Connect with us

Social

“မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ” ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ နှင့် ကျောင်းသုံး ပစ္စည်းများ ပါဝင်သော (Kit Box) ပေးအပ်လှူဒါန်းပွဲ အခမ်အနား ကျင်းပ

"မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ" ပန်းချီပြိုင်ပွဲ တွင် ပထမ ဆု ရရှိခဲ့သည့် အ.ထ.က(၂) လသာ မှ ပဉ္စမတန်း ကျောင်းသူ မကြည်နူးလွင် အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

ခေတ်သစ်ပိုးလမ်းမကြီး အောင်မြင်ဖို့ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်အချင်းချင်း လက်တွဲ ချစ်ကြည်ချီတက်စို့ ဟူသည့် ဆောင်ပုဒ် ဖြင့် ကျင်းပ ပြုလုပ်ခဲ့သည့် “မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ” ပန်းချီပြိုင်ပွဲ ၏ ဆုချီးမြှင့်ပွဲ နှင့် ကျောင်းသုံး ပစ္စည်းများ ပါဝင်သော (Kit Box) ပေးအပ်လှူဒါန်းပွဲ အခမ်အနား ကို ဇွန်လ ၂၂ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် မြို့ရှိ အလုံ အ.ထ.က(၄) သီရိရတနာ ခန်းမ တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ယွီပြင်းကျန်း(Yu Bianjiang) ၊ တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) စာနယ်ဇင်းလောကကုသိုလ်ဖြစ်လုပ်ငန်းဖွံ့ဖြိုးရေးအသင်း အမှုဆောင် ဥက္ကဋ္ဌ မစ္စတာရွှီရိရွှမ်း ၊ တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် ရှောင်ချိုင်ရှန် ရန်ပုံငွေ အသင်း ဥက္ကဋ္ဌ လျိုလိ ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် ကျောင်းသား/သူ များ တက်ရောက် ခဲ့ကြသည်။

အခမ်အနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း က အဖွင့်အမှာစကား ပြောကြားရာတွင် ခေတ်သစ်ပိုးလမ်းမကြီး စီမံကိန်း သည် အလွန်အရေးကြီးသည့် စီမံကိန်း တစ်ခု ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး နှင့် လူမှုရေး ကို ပေါင်းစည်းပေးထားနိုင်သည့် ချစ်ကြည်ရေး ပေါင်းစည်းမှု တစ်ခု ဖြစ်ကြောင်း ၊ ယခု ကျင်းပ ခဲ့သည့် ပန်းချီ ပြိုင်ပွဲ တွင် ရန်ကုန်တိုင်း ခရိုင် ပေါင်းစုံ မှ ကျောင်းသား/သူ ၅၀၀ ဦးပါဝင် ယှဉ်ပြိုင်ခဲ့ရာ ကျောင်းသား/သူ ၁၀၀ ဦးကို ရွေးချယ်၍ ဆုများ ချီးမြှင့်ပေးအပ် မည်ဖြစ်ကြောင်း ၊ ထို့ပြင် ဆင်းရဲနွမ်းပါးသည့် ကလေးငယ် ၅၀၀ ဦးကို မြန်မာမင်္ဂလာ မီဒီယာ နှင့် အနုပညာအဖွဲ့တို့မှ ကျောင်းသုံး ပစ္စည်းများ ပါဝင်သော (Kit Box) များကိုလည်း ကိုယ်တိုင်သွားရောက်ပေးအပ် သွားမည် ဖြစ်ကြောင်း ၊ ဆုရ ကျောင်းသား/သူ များကိုလည်း တရုတ် နိုင်ငံ ပေကျင်းမြို့သို့သွားရောက်ကာ ဆက်လက် ပြိုင်ပွဲ ယှဉ်ပြိုင်သွားရန် စီစဉ်ထားကြောင် ပြောကြား ခဲ့သည်။

“မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ” ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ နှင့် ကျောင်းသုံး ပစ္စည်းများ ပါဝင်သော (Kit Box) ပေးအပ်လှူဒါန်းပွဲ အခမ်းအနား စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်း က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် (China Charity Federation) မှ မစ္စတာရွှီရိရွှမ်း က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် ရှောင်ချိုင်ရှန် ရန်ပုံငွေ အသင်း ဥက္ကဋ္ဌ လျိုလိ က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ယွီပြင်းကျန်း က အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ” ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ နှင့် ကျောင်းသုံး ပစ္စည်းများ ပါဝင်သော (Kit Box) ပေးအပ်လှူဒါန်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ” ပန်းချီပြိုင်ပွဲ တွင် ပထမ ဆု ရရှိခဲ့သည့် ပန်းချီကား အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ” ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ နှင့် ကျောင်းသုံး ပစ္စည်းများ ပါဝင်သော (Kit Box) ပေးအပ်လှူဒါန်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

“မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ” ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ နှင့် ကျောင်းသုံး ပစ္စည်းများ ပါဝင်သော (Kit Box) ပေးအပ်လှူဒါန်းပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

