Connect with us

Social

တရုတ်နိုင်ငံ၏ အကူအညီဖြင့် ရန်ကုန်မြို့သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား ပြန်လည် ပြုပြင် မွမ်းမံခြင်း စီမံကိန်း စတင်

သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)၌ စီမံကိန်း စတင်ခြင်း ဖွင့်ပွဲ အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၁၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အကူအညီဖြင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား ပြန်လည် ပြုပြင် မွမ်းမံခြင်း စီမံကိန်း စတင်ခြင်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့သြဂုတ် ၁၁ ရက်တွင် အဆိုပါ အားကစား ပြိုင်ပွဲရုံ(၁)၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက မြန်မာ နိုင်ငံ၌ သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)သည် နိုင်ငံ၏ ပုံရိပ်လည်း ဖြစ်ကြောင်း ၊ ယင်းပုံရိပ်ကို တရုတ် ပြည်သူ့ သမ္မတ နိုင်ငံက ယခင်ကလည်း ဆောက်လုပ်ပေးခဲ့ပြီး ယခု လိုအပ်သည်များ ပြင်ဆင်၍ အဆင့် မြှင့်တင်ခြင်းများ ပြုလုပ်ပေးမည် ဖြစ်သဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို သံအမတ်ကြီးမှ တဆင့် အထူး ကျေးဇူးတင်ရှိ ၊ ဝမ်းမြောက် ပါကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးကိုလည်း သက်သေပြခြင်း ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး ကို ယခုထက် ပိုမိုခိုင်မာအောင် ဆောင်ရွက်ပေးသည့် အတွက် ပြယုဂ် တစ်ခု ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီမံကိန်း စတင်ခြင်း ဖွင့်ပွဲ အခမ်းအနားတွင် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်စဉ်(ဆင်ဟွာ)

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)သည် တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှု အတွက် အထိမ်းအမှတ် အဆောက်အအုံ ဖြစ်ပြီး အမှတ် သင်္ကေတ တစ်ခုလည်း ဖြစ်ကြောင်း ၊ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား ယခုထက် ပိုမို ကောင်းမွန်ပြီး နိုင်ငံတကာ အဆင့်အတန်းမီ နောက်ဆုံး နည်းပညာများဖြင့် ပြုပြင် ထိန်းသိမ်းလိုက်မည် ဆိုပါက ယခု အဆောက်အဦသည် နောင်နှစ်ပေါင်းများစွာ ကြာရှည်သည့် တိုင်အောင် တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှု အတွက် အထောက်အကူ ဖြစ်နေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကား ပြောကြားစဉ်(ဆင်ဟွာ)

အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)ကို နှစ်နှစ် အတွင်း ပြုပြင်ပြီးသည့် နောက်ပိုင်းတွင် ယခု အဆောက်အဦ၌ မြန်မာနိုင်ငံ၏ အားကစား မောင်မယ်များကို များစွာ မွေးထုတ်ပေးနိုင်မည် ဖြစ်သကဲ့သို့တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးမှုကိုလည်း အဓွန့်ရှည် တည်တံ့ ခိုင်မြဲအောင် လူငယ် မျိုးဆက်များကို လက်ဆင့်ကမ်းနိုင်မည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုမှသည် နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်နိုင်ပါစေကြောင်း့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆန္ဒပြု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)၌ စီမံကိန်း စတင်ခြင်း ဖွင့်ပွဲ အခမ်းအနားတွင် စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား တွေ့ရစဉ်(ဆင်ဟွာ)

သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)၌ စီမံကိန်း စတင်ခြင်း ဖွင့်ပွဲ အခမ်းအနားတွင် တက်ရောက်လာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)၌ စီမံကိန်း စတင်ခြင်း ဖွင့်ပွဲ အခမ်းအနားတွင် တက်ရောက်လာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်(Chen Hai)က မြန်မာနိုင်ငံ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)သည် တရုတ် နိုင်ငံ အစိုးရက ၁၉၈၀ ပြည့်နှစ် ကာလတွင် ငွေကြေး စိုက်ထုတ် တည်ဆောက်ပေးခဲ့ရာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ကိုယ်စားပြု ဖော်ပြနေသည့် စီမံကိန်း ဖြစ်ကြောင်း ၊ နှစ်ပေါင်းများစွာ အတွင်း အမျိုးသား အားကစား ပြိုင်ပွဲရုံ၌ အရေးကြီး အားကစား ပြိုင်ပွဲ လှုပ်ရှားမှု များစွာ လက်ခံ ကျင်းပခဲ့ရာ မြန်မာပြည်သူများ၏ အားကစား ယဉ်ကျေးမှု လူနေမှု ဘဝကို ပြည့်ဝစေခဲ့ကြောင်း ၊ မြန်မာနိုင်ငံ အားကစား နယ်ပယ် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း အခမ်းအနားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

အချိန်ကာလ များစွာ ဖြတ်သန်း လာပြီးနောက် အမျိုးသား အားကစား ပြိုင်ပွဲရုံကို အသုံးပြုလာခဲ့သည်မှာ နှစ်ပေါင်း ၃၀ ကျော်ခဲ့ပြီ ဖြစ်ကြောင်း ၊ အားကစားရုံ၏ အခန်းကဏ္ဍ နှင့် စွမ်းဆောင်ရည်များကို ထပ်ဆင့် အသုံးချနိုင်ရန် တရုတ် နိုင်ငံ အစိုးရက အားကစားရုံကို ကိုယ်ကျိုးမဲ့ ပြုပြင် တည်ဆောက်ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း ၊ စီမံကိန်း ဆောင်ရွက် ပြီးစီးပြီးနောက် အမျိုးသား အားကစား ပြိုင်ပွဲရုံသည် အသွင်သစ်ဖြင့် ပေါ်ထွက်လာပြီး ပြီးပြည့်စုံသော စွမ်းဆောင်ရည် ၊ ခေတ်မီသည့် အဆောက်အအုံ နှင့် အတူ မြန်မာ ပြည်သူများ၏ အားကစား ယဉ်ကျေးမှု လူနေမှုဘ၀ ကို ပိုမို ကောင်းမွန်စွာ ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်ကြောင်း သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

သုဝဏ္ဏ အမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)အား ပြန်လည် ပြုပြင် မွမ်းမံခြင်း စီမံကိန်းအား နှစ်နိုင်ငံ သဘော တူညီချက်များ အရ နှစ်နှစ် အတွင်း ပြီးစီးရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။(Xinhua)