Connect with us

Social

မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို) ပထမအကြိမ် သင်းလုံးကျွတ် အထူးအစည်းအဝေး ကျင်းပ

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က အစည်းအဝေးတွင် မိန့် ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ကို ၂၀၁၃ခုနှစ် ၊မေလ ၃၀ရက်နေ့ကစပြီး ဖွဲ့စည်းခဲ့ကြောင်း ၊မန္တလေး၊ လားရှိုး၊ တောင်ကြီး၊ မော်လမြိုင်တို့တွင် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ထို တိုးချဲ့ဖွဲ့စည်းထားသည့် အသင်းများမှ ဗဟို နှင့်ပေါင်းပြီး ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်၍ ရှေ့လုပ်ငန်းစဉ် များအားချမှတ်မည်ဖြစ်ကြောင်း၊ အဓိကရည်ရွယ်ချက်သည် မြန်မာ နှင့် တရုတ်ချစ်ကြည်ရေး အတွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို) ပထမအကြိမ် သင်းလုံးကျွတ် အထူးအစည်းအဝေးကြီးတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်ကပြောသည်။

မြန်မာတရုတ်ချစ်ကြည်ရေးအသင်းစတင်သည့်အချိန်ကစပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ခိုင်မာစေရန်အတွက်ကြိုးစားအားထုတ်ခဲ့ကြောင်း၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ပိုမိုတိုးပွားလာစေရန် တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု၏ လူနေမှု ဘဝ မြှင့်တင်စေရန့်မြန်မာမိတ်ဆွေများ နှင့် အတူတကွပူးပေါင်းပါဝင်ဖို့ ဆန္ဒရှိကြောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံမှူးကြီး မစ္စတာချန်းချန် (Mr. Chen Chen) မှ ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ သံမှူးကြီး မစ္စတာချန်းချန် (Mr. Chen Chen)က အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ပထမအကြိမ် သင်းလုံးကျွတ် အထူးအစည်းအဝေးကို ဇွန်လ ၁၇ ရက် မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းရှိ Myanmar Sports ဟိုတယ်၌ ကျင်းပသည်။ အခမ်းအနားတွင် ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း က အစည်းအဝေးတွင် အဖွင့်အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

ထို့နောက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသ ကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်နှင့် တာဝန်ရှိသူများ က လက်ခံ ရယူကြသည်။မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) သည် အသင်းစတင်ဖွဲ့စည်းပြီးသည်မှ စ၍ လူမှုရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ်တိုးပွားရေး၊ ယဉ်ကျေးမှုဖလှယ်ရေး နှင့် ပညာရေးကဏ္ဍ၊ ကျန်းမာရေး နှင့် စီးပွားရေးကဏ္ဍများတွင်လည်း ကူညီပံ့ပိုးမှုများ ဆောင်ရွက်ခဲ့သည့်အပြင် နှစ်နိုင်ငံအကြား ဖြစ်ပေါ်ခဲ့သော ဘေးအန္တရာယ်ကျရောက်မှုများအတွက် အပြန်အလှန်ကူညီမှုများအားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း(ဗဟို) အထွေထွေ အတွင်းရေးမှူး ဦးမျိုးအောင်က အစည်းအဝေးတွင် ပြောကြားနေစဉ်(ဆင်ဟွာ)

