Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တို့ ရာထူးမှ နှုတ်ထွက်

အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Abdullah Habibi (ဝဲ) နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) Qadam Shah Shahim (ယာ) တို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကဘူးလ်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Abdullah Habibi နှင့် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) Qadam Shah Shahim တို့သည် ဧပြီလ ၂၄ ရက်တွင် ရာထူးမှ နှုတ်ထွက်သွားပြီး အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ က ၎င်းတို့၏ နှုတ်ထွက်စာများကို လက်ခံခဲ့ကြောင်း နိုင်ငံတော်သမ္မတနန်းတော်က အတည်ပြုပြောကြားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Balkh ပြည်နယ် ရှိ စစ်တပ်စခန်းတစ်ခုကို ဧပြီ ၂၁ ရက် က တာလီဘန်စစ်သွေးကြွများ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အာဖဂန်စစ်သား ၁၃၅ဦးကျော်သေဆုံးခဲ့ပြီး ၆၀ကျော် ဒဏ်ရာရရှိမှု ဖြစ်ပွားပြီးနောက် ယင်းသို့ နှုတ်ထွက်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)