Connect with us

NPC

တရုတ်-အမေရိကန် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံအကျိုးကို ဖြစ်ထွန်းစေမည့်အပြင် တစ်ကမ္ဘာလုံး၏အကျိုးကိုလည်း ဖြစ်ထွန်းစေနိုင်

တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးခွန်းကို ပြန်လည်ဖြေကြားစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သော တရုတ်နိုင်ငံ နှင့် ကမ္ဘာ့အကြီးဆုံးဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိကန် ၏ပူးပေါင်းဆောင်ရွက်မှုက နှစ်နိုင်ငံအကျိုးကို ဖြစ်ထွန်းစေမည့်အပြင် တစ်ကမ္ဘာလုံး၏အကျိုးကိုလည်း ဖြစ်ထွန်းစေနိုင်ကြောင်း ၊ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ ယှဉ်ပြိုင်မှုဟုဆိုလျှင် ၎င်းယှဉ်ပြိုင်မှုမှာလည်း ကောင်းမွန်သည့်အပြုသဘောဆောင်သည့် ယှဉ်ပြိုင်မှုမျိုးသာဖြစ်ကြောင်း ၊ ဤကဲ့သို့သော ယှဉ်ပြိုင်မှုမှာ နိုင်ငံတကာဆက်ဆံရေးတွင် မြင်နေတွေ့နေရှိနေကျဖြစ်ကြောင်း၊ တစ်နည်းအားဖြင့်ဆိုလျှင် တရုတ်နှင့် အမေရိကန် အကြား ယှဉ်ပြိုင်မှုရှိနိုင်သော်လည်း တစ်ဦးနှင့်တစ်ဦး ပြိုင်ဘက်အနေဖြင့်သဘောမထားဘဲ မိတ်ဖက်နိုင်ငံအနေဖြင့် သဘောထားရန် ပို၍လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက မတ်လ ၈ ရက်နေ့ ပေကျင်း၌ ပြောကြားခဲ့သည်။

တရုတ်အမေရိကန်နှစ်နိုင်ငံက ကမ္ဘာကြီးတည်ငြိမ်အေးချမ်းရန်၊ဖွံ့ဖြိုးတိုးတက်ရန် လေးနက်သည့်တာဝန်ရှိ ကြောင်း ၊ နှစ်ဦးနှစ်ဖက်အကျိုးဖြစ်ထွန်းမှုကို အခြေခံပြီး ကဏ္ဍပေါင်းစုံ၊နယ်ပယ်ပေါင်းစုံ၏ပူးပေါင်းဆောင်ရွက်မှု များကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားရမည်သလို အပြန်အလှန်လေးစားမှုကို အခြေခံပြီး အမြင်ကွဲပြားမှု ပဋိပက္ခများကို ထိန်းချုပ်ရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်မှသာ နှစ်နိုင်ငံပြည်သူအကြား အပြန်အလှန် နားလည်မှုများတိုးပွားလာကာ ချစ်ကြည်ရေးတိုးမြင့်လာမည်ဖြစ်ကြောင်း ၊ တစ်ကမ္ဘာလုံးရင်ဆိုင်ရသော စိန်ခေါ်မှုများကို လက်တွဲပူးပေါင်းရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ တရုတ်အမေရိကန်ဆက်ဆံရေး ရေရှည် ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့မှာလည်း တရုတ်အမေရိကန် နှစ်နိုင်ငံ၏ တူညီသောအမြင်သဘောထားများဖြစ်ကြောင်း (၁၃)ကြိမ်မြောက် တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက်(NPC) ပထမအကြိမ်ဆွေးနွေးပွဲ၏ မတ်လ ၈ ရက် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သတင်းထောက်များ၏မေးခွန်းများနှင့်စပ်လျဉ်း၍ ဖြေကြားခဲ့သည်။

ဆက်လက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက တရုတ်အမေရိကန် နှစ်နိုင်ငံအကြားတွင် ပူးပေါင်း ဆောင်ရွက်မှုကို အဓိကထားသောကြောင့် နှစ်နိုင်ငံပြည်သူအကြားတွင် ကျယ်ပြန့်ရင်းနှီးသော ဆက်ဆံရေးရှိ ကြောင်း၊ တရုတ်နိုင်ငံသည် မိမိရွေးချယ်ထားသော တိုးတက်ရေးလမ်းစဉ်ကို ခိုင်မာစွာ လျှောက်လှမ်းသွား မည်ဖြစ်ကြောင်း ၊ တရုတ်၏တိုးတက်ဖွံ့ဖြိုးမှုအရှိန်အဟုန်မှာ ဆက်လက်တိုးမြင့်သွားမည်ဖြစ်ကြောင်း၊ ၎င်းမှာ လည်း နိုင်ငံတကာ လူမှုအဖွဲ့အစည်းက ကျယ်ကျယ်ပြန့်ပြန့် လက်ခံသိရှိထားသည့် ကိစ္စဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ လျှောက်လှမ်းသည့် တရုတ်ဆိုရှယ်လစ်ဝါဒလမ်းစဉ်တွင် မပြောင်းမလဲ ခိုင်မာစွာ ဆုပ်ကိုင်ထား သည့်အဓိကမဏ္ဍိုင်တိုင်မှာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်ရာ ယင်းမဏ္ဍိုတိုင်ကို ရောက်အောင် လျှောက်လှမ်းဖို့ဆိုလျှင် လက်တွဲပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ၎င်းမှာ အခြား နိုင်ငံကြီးများလျှောက်လှမ်းခဲ့သည့်သမာရိုးကျလမ်းစဉ်နှင့်ကွဲပြားမှုများရှိပြီး နိုင်ငံအတော်များများ၏သဘောတူ လက်ခံမှုနှင့်ကြိုဆိုမှုကိုရရှိလာပြီဖြစ်ကြောင်း ၊ ထိုကြောင့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လေ ကမ္ဘာကြီးအတွက် အကျိုးပြုနိုင်လေဖြစ်ကြောင်း ပြောခဲ့သည်။ (Xinhua)