Connect with us

Social

မြန်မာ-တရုတ် ရုပ်ရှင် ပူးပေါင်းဆောင်ရွက်ရန် အတွက် နှစ်နိုင်ငံ ရုပ်ရှင်လုပ်ငန်း မှ ပညာရှင် များက သဘောထားအမြင်များ တက်ကြွစွာ ဆွေးနွေးတိုင်ပင်

၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင်ပွဲတော် ပိတ်ပွဲ နှင့် မြန်မာ-တရုတ် ရုပ်ရှင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ တွင် အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင်ပွဲတော် ပိတ်ပွဲ နှင့် မြန်မာ-တရုတ် ရုပ်ရှင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ အား နိုဝင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး ဆွေးနွေးပွဲ အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ရုပ်ရှင်းလုပ်ငန်း သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ နှင့် ပညာရှင်များ က အတူတကွ ပူးပေါင်းဆောင်ရွက်ရန် အတွက် သဘောထားအမြင်များအား တက်ကြွစွာ ဆွေးနွေးတိုင်ပင် ခဲ့ကြသည်။

၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင်ပွဲတော် အား မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ သံရုံး ယဉ်ကျေးမှု ဌာန မှ ကြီးမှူး ၍ မြန်မာ နိုင်ငံ ရုပ်ရှင် ပရိသတ်များ နှစ်သက်မှု ရှိနိုင်မည့် ရုပ်ရှင်ကား များအား အောက်တိုဘာ ၁၃ ရက် နေ့ မှ စတင်ပြသခဲ့ခြင်း ဖြစ်ကြောင်း ၊ ရုပ်ရှင်ပွဲတော် ကျင်းပစဉ် အတွင်း မြန်မာ နိုင်ငံ ကျေးလက်ဒေသများ နှင့် ဒေသအသီးသီး ရှိ ရုပ်ရှင်ရုံများ တွင် “Never Say Die” ၊ “Wolf Warrior 2” နှင့် “Operation Red Sea” စသည့် တရုတ်ရုပ်ရှင်ကားများအား မြန်မာ စကားပြော ဖြင့် ရုပ်ရှင်ပြပွဲ ၂၇ ပွဲ ပြသပေးနိုင်ခဲ့ကြောင်း ၊ တရုတ် ရုပ်ရှင်ပွဲတော် ကျင်းပစဉ် အတွင်း ရုပ်ရှင်ပြသရေး အဖွဲ့ က မြန်မာ နိုင်ငံ ကျေးလက်ဒေသများသို့ ကိုယ်တိုင် သွားရောက်ပြသ ခဲ့ပြီး ဒေသတွင်း ပြည်သူလူထု ၏ နှစ်သက်မှု နှင့် ကြိုဆိုမှု တို့ကို ရရှိခဲ့ကာ လာမည့်နှစ်တွင် ထပ်မံ လာရောက် ပြသရန် လိုလား ခဲ့ကြကြောင်း ၊ တရုတ်ရုပ်ရှင်ပွဲတော် က လက်ရှိချိန်တွင် မြန်မာ-တရုတ် ရုပ်ရှင် ဖလှယ်ရေး နှင့် တရုတ် ရုပ်ရှင်ပြသမှု ကဏ္ဍတွင် နာမည်ကျော် ယဉ်ကျေးမှု အစီအစဉ် တစ်ရပ် ဖြစ်လာ ခဲ့ပြီး မြန်မာ နိုင်ငံ ပြည်သူလူထု တို့ က ရုပ်ရှင် မှ တစ်ဆင့် တရုတ် နိုင်ငံ အား ပိုမိုသိရှိနားလည်စေရန် နှင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် တွန်းအားပေးစေသည့် ပွဲတော် တစ်ခု ဖြစ်လာကြောင်း သိရှိရသည်။

မြန်မာ-တရုတ် ရုပ်ရှင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင်ပွဲတော် ပိတ်ပွဲအခမ်းအနား အပြီး ကျင်းပ ပြုလုပ်သည့် မြန်မာ-တရုတ် ရုပ်ရှင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် ၊ မြန်မာ နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ၊ ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းနိုင် ၊ ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ် ဌာနမှူး ပါမောက္ခ ဒေါ်ခိုင်ဝါ ၊ China New Rural Digital Film Screening Co.,ltd အထွေထွေ မန်နေဂျာ မစ္စတာ လီကျန့်ကျွင်း (Mr.Li Jianjun) ၊ Lucky 7 ရုပ်ရှင်ထုတ်လုပ်ရေး မှ ဦးအုန်းဝင်း ၊ ဒုဌဝတီကိုလွန်၍ ရုပ်ရှင်ကား ဒါရိုက်တာ ဦးအာကာ ၊ ဒါရိုက်တာ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက် တို့က တက်ရောက် ဆွေးနွေး ခဲ့ကြသည်။

