Connect with us

Social

သိပ္ပံနှင့်နည်းပညာဆိုင်ရာပထမအကြိမ်တရုတ်- မြန်မာပူးတွဲကော်မတီအစည်း အဝေးကျင်းပ

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း က သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပထမအကြိမ်တရုတ်- မြန်မာပူးတွဲကော်မတီအစည်းအဝေး၌ အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

ရန်ကုန်၊နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပထမအကြိမ်တရုတ်-မြန်မာပူးတွဲ ကော်မတီအစည်းအဝေး ကိုရန်ကုန်မြို့ရှိ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်း သစ်မှုဦးစီးဌာန၌ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက် နံနက်ကကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေး၌ မြန်မာအစိုးရ၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ကအဖွင့်အမှာစ ကားပြောကြားခဲ့ရာတွင်ယနေ့အစည်းအဝေး ကတရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြား ပူးပေါင်းဆောင် ရွက်မှုတွင် အရေးပါသောနေ့တစ်နေ့ဖြစ်သလို ခြေလှမ်းသစ်တစ်ရပ်လည်းဖြစ်ကြောင်း၊တရုတ်နိုင်ငံသ မ္မတကြီး ရှီကျင့်ဖိန်က လည်းပိုးလမ်းမကြီးစီမံချက်ကိုအထောက်အကူပြုစေမည့်မဟာဗျူဟာကိုချမှတ် ခဲ့ကြောင်း၊တရုတ်နှင့်မြန်မာနှစ်နိုင်ငံ မှာရှည်လျားသောနယ်စပ်ကိုထိစပ်နေကြသည့် အိမ်နီးချင်းနိုင်ငံ များဖြစ်ပြီးဆယ်စုနှစ်ပေါင်းများစွာ ခင်မင်ရင်းနှီးသည့်မိတ်ဆွေနိုင်ငံများဖြစ်သည့်အားလျော်စွာ မြန်မာ အစိုးရကလည်း ဤမဟာဗျူဟာကိုပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ဤမဟာဗျူဟာအရတရုတ် နိုင်ငံအစိုးရကတရုတ်နိုင်ငံ၏ဇီဝနည်းပညာကဏ္ဍတွင် ပူးပေါင်းလုပ်ဆောင်ရန်မြန်မာလူငယ်များကိုဖိတ် ကြားခဲ့ရာ၎င်းတို့အနေဖြင့်အတွေ့အကြုံ၊ဗဟုသုတများစွာရရှိစေနိုင်မည်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင် ရွက်မှု၏ အောင်မြင်မှုတစ်ရပ်လည်းဖြစ်ကြောင်း၊ ယနေ့တွင်လည်း ရေဒီယိုတိုင်းတာမှုများနှင့်ပတ်သက် ၍ တရုတ်-မြန်မာပူးတွဲဓါတ်ခွဲခန်းကိုဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း၊ထို့ပြင်အနာဂတ်တွင်တရုတ်နိုင်ငံ က မြန်မာနိုင်ငံအတွက် နည်းပညာလွှဲပြောင်းရေးစခန်းတစ်ခုကို တည်ထောင်သွားရန ်ရှိကြောင်းလည်း သိရရာ ထိုစခန်းတည်ထောင်ပြီးစီးပါကနှစ်နိုင်ငံအကြား သိပ္ပံနှင့်နည်းပညာကဏ္ဍ၌ပူးပေါင်းဆောင်ရွက် မှု ပိုမိုမြင့်တက်လာတော့မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ချိုင်ဂျားနင် အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး မှ ကောင်စစ်ဝန် Mr Yang Shouzhen အမှာစကားပြောကြားစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံပူးတွဲဓါတ်ခွဲခန်းဆိုင်းဘုတ် အား မြန်မာနိုင်ငံ၊ပညာရေးဝန်ကြီးဌာန သို့ လွှဲပြောင်းပေးအပ်စဉ် (ဆင်ဟွာ)

