Connect with us

Africa & Middle East

ဆိုမာလီနိုင်ငံ ၏ ဘတ်ဂျက် အတွက် အမေရိကန်ဒေါ်လာ သန်း၂၀ ကို ကာတာနိုင်ငံမှထောက်ပံ့မည်

ဒိုဟာ၊ ဖေဖော်ဝါရီ ၂၈ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ ၏ ၂၀၁၉ ခုနှစ်ဘတ်ဂျက်အတွက် စုစုပေါင်း ကာတာသုံးငွေရွိုင်ရယ်၇၃ သန်း (အမေရိကန်ဒေါ်လာ ၂၀.၅ သန်း) ကို ကာတာနိုင်ငံ မှထောက်ပံ့ရန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကာတာနိုင်ငံက ဆုံးဖြတ်ခဲ့သည်။

ကာတာနိုင်ငံစော်ဘွား Sheikh Tamim bin Hamad Al Thani က ဆိုမာလီနိုင်ငံ သမ္မတ မိုဟာမက်အက်ဒူလဟီဖာမာဂျို (Mohamed Abdullahi Farmajo) ကို တော်ဝင်နန်းတော်တွင် လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကဏ္ဍအစုံတွင် မြှင့်တင်ရန် ရည်ရွယ်၍ ဆွေးနွေးခဲ့ကြောင်း ကာတာနိုင်ငံစော်ဘွားရုံး ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Tamim နှင့် Farmajo တို့ သည် ဆိုမာလီနိုင်ငံ နှင့် အခြားကိစ္စရပ်များ အပေါ် နှစ်ဖက်အပြန်အလှန်အကျိုးစီးပွားများ နှင့် ပတ်သက်၍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်သုံးသပ်ခဲ့ကာ စော်ဘွားမှ ဆိုမာလီနိုင်ငံ ဘတ်ဂျက် အတွက် ကာတာသုံးငွေ ၇၃ သန်းအားပေးရန် အမိန့်ထုတ်ပြန်ခဲ့သည်။ Farmajo သည် ဒိုဟာမြို့ သို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ တွင် အလည်အပတ်ရောက်ရှိခဲ့ပြီး ၎င်းရောက်ရှိခြင်းအားထုတ်ပြန်ကြေညာခြင်းမရှိပေ။ စစ်ဒဏ်ခံနေရသောဆိုမာလီနိုင်ငံ ၏ သမ္မတ တာဝန်ယူသည့်အချိန်မှစပြီး Farmajo သည် ကာတာနိုင်ငံ သို့ တတိယအကြိမ်မြောက်လည်ပတ်ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.