မြန်မာ-တရုတ် ရုပ်ရှင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ဆွေးနွေးပွဲအတွင်း ၂၀၁၈ ခုနှစ် တရုတ် ရုပ်ရှင်ပွဲတော် အား ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့သည့် China Film Group ၊ China New Rural Digital Film Screening Co.,ltd အထွေထွေ မန်နေဂျာ မစ္စတာ လီကျန့်ကျွင်း က မြန်မာ နိုင်ငံ တွင် တရုတ်ရုပ်ရှင်ကားများ ပြသရန် အတွက် တရုတ် နိုင်ငံရှိ အဆင့်မြင့် ရုပ်ရှင်ပြသရေး စက်များ နှင့် ဆက်စပ် ကိရိယာ များကို ထောက်ပံ့ပေးခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ၆ ကား ကိုလည်း အခမဲ့ အသုံးပြုနိုင်ရန် ပံ့ပိုးပေးခဲ့ကြောင်း ၊ ယခုကဲ့သို့ ရုပ်ရှင်ပြပွဲများ မြန်မာ နိုင်ငံ တွင် ကျင်းပ ပြုလုပ်သွားခြင်း က တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ခြင်း ၏ အရေးပါသည့် အစိတ်အပိုင်းတွင် ပါဝင်သွားစေလိုပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား ဆက်ဆံရေး တိုးမြှင့်ရန် အထောက်အကူ ဖြစ်စေလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် က မြန်မာ-တရုတ် ရုပ်ရှင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ တွင် ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ၊ ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းနိုင် က ဝန်ကြီးဌာန အနေဖြင့် တရုတ် နိုင်ငံ သံရုံး မှ ကျင်းပ ပြုလုပ်သည့် ရုပ်ရှင်ပွဲတော် အား ကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးခဲ့ပြီး အနာဂတ်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး ကို အလေးထား၍ ကူညီဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

China New Rural Digital Film Screening Co.,ltd အထွေထွေ မန်နေဂျာ မစ္စတာ လီကျန့်ကျွင်း (Mr.Li Jianjun) က ဆွေးနွေးပွဲ တွင် ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် က တရုတ်-မြန်မာ နှစ်နိုင်ငံ ရုပ်ရှင် ကဏ္ဍ ဖလှယ်မှုများအား တိုးမြှင့်ဆောင်ရွက်သွားရမည် ဖြစ်ပြီး အပြန်အလှန် သိရှိနားလည်မှု ကို အခြေခံ၍ နှစ်နိုင်ငံ ရုပ်ရှင်ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်သွားရမည် ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် မြန်မာ နိုင်ငံ အစိုးရ အနေဖြင့် ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် အတွက် အလေးထား ဆောင်ရွက်နေပြီး တရုတ် နိုင်ငံ သို့ သွားရောက်လေ့လာမှုများလည်း ပြုလုပ် ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ရုပ်ရှင်ပူးပေါင်းဆောင်ရွက်မှု တွင် အခြေခံမှ စတင်၍ ဆောင်ရွက်သွားပြီး တရုတ် နိုင်ငံ အစိုးရ အနေဖြင့်လည်း မူဝါဒ နှင့် စည်းစနစ်ပိုင်း တွင် ထောက်ပံ့ကူညီမှုများကို ဆောင်ရွက်ပေးနိုင်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်း၍ အနာဂတ် တွင် မြန်မာ နိုင်ငံ မှ ကမ္ဘောကျော် အနုပညာရှင်များ ကို မွေးထုတ်ပေးသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ၊ ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းနိုင် က ဆွေးနွေးပွဲ တွင် ပြောကြားနေစဉ်(ဆင်ဟွာ)

ဒါရိုက်တာ အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက် က မြန်မာ-တရုတ် ရုပ်ရှင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ တွင် ပြောကြားနေစဉ်(ဆင်ဟွာ)

ဆွေးနွေးပွဲ အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံ ရုပ်ရှင် လုပ်ငန်း သက်ဆိုင်ရာ ကဏ္ဍ အသီးသီး မှ ပညာရှင်များ က နှစ်နိုင်ငံ ရုပ်ရှင်ပူးပေါင်းဆောင်ရွက်ရန် အတွက် လိုအပ်သည့် အချက်အလက်များ ၊ စည်းစနစ်များ ၊ အကြံပြုချက်များ ၊ အခက်အခဲများ နှင့် ဈေးကွက် အခြေအနေများ နှင့် ပတ်သက်၍ တက်ကြွစွာ ပါဝင်ဆွေးနွေး ခဲ့ပြီး နှစ်နိုင်ငံ ပညာရှင်များ က သိရှိလိုသည့် အချက်အလက်များ အား အပြန်အလှန် ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း တွေ့ရှိခဲ့ရသည်။(Xinhua)