Connect with us

Africa & Middle East

အီရတ် နိုင်ငံ အရှေ့ပိုင်းတွင် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားရာမှ လူ ၉၀ ဦး အသက်ရှုကြပ်ဒဏ် ခံစားရ

အီရတ် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ချို့ အားတွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက် ၊ မတ် ၁၆ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ အရှေ့ပိုင်း Wasit ပြည်နယ် Kut မြို့၌ ကလိုရင်း ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားရာမှ လူ ၉၀ ဦး အသက်ရှုကြပ်ဒဏ် ခံစားရခဲ့ရကြောင်း အီရတ် ကျန်းမာရေး ဝန်ကြီးက မတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ထိုယိုစိမ့်မှုသည် အီရတ် နိုင်ငံ မြို့တော် ဘဂ္ဂဒတ်၏ အရှေ့တောင်ပိုင်း ၁၈၀ ကီလိုမီတာခန့်အကွာရှိ Kut မြို့ရှိ ရေသန့်စင်သည့် အဆောက်အအုံ၌ ဖြစ်ပွားခဲ့ကြောင်း ဝန်ကြီး၏ ပြောရေးဆိုခွင့်ရှိသူ Sayf al-Badr က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။အသက်ရှုကြပ်ဒဏ် ခံစားရသူ အများစုမှာ မစိုးရိမ်ရကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

Wasit ပြည်နယ် ကျန်းမာရေး ဦးဌာနက အဆိုပါ အခြေအနေများအား ဖြေရှင်းရန် မရှိမဖြစ် လိုအပ်သော ကြိုတင် သတိပေးမှုများ အားလုံးကို လုပ်ဆောင်ခဲ့ကြောင်း al-Badr က ပြောကြားခဲ့သည်။အဆိုပါ ဓာတ်ငွေ့ယိုစိမ့်မှုမှာ အဖျက်အမှောင့် လုပ်ရပ်လော ၊ မတော်မဆ ဖြစ်ရပ်လော ဟု ကြေညာချက်တွင် ပြောကြားထားချင်း မရှိကြောင်း သိရသည်။

ယခင် ကိစ္စရပ်များတွင် အိုင်အက်စ် စစ်သွေးကြွများက အရပ်သားများ နှင့် အီရတ် တပ်ဖွဲ့ဝင်များကို ကလိုရင်း ဓာတ်ငွေ့များ အသုံးပြု၍ အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အီရတ် နိုင်ငံ၏ လုံခြုံရေး အခြေအနေမှာ ၂၀၁၇ ခုနှစ်တွင် နိုင်ငံ တစ်ဝန်းရှိ အစွန်းရောက် အိုင်အက်စ် စစ်သွေးကြွများအား အီရတ် လုံခြုံရေး တပ်ဖွဲ့ဝင်များက အပြည့်အ၀ အနိုင်ယူခဲ့ပြီးနောက် သိသိသာသာ တိုးတက်လာခဲ့ကြောင်း သိရသည်။သို့သော်လည်း အိုင်အက်စ် အကြွင်းအကျန်များသည် မြို့ပြ ဒေသများ သို့မဟုတ် သဲကန္တာရ နှင့် ကြမ်းတမ်းသော မြေနေရာဒေသများသို့၎င်းတို့၏ ခိုအောင်းရာ နေရာများ အဖြစ် ပြောင်းရွှေ့ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များ နှင့် အရပ်သားများကို အဆက်မပြတ် ပြောက်ကျား တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117