Connect with us

Social

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ ဆောက်လုပ် လှူဒါန်းသည့် သပြေကုန်း ဈေးရုံသစ် ဖွင့်လှစ်

နေပြည်တော် ဇမ္ဗူသီရိ မြို့ နယ် ၊ သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံ ဖွင့်ပွဲ အခမ်းအနားတွင် ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

နေပြည်တော် ၊ မေ ၂၇ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ လှူဒါန်း၍ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ထောက်ပံ့ကူညီမှုဖြင့် ပူးပေါင်း ပြုပြင် တည်ဆောက်သည့် နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ၊ သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံ ဖွင့်ပွဲ အခမ်းအနားအား ယနေ့မေ ၂၇ ရက်တွင် ဈေးမျက်နှာစာ၌ ကျင်းပပြုလုပ်ခဲ့သည်။

သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံအား နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် အပါအဝင် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပြီး ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ဗည်း ကျောက်စာအား အမွှေးနံသာရည်များဖြင့် ပက်ဖျန်း ပေးခဲ့ကြသည်။

ထိုနောက် သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံ လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားအား ဆက်လက် ကျင်းပခဲ့ရာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်က အဖွင့် အမှာစကား ပြောကြားရာတွင် ဈေးရုံကြီးသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ နှင့် မြန်မာနိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ် အနေဖြင့် တည်ဆောက်ထားသည့် ဈေးကြီး ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်ထံသို့တည်ဆောက်ပြီးစီးသည့် သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံသစ် မှတ်တမ်းလွှာအား လွှဲပြောင်း ပေးအပ်စဉ်(ဆင်ဟွာ)

ဈေးရုံသစ်ကြီး အတွင်းရှိ ဆိုင်ခန်းများအား နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး အပါအဝင် တာဝန်ရှိသူများက ဈေးရောင်းချနေမှု အခြေအနေများအား လိုက်လံ ကြည့်ရှုနေစဉ်(ဆင်ဟွာ)

ဈေးရုံသစ်ကြီး အတွင်းရှိ ဆိုင်ခန်းများအား နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး အပါအဝင် တာဝန်ရှိသူများက ဈေးရောင်းချနေမှု အခြေအနေများအား လိုက်လံ ကြည့်ရှုနေစဉ်(ဆင်ဟွာ)

သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံ အတွင်း ကုန်မျိုးစုံ ရောင်းချနေသည့် ဒေါ်ရီရီမြင့်အား တွေ့ရစဉ်(ဆင်ဟွာ)

ထို့အတူ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်သံရုံး အနေဖြင့် ထည့်ဝင် လှူဒါန်း၍ သပြေကုန်း ဈေးအတွက် ထိရောက်စွာ ပြုပြင် တည်ဆောက်ခဲ့ပါကြောင်း ၊ ဒေသခံ မြို့သူမြို့သား ၃ သိန်းကျော် အတွက် အကျိုး ဆောင်ကြည်း လာပါကြောင်း ၊ အသစ် ပြုပြင် မွမ်းမံသော သပြေကုန်း ဈေးကြောင့် မြို့သူမြို့သားတို့၏ ဘဝအတွက် ပိုမို ကျယ်ပြန့်သော အကျိုးများ ရှိလာနိုင်ရန် မျှော်လင့်ပါကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် ချစ်ခင်ရင်းနှီးသော အိမ်နီးချင်းကောင်း နိုင်ငံများ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပြည်သူပြည်သား တို့သည် အပြန်အလှန် ကူညီ ထောက်ပံ့သော မိတ်ဆွေ ပေါက်ဖော် ဖြစ်ကြပါကြောင်း ၊ ယခု တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရန် အလားအလာ ကောင်းမွန်ပါကြောင်း ၊ သပြေကုန်းဈေး စီမံကိန်းသည် တရုတ်-မြန်မာ ပူးပေါင်း ဆောင်ရွက်ကြသည့် လူမှုရေး စီမံကိန်း တစ်ခု ဖြစ်သည့် အပြင် တရုတ်-မြန်မာ ချစ်ကြည်ရေး၏ သာဓက အသစ် တစ်ခုလည်း ဖြစ်ကြောင်း ၊ ယခုနှစ်များတွင် တရုတ်သံရုံး အနေဖြင့် မြန်မာဘက်နှင့် အတူ လူမှုရေး ဆိုင်ရာ စီမံကိန်း များစွာ ဆောင်ရွက်ခဲ့ကြပါကြောင်း ၊ မြန်မာမိတ်ဆွေများနှင့် တကွ ပိုမို များပြားပြီး ကောင်းမွန်သော လူမှုရေး ဆိုင်ရာ စီမံကိန်းများကို ပူးပေါင်း ဆောင်ရွက်ကြကာ တရုတ်-မြန်မာ ချစ်ကြည်ရေးသည် သာမန်ပြည်သူပြည်သားတို့၏ ဘ၀ နှင့် ပို၍ နီးကပ် လာစေကြောင်း ပြောကြားခဲ့သည်။

