Connect with us

World

ဗီယက်နမ် နိုင်ငံ၏ နိုင်ငံခြား အရံငွေ အမေရိကန် ဒေါ်လာ ၆၃.၅ ဘီလီယံရှိ

ဗီယက်နမ် ငွေကြေးများအား တွေ့ ရစဉ်(ဓာတ်ပုံ - အင်တာနက်)

ဟနွိုင်း ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံ၏ နိုင်ငံခြား အရံငွေမှာ ၂၀၁၈ နှစ်ကုန်ပိုင်းတွင် အမေရိကန် ဒေါ်လာ ၆၃.၅ ဘီလီယံ ရှိခဲ့ရာ ယင်းပမာဏမှာ နိုင်ငံခြား ငွေကြေး လဲလှယ်နှုန်း တည်ငြိမ်စေရန် ဗဟိုဘဏ် အတွက် အထောက်အကူ ဖြစ်ခဲ့ကြောင်း ဒေသခံ မီဒီယာများ၏ ယနေ့ဖော်ပြမှု အရ သိရသည်။

ဗီယက်နမ် နိုင်ငံတော်ဘဏ် အနေဖြင့် နိုင်ငံခြား ငွေကြေး အရံငွေ များပြားလာစေရန် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော်အား ယခုနှစ်တွင် ဝယ်ယူခဲ့ပြီး လာမည့် ရက်သတ္တပတ် အတွင်း အမေရိကန် ဒေါ်လာ ၁ ဘီလီယံမှ ၂ ဘီလီယံ အထိ ထပ်မံ ဝယ်ယူနိုင်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူ၏ ပြောကြားချက်အား ဗီယက်နမ် နေ့စဉ် သတင်းစာက ကိုးကား ဖော်ပြခဲ့သည်။

အမေရိကန် ဒေါ်လာ အပ်နှံငွေများအား ဗဟိုဘဏ်က လက်ရှိတွင် သုည ရာခိုင်နှုန်း အတိုးနှုန်း သတ်မှတ်လိုက်ခြင်းက အမေရိကန် ဒေါ်လာ ကိုင်ဆောင်ထားသူများ အနေဖြင့် အတိုးနှုန်း ပိုမို မြင့်မားစွာ ရရှိစေရေး အတွက် ဗီယက်နမ် ဒွန်ငွေ နှင့် လဲလှယ်ရန် တွန်းအားပေးသကဲ့သို့ဖြစ်ခဲ့ရာ ဗဟိုဘဏ်က နိုင်ငံခြား ငွေကြေး ဈေးကွက်အား ကိုင်တွယ် ရာတွင် အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း ဗီယက်နမ် လေ့လာသူများက သုံးသပ်ကြသည်။ဗီယက်နမ် နိုင်ငံသည် နိုင်ငံခြား အရံငွေအား များပြားလာစေရန် ပြီးခဲ့သည့် နှစ်အထိ အမေရိကန် ဒေါ်လာ ၆ ဘီလီယံကျော်အား အသားတင် ဝယ်ယူခဲ့ကြောင်း ဗဟိုဘဏ်က ပြောကြားခဲ့သည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117