Connect with us

NPC

တရုတ်-ရုရှား နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်သည့် အခြေအနေ တွင် တည်ရှိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ပြောကြား

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ အား မတ်လ ၈ ရက်နေ့၌ ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲ တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မတ်လ ၈ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ က မတ်လ ၈ ရက်၌ ကျင်းပပြုလုပ်သည့် ၁၃ကြိမ်မြောက် NPC ပထမအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် တရုတ်-ရုရှား နှစ်နိုင်ငံ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု သည် အကန့်အသတ် မရှိဘဲ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်သည့် အခြေအနေ တွင် တည်ရှိကြောင်း ပြောကြား ခဲ့သည်။

ဝမ်ရိ က သတင်းစာရှင်းလင်းပွဲ တွင် မီဒီယာ များ၏ မေးမြန်းမှုများအား ဖြေကြားရာတွင် တရုတ်-ရုရှား နှစ်နိုင်ငံ ခေါင်းဆောင် တို့မှ ထားရှိခဲ့သည့် နက်ရှိုင်းသည့် ချစ်ကြည်ရေး နှင့် ယုံကြည်မှု တို့က နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် အာမခံချက် ဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍစုံ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု များကို အဆက်မပြတ် နက်ရှိုင်းစေခြင်း ၊ နှစ်နိုင်ငံ အမျိုးသား အကျိုးစီးပွားအပေါ် ခိုင်မြဲစွာ အပြန်အလှန် ထောက်ခံအားပေးခြင်း ၊ အပြည်ပြည်ဆိုင်ရာ ကိစ္စရပ်များတွင် အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုများ ထားရှိခြင်း ၊ နှစ်နိုင်ငံ ကဏ္ဍအသီးသီး ဖလှယ်မှုများ အဆက်မပြတ် တိုးမြှင့်ဆောင်ရွက်ခြင်း စသည် တို့ဖြင့် တရုတ်-ရုရှား ဘက်စုံမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး သည် တောင်တန်းများ သဖွယ် လွန်စွာ ခိုင်မြဲမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ရိ က မကြာမီ အချိန်တွင် ရုရှား နိုင်ငံ တွင် ကျင်းပ ပြုလုပ်တော့မည့် သမ္မတ ရွေးကောက်ပွဲ နှင့် ပတ်သက်၍ မေးမြန်းမှု အား ပြန်လည် ဖြေကြားရာတွင် လတ်တလော နှစ်များအတွင်း ရုရှား နိုင်ငံ သမ္မတ ပူတင် ၏ ဦးဆောင်မှု အောက်တွင် ရုရှား နိုင်ငံ သည် အရေးပါသည့် ဖွံ့ဖြိုးတိုးတက်မှုများစွာ ရရှိနိုင်ခဲ့ပြီး ရုရှားနိုင်ငံ ပြည်သူလူထု တို့၏ ထောက်ခံ အားပေးမှု ကို ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ရုရှား နိုင်ငံ ပြည်သူလူထု တို့က မှန်ကန်သည့် ရွေးချယ်မှု ကို ထပ်မံ ပြုလုပ်နိုင်မည် ကို ယုံကြည်ပြီး ရုရှား နိုင်ငံ သည်လည်း ဆက်လက်၍ တိုးတက်မှု ရရှိနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။(Xinhua)