Connect with us

Social

မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံရုံး က တရုတ် နိုင်ငံတွင် ပညာသင်ကြားခဲ့သော ပညာတော်သင် မြန်မာကျောင်းသားများ အတွက် ဘွဲ့ နှင်းသဘင် အခမ်းအနား ကျင်းပပြုလုပ်ပေး 

နိုင်ငံဆိုင်ရာတရုတ် နိုင်ငံစီးပွားရေးသံရုံးတွင် ကျင်းပပြုလုပ်သည့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပညာတော်သင်ဆု ရရှိခဲ့သည့် ကျောင်းသားများ အတွက် ဘွဲ့ နှင်းသဘင် အခမ်းအနား ကို မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ စီပွားရေး သံရုံး တွင် ဩဂုတ် ၁၀ ရက်က ကျင်းပ ပြုလုပ်ခဲ့ပြီး COVID-19 ကပ်ရောဂါ ဖြစ်ပွားမှု ကြောင့် တရုတ် နိုင်ငံ သို့ သွားရောက်၍ ဘွဲ့နှင်းသဘင် အခမ်းအနား မတက်ရောက် နိုင်သည့် မြန်မာ ပညာတော်သင် ကျောင်းသား/ကျောင်းသူ အချို့ ကို ဘွဲ့ လက်မှတ် များ အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဖွံ့ဖြိုးဆဲကမ္ဘာ့တောင်ပိုင်းနိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှု (South–South cooperation) နှင့် ဖွံ့ဖြိုးတိုးတက်ရေးကောလိပ် ၊ ပေကျင်းတက္ကသိုလ် ၊ ချင်းဟွာတက္ကသိုလ် ၊ ကျွန်းဆန်းတက္ကသိုလ် နှင့် တရုတ် နိုင်ငံရိန်မင်းတက္ကသိုလ် များက ပေးအပ်သောဘွဲ့နှင်းသဘင်အခမ်းအနားကို တရုတ် နိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၏ ပညာတော်သင်ဆုရရှိခဲ့သည့် မြန်မာကျောင်းသား/ကျောင်းသူများနှင့် ယင်းတို့၏ မိသားစုဝင်များတက်ရောက် ခဲ့ကြကြောင်းသိရသည်။

 မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ထန်ဆူးဖု က ဘွဲ့ ရရှိ ခဲ့သည့် မြန်မာ နိုင်ငံ ကျောင်းသား/သူ ၁၂ ဦး အား ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး COVID-19 ကပ်ရောဂါကြောင့် ကြုံတွေ့ခဲ့ရသော အခက်အခဲ နှင့် စိန်ခေါ်မှုများအား ရင်ဆိုင်ကျော်ဖြတ်ခဲ့သည့် ၎င်းတို့၏ စိတ်ဓါတ် ခွန်အားအပေါ် ချီးမွမ်းခဲ့ပြီး ထူးချွန်သည့် ရမှတ်များဖြင့် သက်ဆိုင်ရာ ဘာသာရပ်အသီးသီးတွင်  အောင်မြင်မှု ရရှိခဲ့ခြင်းအပေါ် ဂုဏ်ပြုခဲ့သည်.

မြန်မာနိုင်ငံဆိုင်ရာတရုတ် နိုင်ငံစီးပွားရေးသံရုံးတွင် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပပြုလုပ်နေစဉ် (ဆင်ဟွာ)

ထန်ဆူးဖု က တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ၏ မိတ်ဆွေကောင်း နိုင်ငံ ဖြစ်ပြီး အိမ်နီးချင်းကောင်း နိုင်ငံလည်း ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် မြန်မာ နိုင်ငံ လူ့စွမ်းအား အရင်းအမြစ် အပေါ် မြင့်မားစွာ အလေးထားပြီး ပွင့်လင်းစွာ ဖလှယ်မှု နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ် ခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ် နိုင်ငံစီးပွားရေးသံရုံးတွင် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပပြုလုပ်နေစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံ နေအုပ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးနေအုပ် က အခမ်းအနား တွင်  ဘက်စုံ ဖွံ့ဖြိုးတိုးတက် နေသည့် တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ လူငယ်များ အတွက် ပမာဏကြီးမား သည့် ပညာသင် ဆုများ ပေးအပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံမှ ပညာသင်ယူ၍ ပြန်လည် ရောက်ရှိလာသော ကျောင်းသား/သူ များ အနေဖြင့် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် သက်ရောက်မှု ဖြစ်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။ အခမ်းအနား တွင် မြန်မာ နိုင်ငံ ကျောင်းသား/သူ များကလည်း တရုတ် နိုင်ငံ သို့ ပညာတော်သင် သွားရောက် ခဲ့သည့် အတွေ့အကြုံများကို မျှဝေ ဖလှယ် ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ် နိုင်ငံစီးပွားရေးသံရုံးတွင် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပပြုလုပ်နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ် နိုင်ငံစီးပွားရေးသံရုံးတွင် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပပြုလုပ်နေစဉ် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာတရုတ် နိုင်ငံစီးပွားရေးသံမှူးထန်ဆူးဖု က မြန်မာကျောင်းသားများအားဘွဲ့လက်မှတ်ပေးအပ်နေစဉ် (ဆင်ဟွာ)

 

မြန်မာ နိုင်ငံဆိုင်ရာတရုတ် နိုင်ငံစီးပွားရေးသံမှူးထန်ဆူးဖု က မြန်မာကျောင်းသားများအားဘွဲ့လက်မှတ်ပေးအပ်နေစဉ် (ဆင်ဟွာ)

 

မြန်မာ နိုင်ငံဆိုင်ရာတရုတ် နိုင်ငံစီးပွားရေးသံမှူးထန်ဆူးဖု က မြန်မာကျောင်းသားများအားဘွဲ့လက်မှတ်ပေးအပ်နေစဉ် (ဆင်ဟွာ)

၂၀၁၅ ခုနှစ်မှ စတင်ကာ တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် မြန်မာ နိုင်ငံ မှ ကျောင်းသား/သူ များအား ပညာတော်သင်ဆု ပေးအပ်ခဲ့ပြီး လက်ရှိတွင်  မြန်မာ နိုင်ငံ ကျောင်းသား/သူ ၁၂၉ ဦး အား တရုတ် နိုင်ငံ သို့ ပညာတော်သင် ဆု ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ၊ ပညာတော်သင်ဆုရရှိသည့် ကျောင်းသား/သူ များ တွင် စိုက်ပျိုးရေး ၊ ဆေးဘက်ဆိုင်ရာ ၊ ကျန်းမာရေး ၊ ပညာရေး ၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နှင့် ကုန်သွယ်မှု ချောမွေ့ရေး စသည့် ကဏ္ဍ များမှ ပါဝင်ကြောင်း ၊  လက်ရှိ မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် ကဏ္ဍများမှ ကျောင်းသား/သူ များ ဖြစ်ကြကြောင်း ၊ မြန်မာ နိုင်ငံ ကျောင်းသား/သူ များအနေဖြင့် ပညာသင်ယူ ပြီးနောက် သက်ဆိုင်ရာ ကဏ္ဍများတွင် တာဝန် ထမ်းဆောင်ရာ၌  စီမံခန့်ခွဲမှု စွမ်းရည်ကို များစွာ မြှင့်တင် နိုင်မည် ဖြစ်ကြောင်း သိရသည်။  (Xinhua)