ပညာရေးကဏ္ဍတွင် မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများအား ပညာသင်ဆုပေးအပ်ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ စေလွှတ်ပညာသင်ယူစေလျက်ရှိပြီး၊ လေ့လာရေးခရီးစဉ်များလည်း စေလွှတ်လျက်ရှိသည်။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းတို့သည် လူမှုရေး အကူအညီပေးရေး လုပ်ငန်းများအနေဖြင့် ကျောက်ဖြူ-ကူမင်း ရေနံ/ဓာတ်ငွေ့ပိုက်လိုင်း တစ်လျှောက်မြို့နယ်များမှ စာသင်ကျောင်း၊ဆေးရုံ၊ဆေးခန်း၊လမ်းများ အသစ်ဆောက်လုပ်ခြင်း နှင့် ပြုပြင်ခြင်း စသည့် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်နည်းတူ နှစ်နိုင်ငံရေဘေးသင့်ပြည်သူများ၊ငလျင်ဒဏ်ခံ ပြည်သူများ၏ အခက်အခဲများကို အကူအညီပေးနိုင်ရန်အတွက် လှူဒါန်းမှုများ ၊ ကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ကယ်ဆယ်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး၊ နောင်လာမည့်အနာဂတ်တွင် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) နှင့် တရုတ်-မြန်မာ ချစ်ကြည်ရေးအသင်းတို့ လက်တွဲလျက် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

မန္တလေး မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်(Li Zuqing)က ဆွေးနွေး ပြောကြားစဉ်(ဆင်ဟွာ)

ဦးစိန်ဝင်းအောင်က “ရှေ့ဆက်ပြီး အသင်းအနေနဲ့ အသက်မွေးဝမ်းကျောင်း ကျောင်းသားတွေကို ပို့မယ်။ အခုလောလောဆယ်လည်း ၁၈၅ ယောက် ပို့ထားတယ်။ တရုတ်ပြည်မှာရှိတဲ့ တက္ကသိုလ် ၁၂ ခုလောက်မှာ ကျောင်းသား ၁၈၅ ယောက်ကို ပို့ထားတာ။ ၃ နှစ် သင်တန်းဖြစ်တယ်။ ပြန်ရောက်တာနဲ့ ပညာရေး ဝန်ကြီးဌာနနဲ့ သက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေက အလုပ်အကိုင်တွေပေးရင် သူတို့က နည်းပြတွေဖြစ်မယ်။ ဆက်ပြီးပို့မယ်။ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေကိုလည်း ပညာသင်စားရိတ် ထောက်ပံ့တာရှိတယ်။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေး နေတာလည်း ရှိတယ်။ မျက်စိခွဲတာ၊ ကျန်းမာရေး နဲ့ ပတ်သက်ပြီး ဆောင်ရွက်ပေးတာတွေရှိတယ်’’ ဟုပြောသည်။

မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို) ပထမအကြိမ် သင်းလုံးကျွတ် အထူး အစည်းအဝေး သို့တက်ရောက် လာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

အစည်းအဝေးပွဲတွင် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းခွဲများဖြစ်ကြ သည့် မန္တလေး၊ လားရှိုး၊ တောင်ကြီး၊ မော်လမြိုင်တို့မှ ကိုယ်စားလှယ်များက တင်ပြကြပြီး ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရန် ဆွေးနွေးကြသည်။ ယင်းနောက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကား ပြောကြားသည်။

မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို) ပထမအကြိမ် သင်းလုံးကျွတ် အထူးအစည်းအဝေး ကျင်းပစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ်ချစ်ကြည်ရေး အသင်း(ဗဟို) ပထမအကြိမ် သင်းလုံးကျွတ် အထူးအစည်းအဝေးတွင် စုပေါင်း မှတ်တမ်းတင် ရိုက်ကူးနေစဉ်(ဆင်ဟွာ)

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့ရှိ ပြည်သူများအကြား ချစ်ကြည် ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ပြည်သူ့အကျိုး ပြု လူမှုစီးပွားဖွံ့ဖြိုးတိုးတက်သည့် လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)ကို ၂ဝ၁၃ ခုနှစ် မတ် ၃ဝ ရက် တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ် ဖွဲ့စည်းထားကာ အသင်းသူအသင်း သား အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်လျက်ရှိပြီး နှစ်နိုင်ငံအကြား သဘာဝဘေးအန္တရာယ် ကျရောက်မှု များအတွက် လူသားချင်းစာနာ ထောက်ထားမှုအရ အပြန်အလှန် ကူညီမှုများကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.