Connect with us

Africa & Middle East

ကင်ညာ အရှေ့ပိုင်းတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၂၇ဦးထက်မနည်း သေဆုံး

ကင်ညာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကင်ညာ၊ ဧပြီ ၂၅ ရက် (ဆင်ဟွာ)

ကင်ညာနိုင်ငံ နိုင်ရိုဘီ-မွန်ဘာဆာ အဝေးပြေးလမ်းမပေါ်တွင် ဧပြီ ၂၅ ရက် အစောပိုင်းက ဆီတင်ကားတစ်စီး နှင့် ခရီးသည်တင် ဘတ်စ်ကားတစ်စီးတို့ တိုက်မိခဲ့မှုကြောင့် လူ ၂၇ဦးထက်မနည်းသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုင်ရိုဘီမြို့မှ ထွက်ခွာလာသော ဘတ်စ်ကားတစ်စီးသည် Makindu မြို့အနီး Kambu ဧရိယာ ရှိ ကုန်ကားတစ်စီး နှင့် သန်းခေါင်ယံအကျော် တွင် ခေါင်းချင်းဆိုင်တိုက်မိခဲ့ကြောင်း Kibwezi ခရိုင်ရဲမှူး Leonard Kimaiyo ကပြောကြားခဲ့သည်။

Kimaiyo က ယာဉ်တိုက်မှုကြောင့် လူအများအပြားသေဆုံးခဲ့ပြီး အခြားလူများလည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်း က ဘတ်စ်ကားဆရာသည် အခြားယာဉ်များအား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောမှ ကုန်တင်ကားဖြင့် တိုက်မိခဲ့ကြောင်း၊ ဒဏ်ရာပြင်းထန်သူများရှိနေ၍ သေဆုံးသူဦးရေ မြင့်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

Kimaiyo က ဒဏ်ရာရရှိသူများအား နီးစပ်ရာ ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးခဲ့ကြောင်း၊ သန်းခေါင်ယံအကျော် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကားအတွင်း ပိတ်မိနေသူ အများအပြားရှိခဲ့ပြီး ၎င်းတို့အား အပြင်သို့ သယ်ထုတ်ရန် အချိန်ယူခဲ့ရကာ ၎င်းတို့အား ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

ကင်ညာနိုင်ငံသည် အရှိန်လွန်မောင်းနှင်မှု နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာမှုမရှိခြင်း တို့ကြောင့် အာဖရိကနိုင်ငံများအနက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအများဆုံးနိုင်ငံအဖြစ် နံပတ်တစ် နေရာတွင် ရပ်တည်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.