သိပ္ပံနှင့်နည်းပညာဆိုင်ရာပထမအကြိမ်တရုတ်-မြန်မာပူးတွဲကော်မတီအစည်းအဝေး သို့တက်ရောက်လာသူများ အမှတ်တရဓါတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

ထို့နောက်တရုတ်နိုင်ငံအစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ချိုင်ဂျားနင် ကအမှာစကားဆက်လက်ပြောကြားရာတွင်တရုတ်နိုင်ငံ နှင့်မြန်မာနိုင်ငံပူးပေါင်းဆောင်ရွက်မှုတွင် ပြည်သူအချင်းချင်းဖလှယ်မှုပြုရေးလည်းပါဝင်ကြောင်း၊ထို့အ တွက်မြန်မာလူငယ် ၇၉ ဦးကိုတရုတ်နိုင်ငံတွင် ကာလတိုလာရောက်လေ့ကျင့်လုပ်ကိုင်ရန ်ဖိတ်ခေါ်ခဲ့ ခြင်းဖြစ်ကြောင်း၊၎င်းကအာဆီယံနိုင်ငံများအတွင်း အများဆုံးအရေအတွက်လည်းဖြစ်ကြောင်း၊တရုတ် နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကျင်းပနေသည့် ပညာတော်သင်သင်တန်းများတွင် မြန်မာနိုင်င ံမှ ပညာတော်သင်များ နှစ်စဉ်တွေ့ရှိနေရ၍လည်းအထူးဝမ်းမြောက်မိကြောင်း ပြောကြားသွားခဲ့သညိ။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး မှ ကောင်စစ်ဝန် Mr Yang Shouzhen အမှာစကား ဆက်လက်ပြောကြားရာတွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာပထမအကြိမ် တရုတ်-မြန်မာပူးတွဲကော်မတီ အစည်းအဝေးကိုယနေ့ကျင်းပနိုင်ခြင်းက တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့အကြား သိပ္ပံနှင့်နည်းပညာဆိုင် ရာပူးပေါင်းဆောင်ရွက်မှု၏ အဆင့်သစ်တစ်ရပ်ကိုပြသနိုင်ခြင်းလည်းဖြစ်ကြောင်း၊အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသောတရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် မိတ်ဆွေကောင်း၊ညီအစ်ကိုကောင်းနှင့်လက်တွဲဖက် နိုင်ငံကောင်းများဖြစ်ကြရာကာလကြာရှည်ကပင်အတူပူးပေါင်းဆောင်ရွက်မှုရှိခဲ့ကြကြောင်း၊ယခုအခါ မြန်မာလူငယ်များကိုလည်းတရုတ်နိုင်ငံတွင်ခေါ်ယူလေ့ကျင့်ပေးမည်ဖြစ်ရာ သိပ္ပံနှင့်နည်းပညာဆိုင်ရာ နယ်ပယ်၌နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုပိုမိုမြင့်တက်လာမည်ဖြစ်ကြောင်း ၊ဤကဲ့သို့နှစ်နိုင်ငံသိပ္ပံနှင့် နည်းပညာဆိုင်ရာနယ်ပယ်ပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာခြင်းကနှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုခိုင်မာ စေရန်များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်းလည်းပြောကြားသွားခဲ့သည်။

ဤအစည်းအဝေးသို့တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ချိုင်ဂျားနင် ခေါင်းဆောင်သောကိုယ်စားလှယ် များ၊တရုတ်နိုင်ငံတက္ကသိုလ်များမှတာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံရုံး မှတာ ဝန်ရှိသူများတက်ရောက်ခဲ့ကြပြီးမြန်မာနိုင်ငံဖက်မှပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း ခေါင်းဆောင်သောဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

တွေ့ဆုံဆွေးနွေးမှုမှ မြန်မာနိုင်ငံ၏သိပ္ပံနှင့်နည်းပညာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်တရုတ်နိုင်ငံမှ နည်းပညာဆိုင်ရာအထောက်အကူများရရှိနိုင်မည်ဖြစ်ကာ မြန်မာနိုင်ငံ၏လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုး တက်မှုကိုလည်းအထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.