Connect with us

Social

မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်မှ အပြန်အလှန်နားလည်မှုနှင့်အတူဖွံ့ဖြိုးမှုကို အတူလက်တွဲလျှောက်လှမ်းမည်

တတိယအကြိမ်မြောက် မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်တွင် ပါဝင်ဆွေးနွေးသောပညာရှင်များ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂၁ ရက်(ဆင်ဟွာ)

တတိယအကြိမ်မြောက် မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်ကို မေ ၂၁ ရက်က ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် ကျင်းပခဲ့သည်။

အဆိုပါ ဆွေးနွေးမှုဖိုရမ်ကို မြန်မာနိုင်ငံဘက်မှ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့(MISIS)၊ မဟာဗျူဟာနှင့် နိုင်ငံတကာ သုတေသနစင်တာ (CSIS)၊ Yangon Heritage Trust၊ တန်ပဒီပ အင်စတီကျု၊ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့(TISS)၊ ဦးနု-ဒေါ်မြရီ ဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ လမ်းပန်းဆက်သွယ်ရေးနှင့်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေး၊ ဆည်မြောင်းနှင့် မွေးမြူရေးဝန်ကြီးဌာန၊ မန္တလေးတက္ကသိုလ်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း စသည်တို့မှ ပညာရှင် ၄၀ ခန့် ပါဝင်တက်ရောက်ခဲ့ကြသလို တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ ယူနန်ပြည်နယ် လူမှုသိပ္ပံသုတေသနအကယ်ဒမီ ၊ ကူမင်း တောင်အာရှ အရှေ့တောင်အာရှ သုတေသနဌာန ၊ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲကော်မတီအစိုးရ ၊ တရုတ်လူမှုသိပ္ပံအကယ်ဒမီ ၊ စီချွန်းတက္ကသိုလ်၊ ယူနန်တက္ကသိုလ်၊ မြန်မာနိုင်ငံရှိ တက်ဟုန်းကုန် သည်ကြီးများအသင်း ၊တရုတ်ယဉ်ကျေးမှုစင်တာစသည့်တို့မှ ကိုယ်စားလှယ်နှင့်ပညာရှင် ၄၀ ခန့် ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။

တတိယအကြိမ်မြောက် မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်ကျင်းပနေစဉ်(ဆင်ဟွာ)

“ရပ်ဝန်းနှင့်ပိုးလမ်းမ ၊ တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်တည်ဆေက်မှု”ဟူသော ဆွေးနွေးမှုဖိုရမ်၏ ခေါင်းစဉ်အောက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံပညာရှင်များက စီးပွားရေး ပူးပေါင်း ဆောင်ရွက် မှုနှင့်နယ်စပ်ကုန်သွယ်ရေး ၊ ပြည်သူချင်း စိတ်ချင်းဆက်နွယ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နယ်စပ်ဖြတ်ကျော် တိုင်းရင်းသားများ လူမှုအသိုက်အဝန်း ဖလှယ်ရေးဟူ၍ ကဏ္ဍလေးရပ်ခွဲကာ အသေးစိတ် ရင်းနှီးဖလှယ် ဆွေးနွေးခဲ့ကြသည်။

တတိယအကြိမ်မြောက် မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်ကျင်းပနေစဉ်(ဆင်ဟွာ)

ဆွေးနွေးမှုဖိုရမ်ဖွင့်ပွဲ အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ မဟာဗျူဟာနှင့်နိုင်ငံ တကာလေ့လာရေးအဖွဲ့(MISIS)ဥက္ကဋ္ဌ ဦးညွှန့်မောင်ရှိန်က တရုတ်-မြန်မာနှစ်နိုင်ငံအကြား ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်တည်ဆောက်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးပြီးဖြစ်ရာ အကျိုးဖြစ်ထွန်းမည့် စီမံကိန်းများကို ကောင်းမွန်စွာအကောင်အထည်ဖော်ရန် စိန်ခေါ်မှုများအပါအဝင်အခွင့် အလမ်းများကို များစွာဆွေးနွေးရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

တတိယအကြိမ်မြောက် မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်ကျင်းပနေစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ သံမှူးကြီး လီရှောင်ရန့်ကလည်း တရုတ်-မြန်မာနှစ်နိုင်ငံသည် ရပ်ဝန်းနှင့်ပိုးလမ်းမအတူလက်တွဲတည်ဆောက်မှု၊ တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်တည်ဆောက်မှုတွင် နှစ်နိုင်ငံပညာရှင်အဖွဲ့ဆွေးနွေးမှုမှာ အတွေးအခေါ်အယူအဆနှင့်မူဝါဒများကို သိရှိနားလည်စေရန်နှင့်ပြည်သူချင်းစိတ်ချင်းဆက်နွယ်စေရန် အချက်အချာကျသည့် ပေါင်းကူးပေးသည့်တံတား သဖွယ်ဖြစ်ရာ အထူးအရေးကြီးပါကြောင်း ၊ ယခု ဆွေးနွေးမှုမှတစ်ဆင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက်၏ဖွံ့ဖြိုးမှုအနာဂတ်အလားအလာကောင်းများကို အများ ပိုမိုသိရှိနားလည်နိုင်စေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တတိယအကြိမ်မြောက် မြန်မာ-တရုတ် ပညာရှင်အဖွဲ့ အဆင့်မြင့်ဖိုရမ်ကျင်းပနေစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ ပညာရှင်အဖွဲ့ အဆင့်မြင့်ဆွေးနွေးမှုဖိုရမ်သည် နှစ်နိုင်ငံ ပညာရှင်အဖွဲ့များ အကြား အပြန်အလှန်နားလည်မှုနှင့်ယုံကြည်မှုကို တိုးမြှင့်ရာ နှီးနှောဖလှယ်ဆွေးနွေးရာ ပူးပေါင်းဆောင်ရွက်ရာ ပထမ ပလက်ဖောင်း ဖြစ်ပြီး ၂၀၁၇ခုနှစ်၊၂၀၁၈ခုနှစ်တို့တွင် တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ မန်စီမြို့၌နှစ်ကြိမ်တိုင်တိုင်အောင်မြင်စွာကျင်းပပြီး ဖြစ်ကြောင်း သိရသည်။

ယခု မြန်မာနိုင်ငံတွင် ကျင်းပသည့် တတိယအကြိမ်မြောက် မြန်မာ-တရုတ်ဆွေးနွေးမှု ဖိုရမ်သည် တရုတ်-မြန်မာ နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသည့် သဘောတူညီချက်နှင့် ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့်ပိုးလမ်းမ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖိုရမ်၏ရလဒ်များကို အခြေခံထား၍ အကောင်အထည်ဖော်ရန် အသေးစိတ်ဆွေးနွေးခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးမှု ဖိုရမ်ကို မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့(MISIS)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး၊ ယူနန်ပြည်နယ် လူမှုသိပ္ပံအကယ်ဒမီ၊ ကူမင်း တောင်အာရှ၊အရှေ့တောင်အာရှ သုတေသနဌာန ၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်ပြည်နယ်ခွဲကော်မတီအစိုးရတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး မေ ၂၁ ရက်မှ ၂၂ ရက်အထိ နှစ်ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)