Connect with us

Africa & Middle East

တရုတ်နိုင်ငံမှ တာဝန်ယူပြုပြင်တည်ဆောက်ပေးသော မိုဇမ်ဘစ်နိုင်ငံ ငါးဖမ်းဆိပ်ကမ်း စီမံကိန်း အောင်မြင်စွာ လွှဲပြောင်းပေးအပ်

မိုဇမ်ဘစ်နိုင်ငံ ဘိုင်ရာ ငါးဖမ်းဆိပ်ကမ်း(Beira fishing port)အား တွေ့ရစဉ်(ဆင်ဟွာ)

ဘိုင်ရာ၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ China Exim Bank၏ချေးငွေဖြင့် China Harbour Engineering Company(CHEC)မှ တာဝန်ယူ ပြုပြင်တည်ဆောက်ပေးသော မိုဇမ်ဘစ်နိုင်ငံ ဘိုင်ရာ ငါးဖမ်းဆိပ်ကမ်း(Beira fishing port)စီမံကိန်းကို အောက်တိုဘာ ၂၈ ရက်က ယင်းနိုင်ငံ အစိုးရထံသို့ အောင်မြင်စွာလွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆိပ်ကမ်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား၌အမှာစကားပြောကြားရာတွင် မိုဇမ်ဘစ်နိုင်ငံ သမ္မတ Filipe Nyusiက ဆိပ်ကမ်းကြီးအောင်မြင်စွာပြီးစီးခြင်းသည် နှစ်နို်ငငံအစိုးရနှင့်ပြည်သူအကြား ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး၏ အောင်မြင်မှု ရလဒ်ဖြစ်ကြောင်း၊ ဤစီမံကိန်းသည် မိုဇမ်ဘစ်နိုင်ငံ၏ ပင်လယ်ထွက်ကုန်ပစ္စည်းပမဏနှင့်အရည်အသွေးကို မြှင့်တင်ရာတွင် အကျိုးပြု နိုင်မည်ဖြစ်ပြီး ပြည်တွင်းစားသုံးမှုနှင့်ပို့ကုန်ဝင်ငွေကို တွန်းအားဖြစ်စေမည်ဖြစ်ပြီး မိုဇမ်ဘစ်နိုင်ငံ ပင်လယ်ထုတ်ကုန်ပစ္စည်း ထပ်တိုးတန်ဖိုးတက်စေမည်ဖြစ်ရာ အဖိုးတန်သည့် ပလက်ဖောင်းတစ်ခု ဖြစ်ကြောင်း၊ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်မှုများ ပါဝင်တည်ဆောက်သည့် စီမံကိန်းများ မိုဇမ်ဘစ်တွင် ဖြစ်ထွန်းလာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

မိုဇမ်ဘစ်နိုင်ငံ ဘိုင်ရာ ငါးဖမ်းဆိပ်ကမ်း(Beira fishing port)အား တွေ့ရစဉ်(ဆင်ဟွာ) 

 

မိုဇမ်ဘစ်နိုင်ငံ ဘိုင်ရာ ငါးဖမ်းဆိပ်ကမ်း(Beira fishing port)အား တွေ့ရစဉ်(ဆင်ဟွာ) 

ဆိပ်ကမ်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် မိုဇမ်ဘစ်နိုင်ငံ သမ္မတ Filipe Nyusiက အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ဆိပ်ကမ်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် မိုဇမ်ဘစ်နိုင်ငံ သမ္မတ Filipe Nyusiက အမှာစကားပြောကြားစဉ်(ဆင်ဟွာ)

ဘိုင်ရာငါးဖမ်းဆိပ်ကမ်း(Beira fishing port)ရှိ အသစ်တည်ဆောက်ထားသော အအေးခန်း သိုလှောင်ရုံကို  မိုဇမ်ဘစ်နိုင်ငံ သမ္မတ Filipe Nyusiသွားရောက် ကြည့်ရှုစဉ်(ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံဆိုင်ရာ ဆိုင်ရာ တရုတ်သံအမတ်ကြီး ဆူးကျန့်ကလည်း တရုတ်နိုင်ငံသည် မိုဇမ်ဘစ် နိုင်ငံနှင့်အတူ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်နှင့် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းမှ ဆောင်ကြဉ်းပေးသည့် ဖွံ့ဖြိုးမှုအခွင့်အလမ်းများကို အသုံးပြုကာ စက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ အဆောက်အဦတည်ဆောက်ရေး ၊ လယ်ယာစိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း၊ ကုန်သွယ်ရေး၊ ခရီးသွားနှင့်စွမ်းအင် စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို အဓိက အားထား ဆောင်ရွက် သွားကာ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုနှင့် နှစ်နိုင်ငံ ပြည်သူအများ၏ အကျိုးစီးပွားကို ဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

ယခင် ဘိုင်ရာဆိပ်ကမ်းဟောင်းသည် ပျက်စီးယိုယွင်းမှုများကြောင့် ငါးဖမ်းရေယာဉ်များအတွက် အထူးဝန်ဆောင်မှုများမပေးနိုင်ဘဲ အန္တရာယ်များသည့်အနေအထားတွင်ရှိနေခဲ့ကြောင်း သိရသည်။ အသစ်ပြုပြင်တည်ဆောက်သည့် ဆိပ်ကမ်း ကမ်းစပ်အရှည်မှာ ၃၇၇ မီတာ ရှည်လျား၍ ငါးဖမ်း ရေယာဉ်၈ စီး ဆိုက်ကပ်နိုင်ကြောင်း၊ ဆိပ်ကမ်းတွင် စတုရန်းမီတာ ၅,၀၀၀ ခန့် ရှိသည့် တန်ချိန် ပေါင်း ၁,၅၀၀ အထိ သိုလှောင်ထားနိုင်သောအအေးခန်းအဆောက်အဦသစ်တစ်ခုကိုလည်း တည်ဆောက်ထားရာ ရေထုတ်ကုန်ပစ္စည်းများ ထိန်းသိမ်း ထုပ်ပိုး၊ အမြန်အေးခဲသိမ်းထားနိုင်ရန် တစ်နေရာတည်း ဆောင်ရွက်နိုင်ကြောင်း သိရသည်။ အဆိုပါ ဆိပ်ကမ်းစီမံကိန်းတွင် ဂိုဒေါင်၊ ရေခဲထုတ်လုပ်ရေးအလုပ်ရုံနှင့် လျှပ်စစ်ဓါတ်အားပေး ၊ ရေပေးဝေရေးနှင့်ရေနုတ်မြောင်း၊ မီးသတ်ပစ္စည်းကိရိယာများ စသည်တို့ပါဝင်ကြောင်း သိရသည်။ (Xinhua)