Connect with us

Africa & Middle East

ဂါဇာမြို့၌ ပေါက်ကွဲမှု ဖြစ်ပွားရာ ပါလက်စတိုင်း လူမျိုး နှစ်ဦး သေဆုံး

ဂါဇာမြို့ ၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်အား တွေ့ ရစဉ်(ဆင်ဟွာ)

ဂါဇာ ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

ဂါဇာမြို့၏ အနောက်တောင်ပိုင်းတွင် သြဂုတ် ၂၇ ရက် ညပိုင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ပါလက်စတိုင်း လူမျိုး နှစ်ဦး သေဆုံးခဲ့ကြောင်း ဆရာဝန်များ နှင့် လုံခြုံရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဂါဇာကျန်းမာရေး ဝန်ကြီး၏ ပြောရေးဆိုခွင့် ရှိသူ Ashraf al-Qedra က သေဆုံးသွားခဲ့သော ပါလက်စတိုင်း လူမျိုး နှစ်ဦးမှာ လုံခြုံရေး အရာရှိများ ဖြစ်ကြပြီး အခြား သုံးဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းထောက်များကို ပြောကြား ခဲ့သည်။

ဟားမား အုပ်စု အစိုးရ၏ ပြည်ထဲရေး ဝန်ကြီးဌာနက တရားဝင် သတင်းထုတ်ပြန်မှုတွင် ယင်းပေါက်ကွဲမှု ဖြစ်စဉ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်း စစ်ဆေးလျက် ရှိသည်ဟု ဖော်ပြထားသည်။ (Xinhua)