Connect with us

Social

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ကိုယ်စားလှယ် အဖွဲ့ ဆရာတော်များ နှင့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Cheng နှင့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို တို့ တွေ့ဆုံစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ သို့ ချစ်ကြည်ရေးအလည်ပတ် ခရီးစဉ် အဖြစ် ရောက်ရှိနေသည့် တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Cheng ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ မှ ဆရာတော်များ နှင့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို တို့သည် ဧပြီလ ၁၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် ရှိ Royal ACE ဟိုတယ်၌ တွေ့ဆုံခဲ့ကြသည်။

ယင်းတွေ့ဆုံမှုတွင် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က ဆရာတော်များ၏ ယခု ခရီးစဉ်သည် တရုတ် နိုင်ငံ နှင့် မြန်မာ နိုင်ငံ အကြား ဗုဒ္ဓဘာသာ အချင်းချင်း ဆက်ဆံမှု နှင့် ပူးပေါင်း ဆောင်ရွက်မှု ကို တိုးမြှင့်စေနိုင်မည် ကို ယုံကြည်ကြောင်း ၊ နှစ်နိုင်ငံ အကြား ဗုဒ္ဓဘာသာ ဆိုင်ရာ အပြန်အလှန် ပူပေါင်းဆောင်ရွက်မှု နှင့် ကူညီမှု တို့ကို လိုလားကြောင်း ၊ ဆရာတော် များအား လာမည့် ၂၀၁၈ ခုနှစ်တွင် နိုင်ငံတော် သမ္မတ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှ မြန်မာနိုင်ငံတော်၏ သာသနာတော် ဆိုင်ရာ ဘွဲ့တံဆိပ်ကို ဆည်းကပ်နိုင်ရန် မျှော်မှန်းထားကြောင်း ၊ ဘွဲ့တံဆိပ် များကို ၂၀၁၈ ခုနှစ် မတ်လ တွင် နေပြည်တော် ၌ သမ္မတ ကိုယ်တိုင် ဆည်းကပ်သွားမည် ဖြစ်ကြောင်း လျှောက်ထား ခဲ့သည်။

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Chengက မြန်မာ နိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန်အား အမှတ်တရ လက်ဆောင်ပေးအပ်စဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Cheng က မြန်မာ နိုင်ငံ သို့လာရောက် လည်ပတ်သည့် ခရီးစဉ် အတွင်း မြန်မာ နိုင်ငံ မှ ဆရာတော် များနှင့် အတူ မြန်မာနိုင်ငံ အေးချမ်းသာယာရေး ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ၊ အာရှ နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး အတွက် ဆုတောင်းမေတ္တာပို့သ သည့် တရားပွဲ ကိုလည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ ဧပြီလ ၁၀ ရက်က ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် ပုဂံဒေသ ရှိစေတီပုထိုး များကို သွားရောက်ကြည့်ရှုခဲ့ပြီး တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း၏ ပုဂံစေတီပုထိုးများ အပေါ်ထားရှိသည့် လေးစားမှု ကို ဖော်ပြရန် အတွက် ပြုပြင်မွန်းမံရန် အလှူငွေများ ပေးအပ် ခဲ့ကြောင်း ၊ ဘွဲ့တံဆိပ် ဆည်းကပ်မည်ကို သိရှိရသည့် အတွက် နှစ်နိုင်ငံချစ်ကြည်စွာ ဆက်ဆံရေး နှင့် နှစ်နိုင်ငံ ဗုဒ္ဓဘာသာဆိုင်ရာ ကိစ္စရပ် များအပေါ်အလေးထားမှု ကို ပေါ်လွင်စေကာ ကျေးဇူးတင်ရှိကြောင်း ၊ ၂၀၁၈ ခုနှစ်တွင် မြန်မာ နိုင်ငံ သို့ထပ်မံလာရောက်ကာ ဘွဲ့တံဆိပ် လက်ခံရယူသွားရန် မျှော်လင့်ကြောင်း မိန့်ကြား ခဲ့သည်။

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ကိုယ်စားလှယ် အဖွဲ့ ဆရာတော်များ နှင့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးတို့ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Cheng အား မြန်မာ နိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန် က အမှတ်တရ လက်ဆောင်ပေးအပ်စဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Cheng ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့ မှ ဆရာတော် များသည် ဧပြီလ ၁၁ ရက်နေ့ နံနက်ပိုင်း တွင် မြန်မာနိုင်ငံ သမ္မတဟောင်း ဦးသိန်းစိန် နှင့်လည်း တွေ့ဆုံ ခဲ့ကာ နှစ်နိုင်ငံ ဗုဒ္ဓဘာသာ ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။တရုတ်နိုင်ငံ ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ ဆရာတော် Xue Cheng ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် မြန်မာ နိုင်ငံသို့ ၄ ရက်ကြာ လာရောက်လည်ပတ်သည့် ခရီးစဉ် ကို ဧပြီလ ၁၁ ရက်နေ့ ညနေပိုင်းတွင် အဆုံးသတ်ခဲ့ပြီးနေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ တရုတ် နိုင်ငံ သို့ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း သိရသည်။ (Xinhua)