Connect with us

Africa & Middle East

ဆူဒန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့်ရေကြီးရေလျှံဖြစ်ပွားမှုများကြောင့် သေဆုံးသူ ၆၀ ရှိပြီဖြစ်

ဆူဒန်နိုင်ငံတွင် ရေကြီးရေလျှံဖြစ်ပွားနေမှုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ခါတွန်၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

ယခုကာလများအတွင်း ဆူဒန်နိုင်ငံ တစ်နိုင်ငံလုံးတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံ ဖြစ်ပွားမှုများကြောင့် သေဆုံးသူ ၆၀ ရှိပြီဖြစ်ပြီး လူပေါင်း ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ရေဘေးကြောင့် ဆူဒန်တွင် လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သလို နေအိမ် ၃၂,၀၀၀ကျော် ပျက်စီးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ဆူဒန် ကျန်းမာရေးဝန်ကြီးဌာန ယာယီဒုတိယဝန်ကြီး Abdul-Jabbar၏ သြဂုတ် ၂၄ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

တစ်နိုင်ငံလုံးဆိုင်ရာ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက စတင်လုပ်ဆောင်နေပြီဟု ၎င်းက ဆိုသည်။

ယခုနှစ် သြဂုတ်လမှစ၍ ဆူဒန်နိုင်ငံတွင် ဆိုးဆိုးဝါးဝါးမိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိသည်။ ရေဘေးကြောင့် လူသေဆုံးဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပွားခဲ့သည့်အပြင် မြို့တော်ခါတွန်သို့သွားရာအဓိကလမ်းများလည်း ပြတ်တောက် ခဲ့ရာ ဆက်သွယ်သွားလာရေး ထိခိုက်ခဲ့ရကြောင်း သိရသည်။ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA)၏ သတင်းများအရ ဆူဒန်နိုင်ငံတွင် ရေဘေးဒဏ်သင့် ပြည်သူ ၁၇၀,၀၀၀ ကျော်ရှိပြီး ၎င်းတို့အတွက် နေထိုင်စရာနှင့်သောက်သုံးရေ၊ ကျန်းမာရေးပစ္စည်းများ အရေးတကြီးလိုအပ်နေကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.