Connect with us

Africa & Middle East

ကွန်ဂို(ကင်ရှာဆာ)၌ ယခုတစ်ကြိမ်ဖြစ်ပွားသော အီဘိုလာရောဂါကြောင့် သေဆုံးသူ တစ်ရာ အထိရှိ

အီဘိုလာရောဂါကို ကာကွယ်ရန် ကလေးငယ်များအား လက်သန့်စင်အောင် ဆေးပေးနေစဉ် (ဆင်ဟွာ)

ကင်ရှာဆာ ၊ စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်း North Kivuပြည်နယ်တွင် ယခုတစ်ကြိမ်ဖြစ်ပွားသည့် အီဘိုလာရောဂါကြောင့် သေဆုံးသူသည် လက်ရှိအချိန်ထိဆိုလျှင် ၁၀၀ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာ ၂၄ ရက်က ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

လွန်ခဲ့သော သြဂုတ်လ လဆန်းပိုင်းကစ၍ အီဘိုလာရောဂါပိုးဖြစ်ပွားသည်ဟု သံသယရှိသူ ၁၅၀ ဦး ရှိပြီး ၎င်းတို့အနက် ၁၁၉ ဦးမှာ အီဘိုလာရောဂါပိုးကူးစက်ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ရောဂါဖြစ်ပွား၍ သေဆုံးသူများအနက် ၆၉ ဦးမှာ အီဘိုလာရောဂါပိုးကူးစက်ခြင်းကြောင့်ဖြစ် သည်ဟု သိရသည်။

ယခုတစ်ကြိမ်ရောဂါဖြစ်ပွားရာနေရာမှာ ကွန်ဂို(ကင်ရှာဆာ)နိုင်ငံ အရှေ့ပိုင်း ပဋိပက္ခဖြစ်ပွားရာ နေရာဖြစ်သောကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရန် ခက်ခဲမှုများရှိသည်။ ယခုကာလများတွင် လက်နက်ကိုင်များ၏တိုက်ခိုက်မှုကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့က အချို့ကုသရေး လုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း စက်တင်ဘာ ၂၃ ရက် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ကွန်ဂို(ကင်ရှာဆာ)တွင် ၁၉၇၆ခုနှစ်က အီဘိုလာရောဂါကို ပထမဆုံးတွေ့ရှိရပြီး ယခုဖြစ်ပွားသည်မှာ ၁၀ ကြိမ်မြောက်ဖြစ်သည်ဟုသိရသည်။ ပြီးခဲ့သည့် ရောဂါဖြစ်ပွားမှုသည် ဇူလိုင်လ ၂၄ ရက်တွင် ပြီး ဆုံးခဲ့ပြီး လူ ၃၃ ဦးသေဆုံးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.