Connect with us

Africa & Middle East

ဆော်ဒီတွင် ရေနံဓါတုစက်ရုံမီးလောင်၍ လူ တစ်ဦးသေ၊ ၁၁ဦး ဒဏ်ရာရရှိ

မီးလောင်မှုဖြစ်ပွားခဲ့သော ဆော်ဒီနိုင်ငံရှိ ရေနံဓါတုစက်ရုံအားတွေ့ရစဉ်(ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံ အနောက်ပိုင်း ရှိ ရေနံဓါတုစက်ရုံတစ်ရုံတွင် အောက်တိုဘာ ၂ရက်က မီးလောင်မှုဖြစ်ပွားရာ အလုပ်သမား တစ်ဦးသေဆုံးပြီး အခြားလူ ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းသတင်းက အောက်တိုဘာ ၃ ရက်တွင်ဖောြ်ပခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာ စက်ရုံအား ပင်လယ်နီကမ်းရိုးတန်း Yanbu ပြည်နယ်ရှိ အမျိုးသားရေနံဓါတုကုမ္ပဏီ (NATPET) ကပိုင်ဆိုင်ခြင်းဖြစ်ကြောင်း Jubail နှင့် Yanbu ပြည်နယ်ဆိုင်ရာ တော်ဝင်ကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ Abdul Rahman Abdul Qader က အောက်တိုဘာ ၃ ရက်အစောပိုင်းတွင် Al-ekhbariya TV သို့ ပြောကြားခဲ့သည်။

Abdul Qader က အခြေအနေအားထိန်းသိမ်းနိုင်ပြီဖြစ်ကြောင်း နှင့် စက်ရုံမတော်တဆမှုထိန်းချုပ်ရေး အဖွဲ့များက အခင်းဖြစ်ပွားရာနေရာ၌ လုပ်ငန်းများဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ကနဦးအခြေအနေအရ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းလည်ပတ်မှုများ နှင့် ဆက်စပ်နေသော နည်းပညာပိုင်းဆိုင်ရာအကြောင်းပြချက်များကြောင့် မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ယူဆရကြောင်း ၎င်းကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.