Connect with us

Social

တရုတ်-မြန်မာချစ်ကြည်ရေးစာသင်ကျောင်း၏ အားကစား ကွင်းသစ် ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို နေပြည်တော်တွင် ကျင်းပ

အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း အားကစားကွင်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်နေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ တည်ဆောက်ထားသော တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း ဖြစ်သော အမှတ် (၇) အခြေခံ ပညာ အထက်တန်းကျောင်း၏ အားကစား ကွင်းသစ် ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားကို ယနေ့( ဇွန်လ ၅ ရက်)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ သံမှူးတစ်ဦးဖြစ်သူ Ms.Li Xiao Yan ( ဒေါ်နွဲ့ကလျာ) က ကျောင်းတည်ဆောက်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ “လူငယ် ကျောင်းသူ ကျောင်းသားတွေဟာ နိုင်ငံ တစ်နိုင်ငံ လူမျိုး တစ်မျိုးအတွက် အနာဂတ် မျှော်လင့်ချက်ကြီး တစ်ခု ဖြစ်ရုံသာမက တရုတ် – မြန်မာ နှစ်နိုင်ငံအတွက် ချစ်ကြည်ရေး အနာဂတ်လည်း ဖြစ်ပါတယ်၊ ဆက်လက်ပြီး တရုတ် နိုင်ငံအစိုးရနဲ့ တရုတ်နိုင်ငံ သံရုံးက မြန်မာ နိုင်ငံရဲ့ အခြေခံပညာရေး ကဏ္ဍမှာ အဆက်မပြတ် ကူညီ ထောက်ပံ့ပေးပါမယ်” ဟု အခမ်းအနား အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောခဲ့ခြင်း ဖြစ်သည်။

ချစ်ကြည်ရေး ကမ္ပည်းမော်ကွန်း ကျောက်စာအား နံ့သာရည် ပက်ဖြန်းနေကြစဉ် (ဆင်ဟွာ)

တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း အားကစား ကွင်းသစ် ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ သံမှူး Ms. Li Xiao Yan (ဒေါ်နွဲ့ကလျာ) မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း အားကစား ကွင်းသစ် ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်သင်းသင်းအေး မိန့်ခွန်း ပြောကြား နေစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ မူလတန်းကျောင်းများနှင့် အလယ်တန်းကျောင်းများ အတွက် အခြေခံ အဆောက် အအုံများ ပိုမိုကောင်းမွန်လာစေရေး၊ သင်ကြားပို့ချမှု အဆင့်အတန်း ပိုမို မြှင့်တင် လာစေရေးနှင့် တရုတ် – မြန်မာ နှစ်နိုင်ငံ ချစ်ခင် ရင်းနှီးသည့် ဆက်ဆံရေး မျိုးစေ့ ဖြန့်ဖြူးပေး ရေး တို့အတွက် မိမိတို့ အတူတကွ ကြိုးပမ်း အားထုတ်ကြဖို့ အဆိုပြု ဆုတောင်းအပ် ပါကြောင်း၊ တရုတ်နိုင်ငံ အစိုးရနှင့် တရုတ်နိုင်ငံ သံရုံးတို့သည် ယခုကဲ့သို့ နှစ်နိုင်ငံ ချစ်ကြည်ရေး စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်းများ အပြင် တရုတ် – မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု ရန်ပုံငွေ တစ်ရပ်ကိုလည်း ချမှတ်ပေးထားကြောင်း၊ ယခု ဖွင့်လှစ်ပြီးသည့် ချစ်ကြည်ရေးကျောင်းများအနေဖြင့် ထိုပညာသင်ဆုငွေကို ဦးစားပေး ရရှိနိုင်ကြောင်း၊ ယင်းဆုငွေဖြင့် တရုတ်နိုင်ငံရှိ တက္ကသိုလ်များသို့ ပညာ ဆက်လက် သင်ယူနိုင်မှာ ဖြစ်ကြောင်း၊ လာမည့် ဇွန်လ (၈)ရက် ၊ ကြာသပတေးနေ့တွင် တရုတ် – မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနေ့နှင့် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး (၆၇) နှစ်ပြည့် ဂုဏ်ပြု ညစာ စားပွဲကို တရုတ်နိုင်ငံ သံရုံးက ကျင်းပမည် ဖြစ်ရာ ထိုညစာ စားပွဲတွင် တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်းများကို တရုတ် – မြန်မာ ချစ်ကြည်ရေး ပညာသင်ဆုငွေများ အပ်နှင်းမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း အားကစား ကွင်းသစ် ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားတွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်ညွန့်ရီက ကျေးဇူးတင်စကား ပြောကြား နေစဉ် (ဆင်ဟွာ)

အားကစားကွင်းသစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများအား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံရုံး၏ သံမှူး Ms. Li Xiao Yan (ဒေါ်နွဲ့ကလျာ) က ကျောင်းအုပ်ဆရာမကြီးထံသို့ လွှဲပြောင်း ပေးအပ်နေစဉ် (ဆင်ဟွာ)

ရွှေတောင် တိုးတက်ရေး ကုမ္ပဏီလီမိတက်(ဆောက်လုပ်ရေး) CEO ဦးအောင်သန်းက စာအုပ်နှင့် ဘောလ်ပင်များ လှူဒါန်းစဉ် (ဆင်ဟွာ)

တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း အားကစား ကွင်းသစ် ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း အားကစား ကွင်းသစ် ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားမြင်ကွင်း (ဆင်ဟွာ)

တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း အားကစား ကွင်းသစ် ဖွင့်ပွဲနှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနား ၌ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးနေစဉ် (ဆင်ဟွာ)

အမှတ်(၇) အစိုးရ အထက်တန်းကျောင်းသည် တရုတ်နိုင်ငံနှင့် တရုတ်သံရုံးတို့က ဆောက်လုပ်လှူဒါန်း ဖွင့်လှစ်ပြီးသော တရုတ် – မြန်မာ ချစ်ကြည်ရေး စာသင်ကျောင်း ၁၃ ကျောင်းအနက် ရှစ်ခုမြောက် စာသင်ကျောင်းဖြစ်ပြီး ယနေ့ဖွင့်လှစ် လွှဲပြောင်းပေးသည့် အားကစားကွင်းတွင် ဘောလုံးကွင်း ဘော်လီဘောကွင်း ၊ ဘတ်စကက်ဘောကွင်း၊ ပိုက်ကျော် ခြင်း ကွင်းနှင့် ကလေးကစားကွင်း တို့ပါဝင်ကာ တရုတ်နိုင်ငံသံရုံးက မြန်မာကျပ်ငွေ သန်း သုံးရာဖြင့် ဆောက်လုပ်လှူဒါန်းခြင်း ဖြစ်ကြောင်းသိရသည်။ (Xihua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117