Connect with us

Social

မြန်မာနိုင်ငံတွင် တာဝန်များပြီးဆုံး၍ပြန်လည် မထွက်ခွာမီ တရုတ်နိုင်ငံသံအမတ်ကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးဆေးရုံဖြစ်သည့် ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံကြီးသို့ သွားရောက် ကြည့်ရှု


ရန်ကုန် ၊ မေ ၂၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် တာဝန်များပြီးဆုံး၍ပြန်လည် ထွက်ခွာတော့မည့် တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန် သည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ ပထမဆုံး မြန်မာ-တရုတ်ချစ်ကြည်ရေး ဆေးရုံကြီးဖြစ်သည့် ဒေါ်ခင်ကြည် အမျိုးသမီး ဆေးရုံကြီးသို့ မေ ၂၉ ရက် ညနေပိုင်းက သွားရောက်ကြည်ရှုခဲ့သည်။

ထိုသို့သွားရောက်ကြည့်ရှုရာတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံကြီး အောင်မြင်စွာအဆင့်မြှင့်တင်တည်ဆောက်မှုသည် မြန်မာ-တရုတ်ချစ်ကြည်ရေး၏ မှတ်ကျောက်တစ်ခုဖြစ်ရာ ဆေးရုံအဆင့်မြှင့်တင်မှုများ အောင်မြင်စွာ ဆောင်ရွက်နိုင်အောင် အဓိကပံ့ပိုးကူညီပေးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့်ဇနီးအား အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ပထမဆုံး မြန်မာ-တရုတ်ချစ်ကြည်ရေးဆေးရုံကြီးဖြစ်သည့် ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကြီးအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အတူ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန် လာရောက်ကြည့်ရှုစဉ် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်နှင့်အတူ အလှူရှင်အသင်းအဖွဲ့များ စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်ကလည်း မြန်မာနိုင်ငံတွင် တာဝန်ပြီးဆုံး၍ ပြန်လည် မထွက်ခွာမီ တရုတ်-မြန်မာချစ်ကြည်ရေးဆေးရုံကြီးအား နောက်တစ်ကြိမ် လာရောက်ကြည့်ရှုခွင့်ရသည့် အတွက် အထူးဝမ်းသာမိပါကြောင်း၊ နှစ်နိုင်ငံချစ်ကြည်ရေးသည် အပြန်အလှန်ကူညီရိုင်းပင်းခြင်းဖြစ်ကြောင်း ၊ ကျန်းမာရေးနှင့်ဆေးဝါးကုသရေးသည် အများပြည်သူ့အလေးထားသည့်ကဏ္ဍတစ်ခုဖြစ်သောကြောင့် အများအကျိုးပြုသည့် ဤကဏ္ဍတွင် ပါဝင်ဆောင်ရွက်ခွင့်ရ သည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်မိပါကြောင်း ၊ ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းသည် ဒေသလူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အခြေခံထားဆောင်ရွက်ခြင်းဖြစ်ရာ အများပြည်သူအကျိုးဖြစ်ထွန်းစေမည့် ပညာရေး၊ကျန်းမာရေးနှင့်ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းများကို အားထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏အဆိုပြုချက်အရ ရန်ကုန်မြို့နှင့် မြို့ အနီးတဝိုက် ဆင်ခြေဖုံး၊ကျေးရွာဒေသများတွင် နေထိုင်သည့် အများပြည်သူ ကျန်းမာရေးနှင့်ဆေးဝါးကုသရေး လုံလောက်မှုရှိစေရန်အတွက် ရန်ကုန်မြို့တွင် အကြီးဆုံး ဆေးရုံကြီးတစ်ခုဟုဆိုနိုင်မည့် အထွေထွေရောဂါကု ဆေးရုံကြီးတစ်ခု ကူညီတည်ဆောက်ပေးရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

အဆင့်မြှင့်တင်တည်ဆောက်ပြီးဖြစ်သော ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

အဆင့်မြှင့်တင်တည်ဆောက်ပြီးဖြစ်သော ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

ထို့နောက် မြန်မာ-တရုတ် ကုန်သည်ကြီးများအသင်းချုပ် ၊ မြန်မာ- တရုတ်-အိန္ဒိယ ချစ်ကြည်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း အပါအဝင် ဘာသာပေါင်းစုံအသင်းများ၊ ကုမ္ပဏီလုပ်ငန်းများမှ သဒ္ဒါတရားထက်သန်စွာ အလှူငွေများ အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာ အလှူငွေ ကျပ်သိန်းပေါင်း ၁၃၇ သိန်းအား ဒေါ်ခင်ကြည်အမျိုးသမီးဆေးရုံကြီး ကိုယ်စား ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းယုဇော်မှ လက်ခံခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ရန်ကုန်မြို့ ဒေါ်ခင်ကြည် အမျိုးသမီးဆေးရုံ ကြီးသည် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် တရုတ် နိုင်ငံ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း တို့မှ ၂၀၁၇ ခုနှစ်တွင် အဆင့်မြှင့်တင် ပြင်ဆင် တည်ဆောက်ပေးခဲ့ခြင်းဖြစ်ပြီး ပထမဆုံး တရုတ် – မြန်မာ ချစ်ကြည်ရေး ဆေးရုံဖြစ်ကြောင်း သိရသည်။ မကွေးတိုင်းဒေသကြီး ၊နတ်မောက်မြို့ရှိ နတ်မောက်ပြည်သူ့ ဆေးရုံသည် ဒုတိယမြောက် တရုတ် – မြန်မာ ချစ်ကြည်ရေး ဆေးရုံဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင်လည်း ပြုပြင်မွမ်းမံတည်ဆောက်ပေးခဲ့ရာ ၂၀၁၉ ခုနှစ် မေလ ၁၀ ရက်တွင် လွှဲပြောင်းအပ်နှံခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.