မစ္စတာရွှီရိရွှမ်း က အမှာစကား ပြောကြားရာတွင် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု ၏ လမ်းကြောင်းတစ်လျှောက် ရှိ နိုင်ငံများ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေး ကို အကောင်အထည် ဖော်ရန် အတွက် ရန်ကုန်မြို့တွင် ပန်းချီပြိုင်ပွဲ ကျင်းပခဲ့ရခြင်း ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု တို့မှ နှလုံးသားချင်း ချိန်ဆက်မှု ကို ဆောင်ရွက်ခြင်းဖြင့် တရုတ် နိုင်ငံ ပြည်သူလူထု တို့မှ မြန်မာ နိုင်ငံ အား ပိုမို သိရှိလာစေမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု အကြား ဆက်ဆံရေး သည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၏ အခြေခံဖြစ်ပြီး ဖွံ့ဖြိုးမှု ကွာဟချက်ကို အနည်းပါးဆုံး ဖြစ်စေနိုင်သော အရေးပါသည် ကိစ္စရပ် တစ်ခု ဖြစ်ကြောင်း ၊ ယခု ပန်းချီပြိုင်ပွဲ မှ တစ်ဆင့် နှစ်နိုင်ငံ ကျောင်းသား/သူ များအကြား ထိတွေ့မှု ကိုလည်း တိုးမြှင့်ပေး နိုင်မည် ဖြစ်ကာ နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး ကို ဆက်လက်ပျံပွား သွားစေနိုင်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် ရှောင်ချိုင်ရှန် ရန်ပုံငွေ အသင်း ဥက္ကဋ္ဌ လျိုလိ က အမှာစကား ပြောကြားရာတွင် ယခု ပန်းချီပြိုင်ပွဲ လုပ်ရှားမှု ကို တာဝန်ယူ ဆောင်ရွက်ရသည့် အတွက် အလွန်ဂုဏ်ယူမိကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အောက်တွင် ရှောင်ချိုင်ရှန် ရန်ပုံငွေ အသင်း အနေဖြင့် ဆက်လက်၍ မြန်မာ နိုင်ငံရှိ ကလေးငယ်များကို လက်တွဲ၍ ပိုမိုကောင်းမွန်သည့် အနာဂတ် ရရှိရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး သံမှူး ယွီပြင်းကျန်း က အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၏ တာဝန်ပေးအပ်မှုအရ သံအမတ်ကြီး ကိုယ်စား အခမ်းအနား ကို တက်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပြီးခဲ့သည့် မေလပိုင်း တွင် မြန်မာ နိုင်ငံ ၏ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တရုတ် နိုင်ငံ သို့သွားရောက်ခဲ့ပြီး ခေတ်သစ်ပိုးလမ်းမကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိပ်တီးအစည်းအဝေး ကို တက်ရောက်ခဲ့ကာ နှစ်နိုင်ငံ အကြားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကို ပြောကြား ခဲ့ကြောင်း ၊ နှစ်နိုင်ငံ ပြည်သူလူထု အကြား နှလုံးသားခြင်း ချိတ်ဆက်မှု သည် ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်ရန် အရေးပါပြီး နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုနက်ရှိုင်းစေရန် အတွက် အလွန်အရေးပါကြောင်း ၊ ယခုကျင်းပသည့် ပန်းချီပြိုင်ပွဲသည်လည်း နှစ်နိုင်ငံပြည်သူလူထု တို့မှ နှလုံးသားခြင်း ချိတ်ဆက်ရန် အတွက် အားအင်သစ်များ ဖြစ်ကြောင်း ၊ ကလေးငယ်များ ရေးဆွဲခဲ့သည့် ပန်းချီများမှ တစ်ဆင့် တရုတ် နိုင်ငံ နှင့်ပတ်သက်၍ စိတ်ကူး ပုံရိပ်များကို တွေ့မြင်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တွင် ဆုရ ကျောင်းသား/သူ များကို ဆုများ အသီးသီး ပေးအပ် ခဲ့ပြီး စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့ကြကာ ကျောင်းသား/သူ ၅၀၀ ဦးအား ကျောင်းသုံး ပစ္စည်းများ ပါဝင်သော (Kit Box) ပေးအပ်လှူဒါန်းခြင်း အစီအစဉ် ကို ဆက်လက်ကျင်းပ ပြုလုပ်ခဲ့သည်။

“မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ” ပန်းချီပြိုင်ပွဲ တွင် ပထမ ဆု ရရှိခဲ့သည့် အ.ထ.က(၂) လသာ မှ ပဉ္စမတန်း ကျောင်းသူ မကြည်နူးလွင် က ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် ပဉ္စမတန်း ၏ သမိုင်းဘာသာ တွင် မဟာတံတိုင်း နှင့်ပတ်သက်၍ သင်ကြားခဲ့ရာမှ ယခုကဲ့သို့ ရေးဆွဲရန် စိတ်ကူးမိခဲ့ခြင်းဖြစ်ကြောင်း ၊ ယခုကဲ့သို့ ပထမ ဆုရရှိခဲ့သည့် အတွက် လွန်စွာ ဂုဏ်ယူမိပြီး တရုတ် နိုင်ငံသို့ သွားရောက်ယှဉ်ပြိုင်ရမည် ကို သိရှိခဲ့ရသည့် အတွက် လွန်စွာ ဝမ်းမြောက်ကြောင်း ပြောကြား ခဲ့သည်။

ယခု ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ-တရုတ် ချစ်ကြည်ရေး ပုံရိပ်များ” ပန်းချီပြိုင်ပွဲ ကို မြန်မာ နိုင်ငံ ပညာရေးဝန်ကြီးဌာန ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး နှင့် တရုတ် အမျိုးသားကုသိုလ်ဖြစ် အဖွဲ့ချုပ် တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.