဘေးသင့် ဒေသများရှိ အများပြည်သူ အတွက် လူမှု ဂရုဏာ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အမေရိကန်ဒေါ်လာ တစ်သိန်းကို မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယနေ့သြဂုတ် ၁၃ ရက်တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း(ရန်ကုန် ရုံးခွဲ) သို့ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ် နိုင်ငံ နှင့် မြန်မာနိုင်ငံ တို့သည် ချစ်ကြည် ရင်းနှီးသော အိမ်နီးချင်း နိုင်ငံ ကောင်းများ ဖြစ်ကြပြီး နှစ်နိုင်ငံ ပြည်သူ လူထုကြားတွင် နက်ရှိုင်းလှသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ရှိသကဲ့သို့ အပြန်အလှန် ကူညီ စောင့်ရှောက်ကြသည့် မိတ်ဆွေကောင်းများ ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ ရေဘေး ကျရောက်သည့် အခါတွင် အစောဆုံး ကူညီခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခု တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကြက်ခြေနီ အသင်း၏ လှူဒါန်းငွေများက ရေဘေးသင့် ဒေသများတွင် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် အထောက်အကူ ပြုလိမ့်မည် ဖြစ်ကြောင်း ၊ ရေဘေးသင့် ပြည်သူများ အတွက် အခက်အခဲများ လျော့နည်းစေလိမ့်မည်ဟု မျှော်လင့်ကြောင်း ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနေဖြင့် လိုအပ်မည် ဆိုပါက ထပ်မံ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သံအမတ်ကြီး ထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်စဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက “တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် ကိုယ်တိုင် ရေဘေး ဒုက္ခပဲ ဖြစ်ဖြစ် ၊ တခြား ဘေးအန္တရာယ်တွေ ကျရောက်တိုင်း အတော်လေး စောစောစီးစီး လာလှူပါတယ်။ လှူတဲ့ အခါတိုင်းမှာလဲ ဘာမှ သိပ်ပြီး ကန့်သတ်ချက် မရှိပါဘူး။ ခုတခေါက်လဲ လိုအပ်တဲ့ နေရာမှာ လိုအပ်သလို သုံးပါလို့ပြောသွားပါတယ်။ အခုလိုမျိုး အလှူငွေတွေကို ထိခိုက် ခံစားရတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကို ပိုပြီး ဖြည့်ဆည်းနိုင်မှာ ဖြစ်တဲ့ အတွက် အများကြီးလဲ ဝမ်းသာပါတယ်။ကျေးဇူးတင်ပါတယ်။”ဟု ဆင်ဟွာသို့ပြောကြားခဲ့သည်။

ရေဘေး လှူဒါန်းမှု အပေါ် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရှင်းလင်း ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ ဒေါ်မြသူက လှူဒါန်းမှု နှင့် ပတ်သတ်၍ ပြန်လည် ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ကြက်ခြေနီ အသင်း ကိုယ်စား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီးက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်း(ရန်ကုန် ရုံးခွဲ) သို့ သွားရောက် လှူဒါန်းစဉ်(ဆင်ဟွာ)

ထိုနောက် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က တရုတ် နိုင်ငံ ကြက်ခြေနီအသင်း ကိုယ်စား လှူဒါန်းငွေ အမေရိကန် ဒေါ်လာ တစ်သိန်း ကို မြန်မာ နိုင်ငံ ကြက်ခြေနီ အသင်း ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မြသူ ထံသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီး တရုတ် နိုင်ငံ သံအမတ်ကြီး ထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာ ကို ပြန်လည် ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။

ယခု လှူဒါန်းခဲ့သည့် အလှူငွေများအား ရေဘေးသင့် ဒေသများရှိ ပြည်သူများ အတွက် လူမှု ဂရုဏာ အကူအညီများ ဆောင်ရွက်ပေးရာတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှ သိရသည်။တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ တစ်ဝန်းတွင် ဖြစ်ပွားခဲ့သော ရေဘေး ၊ ငလျင်ဘေး စသည် တို့ကြောင့် ထိခိုက် ခံစားရသူ ပြည်သူများ အတွက် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ဆောင်ရွက်ခဲ့သော လူမှု ဂရုဏာ အကူအညီများ အတွက် အလှူငွေများ လှူဒါန်းလေ့ ရှိပြီး ယခု လှူဒါန်းမှုသည် စတုတ္ထ အကြိမ် ဖြစ်ကြောင်း သိရသည်။(Xinhua)