Connect with us

Africa & Middle East

အာဖဂန်နိုင်ငံတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ဂါ့ဇ်နီပြည်နယ် အရှေ့ပိုင်းရှိ တာလီဘန်ရေဒီယိုအသံလွှင့်ရုံ ပျက်စီး

အာဖဂန်နစ္စတန်နိုင်ငံရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဂါ့ဇ်နီ၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)

အာဖဂန်နိုင်ငံ၏ တိုက်ခိုက်ရေးလေယာဉ်များသည် ဂါ့ဇ်နီပြည်နယ် အရှေ့ဘက် ခေါ်ဂျာအိုမရီခရိုင်ရှိ တာလီဘန်တို့ ပုန်းခိုရာတစ်ခုအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ စစ်သွေးကြွ ၄ ဦးသေဆုံးပြီး တာလီဘန်တို့၏ ဝါဒဖြန့်ချိရေးလုပ်ဆောင်ရာ Radio Emirate အသံလွှင့်ရုံ ပျက်စီးသွားခဲ့ကြောင်း ခရိုင်ရဲချုပ် အိုမစ် ဂေါ်ဘန်ဒီ (Omid Ghorbandi) က သြဂုတ်လ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

“ထောက်လှမ်းရေးအစီရင်ခံစာအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေါ်ဂျာအိုမာရီခရိုင် ဘာရာကတ်နယ်မြေတွင် လေကြောင်းတိုက်ခိုက်မှုများအား သြဂုတ်လ ၂၄ ရက်မွန်းလွဲပိုင်းက လုပ်ဆောင်ခဲ့ရာ စစ်သွေးကြွအဖွဲ့၏ ရေဒီယိုဌာန ပျက်စီးသွားပြီး ဝန်ထမ်း ၄ ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားကြောင်း ဂေါ်ဘန်ဒီက ဆင်ဟွာသို့ ပြောခဲ့သည်။

တာဝန်ရှိသူ၏ အဆိုအရ အဆိုပါ ရေဒီယိုအသံလွှင့်ဌာနသည် ပြည်သူများအား အစိုးရအား ဆန့်ကျင်ရေးလှုံ့ဆော်ရန် အစိုးရဆန့်ကျင်ရေး ဝါဒဖြန့်ချိမှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများသည် တစ်လအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း၊ ပထမအကြိမ်တွင် ဂါ့ဇ်နီပြည်နယ် ဇာနာခန်းခရိုင်ရှိ တာလီဘန်တို့ပုန်းခိုရာနေရာတစ်ခုအား တိုက်ခိုက်ခဲ့ပြီး Radio Shariat (Voice of Sharia) အား ဖျက်ဆီးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.