Connect with us

Africa & Middle East

တူရကီနိုင်ငံတွင် အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိသူ ၁၄ ဦး ထောင်ဒဏ်ချမှတ်ခံရ

တူရကီနိုင်ငံ သမ္မတ ရီဆပ် တေရစ် အာဒိုဂန်အား သတင်းစာရှင်းလင်းပွဲတစ်ခုတွင် တွေ့ရစဉ် (ဆင်ဟွာ)

အန်ကာရာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် လူ ၁၄ ဦးအား အိုင်အက်စ်အဖွဲ့နှင့် ချိတ်ဆက်မှုများ ရှိသည့်အတွက် စက်တင်ဘာလ ၂၀ ရက်တွင် တရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ကြောင်း နိုင်ငံပိုင် Anadolu အေဂျင်စီက သတင်းဖော်ပြခဲ့သည်။

၉ လကြာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပြီးနောက် ပြီးခဲ့သည့် ရက်သတ္တပတ်က အိုင်အက်စ် ငွေကြေးကွန်ရက်နှင့် ချိတ်ဆက်မှုများရှိကြောင်း သံသယဖြစ်ဖွယ်ရှိသူ ၄၀ ဦးအား တူရကီ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။၎င်းတို့အနက် ၁၄ ဦးအား ထောင်ဒဏ်ချမှတ်ခဲ့ကာ ၂၃ ဦးကို ခံဝန်ဖြင့် လွှတ်ပေးခဲ့ပြီး အခြားလူ ၃ ဦးအား တရားသေလွှတ်ပေးခဲ့ကြောင်း သိရသည်။တူရကီ လုံခြုံရေးတပ်ဖွဲ့က အိုင်အက်စ် တိုက်ဖျက်ရေးနှင့် ၎င်းတို့၏ တိုက်ခိုက်ရန် ကြိုးပမ်းမှုများအား ကာကွယ်ရန် နိုင်ငံတစ်ဝန်း လုပ်ဆောင်လျက်ရှိသည်။ (Xinhua)