Connect with us

Social

ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပ

ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည့် ဒုတိယ အကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ အောင်မြင်မှု များ နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ အနာဂတ် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေး ဖလှယ်မှု များ ပြုလုပ်ခဲ့ကြသည့် ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေး ပွဲအား ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီးအိမ်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ပြီးခဲ့သည့် နှစ်ကာလများ အတွင်း တရုတ်-မြန်မာ ဆက်ဆံရေး အင်မတန် ကောင်းမွန်သည်ကို ဝမ်းမြောက်ဝမ်းသာ တွေ့မြင်ရကြောင်း ၊ နှစ်နိုင်ငံ ပြည်သူပြည်သားများ အကြား ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပို၍ ခိုင်မာလာကြောင်း ၊ တရုတ်-မြန်မာ မီဒီယာများက နှစ်နိုင်ငံ ပြည်သူပြည်သားများ အကြား သိနားလည်မှု တိုးမြှင့်ရေး အတွက် ၊ နှစ်နိုင်ငံ ဆက်ဆံရေး ၊ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေး တို့အတွက် ကြိုးပမ်း ဆောင်ရွက်မှုကို ချီးကျူး ကျေးဇူးတင်လိုကြောင်း ပြောကြားခဲ့သည်။

ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေးပွဲ မြင်ကွင်းများ(ဆင်ဟွာ)

အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်ကို တရုတ်-မြန်မာ မီဒီယာများမှ တာဝန်ရှိသူများက သိလိုသည်များအား မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။ဒီလှိုင်း ဂျာနယ်၏ အယ်ဒီတာချုပ် မုံရွှာ အောင်ရှင်(ခ) ဦးအေးကြူက မြန်မာနိုင်ငံ၌ တရုတ် နိုင်ငံ သံအမတ်ကြီး တာဝန် ထမ်းဆောင်စဉ် တရုတ်-မြန်မာ ချစ်ကြည်ရေး ကောင်းမွန်ရေး အတွက် လုပ်ဆောင်ချက် များစွာ ကိုလည်း အသိအမှတ်ပြုပါကြောင်း ၊ မြန်မာနိုင်ငံ မီဒီယာများ နှင့် တွေ့ဆုံဆက်ဆံရေးတို့တွင် များစွာ အကျွမ်းတဝင် ဖြစ်သည့် အတွက်လည်း အသိအမှတ် ပြုပါကြောင်း ၊ တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံတို့၏ ဆက်ဆံရေးကို ချစ်ကြည်ရေး ကောင်းမွန်စေရေး အတွက် ဆက်လက် ကြိုးစားမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ နှင့် တရုတ် နိုင်ငံ တို့ပူးပေါင်း ဆောင်ရွက်နေသည့် ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ် ပိုးလမ်းမကြီး) နှင့် တရုတ်-မြန်မာ စီးပွားရေး စြင်္က ံအကောင်အထည် ဖော်ရေး တို့အတွက် အောင်မြင်အောင် ဆက်လက် ကြိုးစားသွားမည် ဖြစ်ကြောင်း တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေးပွဲ မြင်ကွင်းများ(ဆင်ဟွာ)

တရုတ်-မြန်မာ ဆက်ဆံရေး ၊ ပူးပေါင်း ဆောင်ရွက်မှုများ အခြေအနေများ အပေါ် ဆင်ဟွာ သတင်းဌာန၏ မေးမြန်းမှုအား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးသည် မဟာ ဗျူဟာမြောက် ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဘက် ဆက်ဆံရေး ဖြစ်သည်ကို နှစ်ဦးနှစ်ဘက် သဘောတူညီမှု ရရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံ အကြားတွင် ဘက်စုံ ထောင့်စုံ ပူးပေါင်း ဆောင်ရွက်ရေး လုပ်ဆောင်နေကြောင်း ၊ ဆက်ဆံရေးတွင် မဟာ ဗျူဟာမြောက် ဆိုပါက နှစ်နိုင်ငံ ရေရှည် အကျိုးစီးပွားကို ရှေးရှုခြင်း ဖြစ်ကြောင်း ၊ ထိုကြောင့် ရေတို အကျိုးစီးပွားကို မကြည့်ဘဲ ရေရှည် အကျိုးစီးပွားကို ကြည့်ရန် လိုကြောင်း ၊ ပူးပေါင်း ဆောင်ရွက်ရေးတွင် နှစ်ဦးနှစ်ဘက် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်ပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ ထို့ပြင် ဆက်ဆံရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများ ၊ ပြဿနာများကို ပြေလည်အောင် ဖြေရှင်းရေး အတွက် ပူးပေါင်း ဆောင်ရွက်သည့် နည်းလမ်းဖြင့် ဖြေရှင်း သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေးပွဲ မြင်ကွင်းများ(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ် ပိုးလမ်းမကြီး) ပူးပေါင်း ဆောင်ရွက်ရေး မူဘောင်အောက်တွင် မြန်မာနိုင်ငံ ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ကိစ္စ ၊ မြန်မာနိုင်ငံ လူမှုရေး ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စ ၊ မြန်မာနိုင်ငံ စည်ပင် သာယာ ဝပြောရေး ကိစ္စ အပေါ် နှစ်ဦးနှစ်ဘက် နီးနီးကပ်ကပ် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံက မိမိ နိုင်ငံ အခြေအနေ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်း အတိုင်း ဆက်လက် တိုးတက်ရန် ထောက်ခံ အားပေးပါကြောင်း ၊ နှစ်ဦးနှစ်ဘက်က ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ် ပိုးလမ်းမကြီး)ကို ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ နှင့် ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ် အောင်မြင်မှု ရရှိနိုင်ရန် အထောက်အကူ ပြုနိုင်ရန် မျှော်လင့်ပါကြောင်း ၊ နှစ်ဦးနှစ်ဘက်က ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ် ပိုးလမ်းမကြီး)ကို ပူးပေါင်း ဆောင်ရွက်ခြင်း အားဖြင့် နှစ်နိုင်ငံ မဟာ ဗျူဟာမြောက် ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး မိတ်ဘက် ဆက်ဆံရေးကို ပို၍ ပြည့်၀ စေနိုင်မည်ဟု အပြည့်အ၀ ယုံကြည်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေးပွဲ မြင်ကွင်းများ(ဆင်ဟွာ)

ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေး အပြီး စုပေါင်း မှတ်တမ်းတင် ရိုက်ကူးမှုအား တွေ့ရစဉ်(ဆင်ဟွာ)

သံအမတ်ကြီး မစ္စတာ ဟုန်လျန်က ယခုအခါ မြန်မာနိုင်ငံ၌ ဒီမိုကရေစီ နှင့် ပြုပြင် ပြောင်းလဲရေး အတွက် အရေးကြီးသည့် အချိန်ကာလ ရောက်ရှိနေကြောင်း ၊ တရုတ် နိုင်ငံ၏ အတွေ့အကြုံအရ နိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးကြီးဆုံး အချက်မှာ ပြည်တွင်း၌ နိုင်ငံရေး အခြေအနေ တည်ငြိမ်မှု ရရှိရန် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံရှိ နိုင်ငံရေး ပါတီ အသီးသီး ၊ နိုင်ငံရေး အင်အားစု အသီးသီးက နိုင်ငံ၏ အကျိုးစီးပွားကို ရှေးရှုပြီး စည်းလုံး ညီညွှတ်မှု ရရှိပြီး ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းပါကြောင်း ၊ မိမိ နိုင်ငံ တည်ငြိမ်ရေး ရရှိပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရန် ဝိုင်းဝန်း ကူညီ ဆောင်ရွက်မည်ဟု အမြဲတမ်း တိုက်တွန်းနေကြောင်း ၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုး အားလုံးက စည်းလုံး ညီညွှတ်မှု ရှိပြီး ပြန်လည် သင့်မြတ်ရေး လုပ်ငန်းသည် အရေးကြီးကြောင်း ၊ ထိုကြောင့် မြန်မာနိုင်ငံ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို တရုတ် နိုင်ငံဘက်က တက်တက်ကြွကြွ ကူညီ ဆောင်ရွက်ပေးနေပြီး အပြုသဘော ရှိသည့် အခန်းကဏ္ဍက ပါဝင်ကာ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အောင်မြင်မှု ရရှိနိုင်မည် ဆိုပါက မြန်မာနိုင်ငံ တိုင်းရင်းသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းကို အောင်မြင်မှု ရရှိနိုင်မည်ဟု ယူဆပါကြောင်း ၊ ထို့အပြင် မြန်မာနိုင်ငံ၌ အရေးကြီးသော ကိစ္စ တစ်ရပ်မှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး လုပ်ငန်း ဖြစ်ကြောင်း တွေ့ဆုံ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့ကြောင့် တရုတ် နိုင်ငံက မြန်မာ မိတ်ဆွေများနှင့် ပူးပေါင်း၍ ရပ်ဝန်း နှင့် ပိုးလမ်းမ အဆိုပြုချက် (ခေတ်သစ် ပိုးလမ်းမကြီး)ကို ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် အဆိုပါ လုပ်ငန်းများ အပေါ် တရုတ်နိုင်ငံဘက်က တတ်နိုင်သမျှ ကူညီပေးချင်ပါကြောင်း ၊ မြန်မာနိုင်ငံတွင် အောင်မြင်မှု ရရှိနိုင်မည် ဆိုပါက တရုတ်-မြန်မာ ချစ်ကြည်ရေးကို ပို၍ တိုးတက် ခိုင်မာလာမည်ဟု အပြည့်အ၀ ယုံကြည်ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ပထမအကြိမ် တရုတ်-မြန်မာ မီဒီယာ လက်ဖက်ရည်ဝိုင်း တွေ့ဆုံ ဆွေးနွေး ပွဲသို့ တရုတ်-မြန်မာ မီဒီယာများ ဖြစ်ကြသည့် ဆင်ဟွာ သတင်းဋ္ဌာန (ရန်ကုန်ဗျူရို) ၊ Yangon Bureau of China Radio International ၊ Guangming Daily Yangon Bureau ၊ Yunnan Media Group Myanmar office နှင့် Yunnan Daily ၊ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း ၊ Forever Group ၊ ဒီလှိုင်း ၊ ကြေးမုံ ၊ ရန်ကုန်တိုင်းမ် ၊ မြန်မာတိုင်းမ် ၊ Democracy Today ၊ Myawaddy ၊ The Voice ၊ 7Day ၊ Mizzima ၊ ရွှေဇာမဏီ ၊ The Northern Light စသည့် မီဒီယာများမှ တာဝန်ရှိသူများ ပါဝင် တက်ရောက် ခဲ့ကြသည်။(Xinhua)