Connect with us

Africa & Middle East

ပါလက်စတိုင်း-အစ္စရေး အဓိကရုဏ်းဖြစ်ပွားမှုတွင် ပါလက်စတိုင်း ၁၂၂ ဦး ထိခိုက်ဒဏ်ရာရ


ဂါဇာ၊ သြဂုတ် ၂၄ ရက်(ဆင်ဟွာ)

ဂါဇာဒေသတွင် ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးစစ်တပ်တို့အကြား သြဂုတ် ၂၃ ရက်က ပဋိပက္ခဖြစ်ပွားရာ ပါလက်စတိုင်း ၁၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာ ဒေသ ကျန်းမာရေးဌာနက သြဂုတ် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားသောနေ့တွင် ပါလက်စတိုင်းများက နယ်မြေ ပြန်လည်ရရှိ ရေးဆန္ဒပြလှုပ်ရှားမှုများလုပ်ဆောင်ခဲ့ရာ အစ္စရေးစစ်တပ်က ကျည်ဆံအစစ်၊ ရာဘာကျည်ဆံများနှင့် ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း ၁၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ဒဏ်ရာရသူများအနက် ၃ ဦးမှာ အဓိကရုဏ်းဖြစ်ပွားမှုတွင် ကူညီကယ်ဆယ်မှုများပြုနေသည့် ကျန်းမာရေးဝန်ထမ်းများဖြစ်ကြောင်း ဂါဇာဒေသ ကျန်းမာရေးဌာန ကြေညာချက်တွင်ဖော်ပြထားသည်။

သြဂုတ် ၂၃ ရက်က ဂါဇာဒေသတွင် ပါလက်စတိုင်း-အစ္စရေးအကြား အဓိကရုဏ်းဖြစ်ပွားမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

သြဂုတ် ၂၃ရက်က ရာနှင့်ချီသော ပါလက်စတိုင်းပြည်သူများက အစ္စရေးနယ်စပ်နှင့်ဆက်စပ်နေသည့် ဂါဇာဒေသ အရှေ့ပိုင်းကို ချီတက်သွားပြီး ဆန္ဒပြရာမှ အစ္စရေးစစ်တပ်နှင့် အဓိကရုဏ်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အစ္စရေးမီဒီယာများ၏ ပြောကြားချက်အရ ပါလက်စတိုင်းဘက်မှ လက်လုပ်လက်ပစ်ဗုံး ၅ ခုကို အစ္စရေးစစ်တပ်ဘက်သို့ ပစ်ခတ် တိုက်ခိုက်ခဲ့ သော်လည်း အစ္စရေးဘက်မှ သေဆုံးဒဏ်ရာရမှုများ မဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောနှစ် မတ်လ လကုန်ပိုင်းမှစ၍ ပါလက်စတိုင်းများက ဂါဇာဒေသ နယ်စပ်တစ်လျှောက်တွင် နယ်မြေပြန်လည်ရရှိရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ရာ ပါလက်စတိုင်း-အစ္စရေးနှစ်ဖက်အကြား ပဋိပက္ခများ အဆက်မပြတ်ဖြစ်ပွားလျက်ရှိသည်။ (Xinhua)