Connect with us

Videos

တရုတ်တွင် ကြီးကျယ်ခမ်းနားပြီးခေတ်မီသည့် ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရန် အစည်းအဝေးများကျင်းပမည်

ပေကျင်း၊ မတ် ၂ ရက်(ဆင်ဟွာ)

အမျိုးသား ပြည်သူ့ ကွန်ဂရက် (National People’s Congress= NPC) ပထမအကြိမ် နှစ်ပတ်လည် အစည်းအဝေးအား မတ်လ ၅ ရက်တွင်လည်းကောင်း၊ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ညီလာခံ (Chinese People’s Political Consultative Conference= CPPCC) ၏ ပထမအကြိမ် အမျိုးသား ကော်မတီ အစည်းအဝေးအား မတ်လ ၃ ရက်တွင်လည်းကောင်း အသီးသီးကျင်းပမည် ဖြစ်သည်။

အဆိုပါအစည်းအဝေးများသို့ ညီလာခံကိုယ်စားလှယ်များ နှင့် နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ဝင် ပေါင်း ၅ဝဝဝကျော် တက်ရောက်မည် ဖြစ်ပြီး ကြီးကျယ်ခမ်းနားပြီးခေတ်နှင့်လိုက်လျောညီထွေရှိသည့် ဆိုရှယ်လစ်နိုင်ငံတည်ဆောက်ရန် လုပ်ငန်းတာဝန်များချမှတ်မည့်အစည်းအဝေးများဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ၂ဝ၂ဝ ပြည့်နှစ်အရောက်တွင် ဘက်ပေါင်းစုံ၌ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတစ်ခုတည်ဆောက်ရန် မျှော်မှန်းထားသည်။

အစည်းအဝေးများနှင့် သက်ဆိုင်သည့်အချက်အလက်များကို အောက်ပါvideo ထဲတွင်ရှုစားနိုင်ကြပါသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.