Connect with us

Social

တရုတ် သမ္မတ ရှီကျင့်ဖိန်၏ စာအုပ်များ ပြန်ကြားရေးသို့ လှူဒါန်း

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Hong Liang က စာအုပ်များ လှူဒါန်းရခြင်းအကြောင်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ဂ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီး မစ္စတာ ရှီကျင့်ဖိန် ရေးသားသည့် “The Governance of China” စာအုပ် ၄၅၆ အုပ်ကို ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး Mr. Hong Liang က ယနေ့ နေ့လယ်၌ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် တရုတ်နိုင်ငံ သံရုံး ကိုယ်စား ပေးအပ်လှူဒါန်းခဲ့သည်။

သံအမတ်ကြီး Mr. Hong Liang က “သမ္မတကြီး ရှီ ရေးသားတဲ့ ဒီ စာအုပ်ထဲမှာ တရုတ်နိုင်ငံရဲ့ အနာဂတ် စီးပွား ဖွံ့ဖြိုးတက်ရေး လမ်းကြောင်းကို ကောင်းစွာ ဖော်ပြထားပါတယ်၊ နိုင်ငံံ့ စီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကောင်းမွန်တဲ့ ရည်မှန်းချက်တွေကိုလည်း ချမှတ်ပေးထားပါတယ်၊ အိမ်နီးချင်း နိုင်ငံများနဲ့ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေး မူဝါဒတွေလည်း ပါပါတယ်၊ One belt one road ပူးပေါင်း ဆောင်ရွက်ရာမှာ နိုင်ငံအားလုံးက တူညီတဲ့ ဖွံ့ဖြိုး တိုးတက်မှု ရရှိဖို့ လိုအပ်ပါတယ်၊ တရုတ်နိုင်ငံ အနေနဲ့ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို မိတ်ဆွေ နိုင်ငံတွေကို မျှဝေလိုပါတယ်၊ ဒီစာအုပ်ကို မြန်မာ မိတ်ဆွေများ ဖတ်ရှုခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မူဝါဒတွေ၊ အတွေ့ အကြုံ တွေကို ပိုမို သိမြင် နားလည်လာနိုင်မယ်လို့ ကျွန်တော်ပြောလိုပါတယ်၊ မြန်မာမိတ်ဆွေတို့က မိမိနိုင်ငံ အခြေအနေနဲ့ ကိုက်ညီမယ့် စီးပွား ဖွံ့ဖြိုး တိုးတက်ရေး လမ်းကြောင်းကို ရှာဖွေဖို့အတွက် ဒီစာအုပ် က အထောက်အကူပြုနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်၊ နောက်ပြီး one belt one road ကို ပူးပေါင်းဆောင်ရွက်ရာမှာလည်း ဒီစာအုပ်က အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောကြားခဲ့သည်။

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ကျေးဇူးတင်စကား ပြောကြားစဉ်( ဆင်ဟွာ)ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်က ကျေးဇူးတင်စကား ပြောကြားစဉ်( ဆင်ဟွာ)

တရုတ် သမ္မတ ရှီကျင့်ဖျင်၏ စာအုပ်များ ပြန်ကြားရေးသို့ လှူဒါန်းနေစဉ် (ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား ဂုဏ်ပြုလွှာ ပေးအပ်စဉ် (ဆင်ဟွာ)

စာအုပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ်နေစဉ် (ဆင်ဟွာ)

စာအုပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်က ကျေးဇူးတင်စကား ပြောကြားရာ တွင် “ ဒီစာအုပ်မှာ တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေး နည်းလမ်းတွေကို ဖော်ပြထားတာ တွေ့ရပါတယ်၊ စီးပွားရေး နိုင်ငံရေးတွေမှာ ဆက်လက်ဖွံ့ဖြိုး တိုးတက်ပြီး ကမ္ဘာမှာ ထိပ်ဆုံးရောက်ဖို့ ဆက်လက် ဆောင်ရွက် သွား မယ့် အစီအစဉ်တွေကို ကျကျနန စဉ်းစား သုံးသပ်ပြီး ရေးထားတာ တွေ့ရပါတယ်၊ ဒီစာအုပ်ဟာ အင်မတန်မှ တန်ဖိုးရှိတဲ့ စာအုပ် ဖြစ်ပါတယ်၊ လက်တွေ့ အသုံးချနိုင်တဲ့ နိုင်ငံရေးကျမ်း တစ်စောင်လို တန်ဖိုးရှိပါတယ်” ဟု ထည့်သွင်း ပြောကြားခဲ့ပြီး ထိုစာအုပ်များကို ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန အောက်ရှိ နိုင်ငံ အနှံ့မှ စာကြည့်တိုက်ပေါင်း ၄၀၀ ကျော်တို့သို့ အရောက်ပေးပို့ သွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အဖိုးတန် စာအုပ် လက်ခံရရှိသဖြင့် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူတို့ စာဖတ်အား မြင့်မားလာစေ ရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ နယ်လှည့်ယာဉ်များဖြင့် ကျေးလက်များအထိ စာအုပ်များ ပို့ဆောင်သည့် အစီအစဉ်များလည်း ပါဝင်ကြောင်း၊ ထိုအစီအစဉ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနေဖြင့် ပါဝင်ဆောင်ရွက်ပေးခြင်းဖြင့် ကူညီလိုပါက ကူညီနိုင်ပါကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောကြားခဲ့သည်။ ထို့နောက် စာအုပ်များ ပေးလှူခြင်း၊ ဂုဏ်ပြု မှတ်တမ်း လွှာ ပြန်လည်ပေးအပ်ခြင်းများ ဆက်လက် ဆေင်ရွက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.