Connect with us

Africa & Middle East

နယ်စပ်မြို့သို့ ပစ်ခတ်လိုက်သည့် ဒုံးကျည်အား ဆော်ဒီ ကြားဖြတ်တားဆီးနိုင်ခဲ့

ဟူသီသူပုန်များ ပစ်ခတ်လိုက်သည့် ဒုံးကျည်အား ဆော်ဒီတပ်ဖွဲ့ဝင်များ ကြားဖြတ်တားဆီးစဉ် (ဓါတ်ပုံ-အင်တာနက်)

ရီယာ့ဒ်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ဆော်ဒီနိုင်ငံ နယ်စပ် Najran မြို့ ကို ဦးတည်၍ ယီမင်နိုင်ငံဘက်မှ ပစ်ခတ်လိုက်သည့် ပဲထိန်းဒုံးကျည်တစ်စင်း အား ဆော်ဒီတပ်ဖွဲ့ က ဇူလိုင် ၁၈ရက်တွင် ကြားဖြတ်တားဆီးခဲ့ကြောင်း ဆော်ဒီသတင်းဌာန ကဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဆော်ဒီတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Turki Al Maliki ကပြောကြားခဲ့သည်။

၎င်းက ဟူသီသူပုန်များသည် အီရန်နိုင်ငံမှ ထောက်ပံ့မှုများ ရရှိနေပြီး ဆော်ဒီမြို့များရှိ အရပ်သားများအပေါ် ဟူသီတို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် အီရန်က ကူညီထောက်ပံ့ပေးနေကြောင်းကိုလည်း ပြစ်တင်ပြောဆိုခဲ့သည်။

ဟူသီသူပုန်များသည် လွန်ခဲ့သည့် ၃နှစ်အတွင်း ဆော်ဒီနိုင်ငံ နယ်စပ်ရှိ မြို့များကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး ၎င်းတို့အား တုံ့ပြန်သည့်အနေဖြင့် ဆော်ဒီဦးဆောင်သော အာရပ် မဟာမိတ်တပ်ဖွဲ့သည် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် ယီမင်နိုင်ငံ အစိုးရကို ထောက်ခံပြီး လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.