ထိုနောက် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ၊ မြို့တော်ဝန် ဒေါက်တာ မျိုးအောင်ထံသို့တည်ဆောက်ပြီးစီးသည့် သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံသစ် မှတ်တမ်းလွှာအား လွှဲပြောင်း ပေးအပ်ခဲ့သည်။

သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံ လွှဲပြောင်းပေးအပ်ခြင်း နှင့် ဖွင့်လှစ်ခြင်း အခမ်းအနားတွင် ဈေးသူ/ဈေးသားများ ကိုယ်စား ဦးတင်ထွေးက ကျေးဇူးတင်စကား ပြောကြားရာတွင် ယခင်က ဈေးသည် မြေနိမ့်ပိုင်းတွင် ရှိပြီး မိုးတွင်းဘက်တွင် ရေနစ်မြုပ်ခြင်းများ ရှိ၍ ပျံ ကျ ဈေးသည်များ ၊ ဈေးဝယ်သူများ အခက်အခဲများဖြင့် တွေ့ကြုံရကြောင်း ၊ ယခုကဲ့သို့ဈေးသူဈေးသားများ အပေါ် စေတနာထား၍ နှစ်စဉ် တွေ့ကြုံနေရသည့် အခက်အခဲများအား အခက်အခဲ မရှိစေရေး အတွက် သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံ တည်ဆောက်ပြီးစီး ဆောင်ရွက်ပေးခဲ့သည့် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ၊ မြို့တော်ဝန် တို့အား အထူး ကျေးဇူး တင်ရှိကြောင်း ပြောကြားခဲ့သည်။

သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံ အတွင်း ကုန်မျိုးစုံ ရောင်းချနေသည့် ဒေါ်ရီရီမြင့်က “တရုတ်နိုင်ငံကို ကျေးဇူး အများကြီး တင်ပါတယ်။အခုလို ဈေးရောင်းတဲ့ အခါမှာ နေပူကြီးထဲမှာ ရောင်းရပြီး အခုကြတော့ လုံလုံခြုံခြုံနဲ့အမိုးနဲ့လုပ်ထားပေးတော့ ဈေးရောင်းတဲ့သူတွေရော ၊ ဈေးဝယ်တဲ့သူတွေရော အားလုံး အဆင်ပြေပြေနဲ့စိတ်ချမ်းသာ ၊ ကိုယ်ချမ်းသာ သွားလာပြီး ရောင်းလို့ရတယ်။”ဟု ပြောသည်။

ထို့အတူ ဈေးရုံသစ်ကြီး အတွင်းရှိ ဆိုင်ခန်းများအား နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး အပါအဝင် တာဝန်ရှိသူများက ဈေးရောင်းချနေမှု အခြေအနေများအား လိုက်လံ ကြည့်ရှုခဲ့ပြီး ဈေးသူ ၊ ဈေးသားများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သပြေကုန်း(ကုန်စိမ်း ၊ ကုန်ခြောက် ၊ သားငါး)ဈေးရုံ တည်ဆောက်ခြင်းအား ၂၀၁၆ ခုနှစ် ၊ ဒီဇင်ဘာလ ၁၅ ရက်တွင် စတင် ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ် မတ်လ ၇ ရက်တွင် လုပ်ငန်းများ ပြီးစီးခဲ့ကာ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံမှ လှူဒါန်းငွေကျပ် ၆၂၀.၁၄၇၅၅ သန်း ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ ကျခံငွေကျပ် ၃၉၅.၉၈၆ သန်း စုစုပေါင်း ကုန်ကျငွေ ၁၀၁၆.၁၃၃၅ သန်း ရှိကာ အဆောက်အဦ အမျိုးအစားမှာ Streel Structure ၂ ရုံ ၊ အခန်းပေါင်း ၄၈၀ ခန်း ပါဝင်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.