Connect with us

Social

မြစ်ဆုံဆည် စီမံကိန်းဧရိယာသို့မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး သွားရောက် လေ့လာ

မြစ်ဆုံဆည် စီမံကိန်း ဧရိယာသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အဖွဲ့ သွားရောက်လေ့လာနေစဉ်(ဆင်ဟွာ)

မြစ်ကြီးနား ၊ ဇွန် ၃ ရက်(ဆင်ဟွာ)

ကချင်ပြည်နယ်သို့ရောက်ရှိနေသော မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အဖွဲ့သည် မြစ်ဆုံဆည် စီမံကိန်း ဧရိယာသို့ယနေ့ဇွန်လ ၃ ရက်တွင် သွားရောက် လေ့လာခဲ့ကြသည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အဖွဲ့သည် ကချင်ပြည်နယ်ရှိ တရုတ် ကုမ္ပဏီများ ရင်းနှီးမြှ ုပ်နှံမှု ပြုလုပ်ထားသည့် မြစ်ဆုံဆည် စီမံကိန်း တည်ရှိရာ နေရာသို့သွားရောက်၍ ယခင် CPI ကုမ္ပဏီအား အမည်ပြောင်းလဲထားသည့် SPIC ကုမ္ပဏီ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ စီမံကိန်း နှင့် ပတ်သက်၍ လေ့လာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် မေခမြစ်နှင့် မလိခမြစ်တို့ပေါင်းဆုံသည့် မြစ်ဆုံ ဧရိယာသို့သွားရောက် လေ့လာခဲ့သည်။

မြစ်ဆုံဆည် စီမံကိန်း ပုံစံငယ်အား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အဖွဲ့မှ လေ့လာ ကြည့်ရှုနေစဉ်(ဆင်ဟွာ)

ထိုအတူ မြစ်ဆုံဆည် စီမံကိန်းကြောင့် ပြောင်းရွှေ့နေရာချထားပေးထားသည့် အောင်မြင်သာ စံပြ ကျေးရွာသို့သွားရောက်ခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံ တိုင်းရင်းသား ရွာသူရွာသားများက ကြိုဆိုခဲ့ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ကာ ဒေသခံ ရွာသူရွာသားများ အတွက် လျှပ်စစ်ဓာတ်အားဖြင့် အသုံးပြုနိုင်မည့် ရေနွေးဓာတ်ဗူးများ လှူဒါန်းခဲ့သည်။

မေခမြစ်နှင့် မလိခမြစ် ပေါင်းဆုံသည့် မြစ်ဆုံ ဧရိယာအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် အဖွဲ့ သွားရောက် လေ့လာစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ဤဒေသတွင် ရင်းနှီးမြှ ုပ်နှံမှုများ ပြုလုပ်သော တရုတ်ကုမ္ပဏီများ၏ ရည်ရွယ်ချက်မှာ ဒေသခံ ရွာသူရွာသားများ၏ စားဝတ်နေရေးကို မြှင့်တင်စေလိုခြင်း ဖြစ်ကြောင်း ၊ ယခုအခါတွင် ကျေးရွာ၌ လျှပ်စစ်မီး ရရှိသုံးစွဲနေကြပြီ ဖြစ်သကဲ့သို့သန့်ရှင်းသည့် သောက်သုံးရေ ရရှိရန် မျှော်လင့်ကြောင်း ၊ ကျေးရွာ၏ လိုအပ်ချက်များကို ကြိုးစား ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ပြည်သူလူထု၏ ဆန္ဒအတိုင်း ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ၊ ပူးပေါင်း ဆောင်ရွက်ရေးကို အားပေးနိုင်ရန် မျှော်လင့်ပါကြောင်း ဒေသခံ ရွာသူရွာသားများနှင့် ကျေးရွာရှိ စာသင်ကျောင်းခန်းမဆောင်၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက အောင်မြင်သာ စံပြ ကျေးရွာတွင် နေထိုင်သော ဒေသခံ တိုင်းရင်းသားနှင့် တွေ့ဆုံစဉ်(ဆင်ဟွာ)

ထိုနောက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အဖွဲ့သည် အောင်မြင်သာ စံပြ ကျေးရွာရှိ စာသင်ကျောင်း နှင့် ဆေးရုံသို့သွားရောက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသ ဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များအား လေ့လာဆွေးနွေးခဲ့ပြီး ကျေးရွာအတွင်းရှိ ဒေသခံများ လုပ်ကိုင်နေသည့် ဝါးတူစက်ရုံသို့သွားရောက် လေ့လာခဲ့သည်။

မြစ်ဆုံ ဧရိယာ အနီးရှိ စေတီပုထိုးအား မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဝင်ရောက် ဖူးမြော်စဉ်(ဆင်ဟွာ)

ထို့ပြင် အောင်မြင်သာ စံပြ ကျေးရွာ၌ နေထိုင်သည့် ဒေသခံ ရွာသားများ၏ နေအိမ်သို့လှည့်လည် ကြည့်ရှုပြီး ဒေသခံ ရွာသားများ၏ အခြေအနေ ၊ လိုအပ်ချက်များအပေါ် တွေ့ဆုံမေးမြန်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက အောင်မြင်သာ စံပြ ကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ရွာသူရွာသားများအတွက် အသုံးအဆောင် ပစ္စည်းများ ပေးအပ် လှူဒါန်းစဉ်(ဆင်ဟွာ)

အောင်မြင်သာ စံပြ ကျေးရွာရှိ ဝါးတူ စက်ရုံအား မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် အဖွဲ့ သွားရောက် လေ့လာစဉ်(ဆင်ဟွာ)

မြစ်ကြီးနားမြို့ရှိ မိဘမဲ့ ကလေးကျောင်းတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးနှင့် အဖွဲ့အား တိုင်းရင်းသား ကလေးငယ်များနှင့်အတူ တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် အဖွဲ့သည် မြစ်ဆုံဆည် စီမံကိန်း ဧရိယာသို့မသွားရောက်မီ ယနေ့နံနက်ပိုင်း အချိန်တွင် မြစ်ကြီးနားမြို့ရှိ မိဘမဲ့ကျောင်းများသို့သွားရောက်ပြီး တိုင်းရင်းသား ကလေးငယ်များနှင့် တွေ့ဆုံ၍ ကူညီ လှူဒါန်းမှုများ ပြုလုပ်သကဲ့သို့ကချင်ပြည်နယ် ဝန်ကြီးချုပ် ၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်လည်း ဒေသဖွံ့ဖြိုးရေး အခြေအနေများ အပေါ် တွေ့ဆုံဆွေးနွေးခဲ့သည်။(Xinhua)