Connect with us

Social

ယူနန်ပြည်နယ် အစိုးရက မြန်မာ နိုင်ငံရေဘေး နောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အထောက်အပံံ့ ပစ္စည်းများ ပေးအပ်

ယူနန်ပြည်နယ် အစိုးရမှ မြန်မာ နိုင်ငံရေဘေး နောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်း များအတွက် အထေက်အပံ့ ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနား ကျင်းပနေစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ယူနန်ပြည်နယ် အစိုးရ၏ မြန်မာ နိုင်ငံရေဘေး နောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အထောက်အပံံ့ ပစ္စည်းများ ပေးအပ် ခြင်းအခမ်းအနားကို ဒီဇင်ဘာ ၁၁ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး ယင်းအခမ်းအနားသို့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဟုန်လျန် နှင့် မြန်မာ နိုင်ငံ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင် တို့တက်ရောက်ခဲ့ကြသည်။

ယခု အကြိမ်လှူဒါန်းမှုတွင် တရုတ်ယွမ်ငွေ သန်း ၁၀၀ တန်းဖိုးရှိ ရေဘေး ကာလနောက်ပိုင်း ပြန်လည် ထူထောင်ရေးတွင် အသုံးပြုသွားရမည့် ပစ္စည်းများ ပါဝင်ကြောင်း နှင့် လှူဒါန်းမှုအတွက် တရုတ်နိုင်ငံသို့ ကျေးဇူးတင်ရှိကြောင်း အထောက်အပံံ့ ပစ္စည်းများ လက်ခံခဲ့ပြီး နောက်တွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီးကို ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ၌ သြဂုတ်လအတွင်း ရေဘေး ဒုက္ခ ကြုံတွေ့ခဲ့ရခြင်းကြောင့် တရုတ် နိုင်ငံ ယူနန် အစိုးရ မှ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများ အပြင် ရေဘေး ကာလနောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အတွက် ကူညီထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်းခဲ့သည်။ (Xinhua)