Connect with us

Social

တရုတ်-မြန်မာ နှစ်နိုင်ငံ ဖောင်ဒေးရှင်းတို့ ပူးပေါင်း ဆောက်လုပ်လှူဒါန်းသော စာသင်ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ၊ ရေဖြူကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း စာသင်ကျောင်းဆောင်သစ် ဆိုင်းဘုတ်အား တာဝန်ရှိသူများက ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) နှင့် မြန်မာနိုင်ငံရှိ အလင်းရောင် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဆောက်လုပ်လှူဒါန်းသော ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ၊ ရေဖြူကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း စာသင်ကျောင်းဆောင်သစ်အား လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင် ၁၆ ရက်တွင် ယင်းစာသင်ကျောင်းဆောင်သစ်၌ ကျင်းပပြုလုပ်ခဲ့သည်။

ယခုလွှဲပြောင်းပေးအပ်သော ထန်းတပင်မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း စာသင်ကျောင်းဆောင်သစ်သည် တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) နှင့် မြန်မာနိုင်ငံ အလင်းရောင် ဖောင်ဒေးရှင်းတို့က ပူးပေါင်း၍ တည်ဆောက်ပေးသော ၁၈ ခုမြောက် ကျောင်းဆောင်တစ်ခု ဖြစ်ကြောင်း သိရသည်။ 

ရေဖြူကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း စာသင်ကျောင်းဆောင်သစ် လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို တွေ့ရစဉ်(ဆင်ဟွာ) 

လွဲပြောင်းပေးအပ်ပွဲ အခမ်းအနားတွင် အလင်းရောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ နေလင်းက “တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုးလမ်းမကြီး စီမံကိန်းအရ အစိတ်အပိုင်း တစ်ခု အနေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်း တစ်ခု ဖြစ်ပါတယ်။ တရုတ်နိုင်ငံ နဲ့ မြန်မာနိုင်ငံတို့ရဲ့ ဖောင်ဒေးရှင်း နှစ်ရပ်ရဲ့ အဓိက ဆောင်ရွက်နေတဲ့ ရည်ရွယ်ချက်ရဲ့ နံပါတ် ၁ က တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ခိုင်မြဲရေး ၊ နံပတ် ၂ အချက်က နှစ်နိုင်ငံ ငြိမ်းချမ်းစွာနဲ့ အတူယှဉ်တွဲနေထိုင်ရေး ၊ နံပါတ် ၃ အချက်က နှစ်နိုင်ငံ ပြည်သူလူထုအကြား အကျိုးစီးပွားများ အပြန်အလှန် အကူအညီပေးရေးတို့ ဖြစ်ပါတယ်။ အဲဒီ အခြေခံ အချက် ၃ ချက် အပေါ်မှာ မူတည်ပြီးတော့ နှစ်နိုင်ငံ ဖောင်ဒေးရှင်းတွေက ကျန်းမာရေး ကဏ္ဍ နဲ့ ပညာရေး ကဏ္ဍကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။နှစ်နိုင်ငံ ဖောင်ဒေးရှင်းက ဆက်လက်ပြီး ပြည်သူလူထုအတွက် အကျိုးရှိမယ့် စီမံကိန်း လုပ်ငန်းတွေ ပညာရေး ကဏ္ဍ ၊ ကျန်းမာရေး ကဏ္ဍ နဲ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာ စီမံကိန်းတွေကို ဆက်လက်ပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ”ဟု ပြောကြားခဲ့သည်။ 

စာသင်ကျောင်းဆောင်သစ် နှင့် ပတ်သတ်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်စဉ်(ဆင်ဟွာ) 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး သံမှူး မစ္စတာ လျင်ထောင်း(Lin Tao)က “အားလုံးရဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှုကြောင့် အနာဂတ်မှာ ပိုမိုများပြားတဲ့ တရုတ်-မြန်မာ ချစ်ကြည်ရေး စီမံကိန်း ဥပမာဆိုရင် ကျန်းမာရေး ၊ ပညာရေး စတဲ့ လုပ်ငန်းတွေမှာ ကောင်းမွန်အောင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ ၊ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဟာ အနာဂတ်မှာ ပိုမို ကောင်းမွန်မှာ ဖြစ်ပါတယ်။”ဟု အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

 ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ၊ ရေဖြူကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း စာသင်ကျောင်းဆောင်သစ်ရှေ့တွင် တာဝန်ရှိသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ) 

 ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ၊ ရေဖြူကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း စာသင်ကျောင်းဆောင်သစ်အား တွေ့ရစဉ်(ဆင်ဟွာ) 

တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) မြန်မာနိုင်ငံ ကိုယ်စားလှယ်ရုံး ညွှန်ကြားရေးမှူး မစ္စတာ ဝမ်ဒေးရှမ်(Wen Desheng) က “ကျွန်တော်တို့ဖောင်ဒေးရှင်းက မြန်မာနိုင်ငံမှာ ပရဟိတလုပ်ငန်းများတတ်နိုင်သလောက်  အထူးအလေးထားဆောင်ရွက်လျက်ရှိပါတယ်။ ၉ နှစ်ကြာကာလအတွင်းမှာ ဖောင်ဒေရှင်းအနေဖြင့်  ဒေါ်လာ ၄ သန်းခန့် ထည့်ဝင်ဆောင်ရွက်ခဲ့ပါတယ်။ တရုတ်-မြန်မာချစ်ကြည်ရေး နှစ် ၇၀ ပြည့်ကာလမှာ ယခုလိုကျောင်းဆောင် တည်ဆောက်နိုင်တဲ့အတွက်  ဝမ်းသာဖွယ် အမှတ်တရဖြစ်ပါတယ်။”ဟု အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထန်းတပင်မြို့နယ် ၊ ရေဖြူကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးမျိုးထက်အောင်က အ.မ.က(ရေဖြူ)ကျောင်း၌ ကျောင်းသားဦးရေ စုစုပေါင်း ၁၁၀ ဦးခန့် ရှိကြောင်း ၊ ကျောင်း၌ စာသင်ခန်း လိုအပ်မှု ရှိကြောင်း ၊ ယခုစာသင်ကျောင်းဆောင် ရရှိသည့် အတွက် လုံလောက်မှု ရှိပြီ ဖြစ်ကြောင်း ၊ ယခုလှူဒါန်းသည့် ကျောင်းဆောင်သစ်အား ယခုနှစ်တွင် စတင်အသုံးပြုသွားမည် ဖြစ်ကြောင်း ၊ ယခုကဲ့သို့ တရုတ်နိုင်ငံက ပညာရေး ၊ ကျန်းမာရေး လာရောက်ကူညီသည့် အတွက် တရုတ်-မြန်မာ ချစ်ကြည်ရေး ယခုထက် ပို၍ ခိုင်မြဲမည်ဟု ထင်ပါကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (CFPD) နှင့် မြန်မာနိုင်ငံရှိ အလင်းရောင် ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ကျန်းမာရေးကဏ္ဍတွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ မျက်စိအတွင်းတိမ် လူနာ တစ်သောင်းကျော်အား ခွဲစိတ်ပေးခဲ့ပြီး ပညာရေး ကဏ္ဍတွင် ၂၀၁၆ ခုနှစ်မှ ယခု အချိန်အထိ စာသင်ကျောင်းများ ဆောက်လုပ် လှူဒါန်းပေးလျက် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117