Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ၊လာဂို့စ်မြို့တွင ်အဆောက်အအုံပြိုကျ၍ အနည်းဆုံးလူကိုးဦးသေဆုံး

လာဂို့စ်မြို့ အဆောက်အအုံပြိုကျမှုတွင် ဒဏ်ရာရရှိသူတစ်ဦးအားကယ်တင်လာစဉ်(ဆင်ဟွာ)

လာဂို့စ်၊ မတ် ၁၄ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ၏စီးပွားရေးအချက်အချာဖြစ်သော လာဂို့စ်မြို့၏ ဖါဂျီရပ်ကွက်တွင် မတ်လ ၁၃ ရက် နံနက်ပိုင်းက မူလတန်းကျောင်းတစ်ခု ဖွင့်လှစ်ထားရာ အဆောက်အအုံတစ်ခု ပြိုကျခဲ့ရာအနည်းဆုံးလူ ကိုးဦးသေဆုံးခဲ့ရပြီးကယ်ဆယ်ရေးသမားများစွာက ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်နေကြကြောင်းသိရသည်။

အဆိုပါအဆောက်အအုံကသုံးထပ်အဆောက်အအုံတစ်ခုဖြစ်ကာ မူလတန်းကျောင်းနှင့်အတူဈေးဆိုင် များ၊တိုက်ခန်းတွဲများ လည်းတည်ရှိကြောင်းသိရသည်။ပြိုကျမှုအပြီးတွင် ရဲတပ်ဖွဲ့ဝင်များ၊ စစ်သားများ လည်းကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့်အတူ အပျက်အစီးများအကြားမှ ဓါးစာခံများကိုဆွဲထုတ်နိုင်ရေး ကြိုးစားဆောင်ရွက်လျက်ရှိကြသည်။

နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ မူဟမ်မာဒူ ဘူဟာရီ ကလည်း အဆောက်အအုံပြိုကျမှုတွင် အဓိကအားဖြင ကလေးငယ်များအပါအဝင် သေဆုံးမှုများဖြစ်ပွားခဲ့ရခြင်းအားများစွာကြေကွဲဝမ်းနည်းကြောင်း မတ်လ ၁၃ ရက်ကပြောခဲ့သည်။၎င်းကသေဆုံးသူများ၏မိဘဆွေမျိုးများကဲ့သို့ပင် ကြေကွဲဝမ်းနည်းရပါကြောင်း နှင့်ဒဏ်ရာရသူများလျင်မြန်စွာအပြည့်အဝကျန်းမာရေးအတွက်ဆုတောင်းပါကြောင်းကြေညာချက်တစ် စောင်ထုတ်ပြန်ရာတွင်ဖော်ပြခဲ့သည်။

အဆောက်အအုံပြိုကျသည့်နေရာတွင်မူစက်ယန္တရားကြီးများဖြင့်ရှင်းလင်းမှုများပြုလုပ်နေသည်ကိုတွေ့ ရှိရသည်။

အဆောက်အအုံပြိုကျမှုအတွင်းမှ ကလေးငယ်များအား ကယ်ဆယ်ရေးသမားများက ဘေးကင်းရာသို့ခေါ်ဆောင်လာကြစဉ်(ဆင်ဟွာ)

အဆောက်အအုံပြိုကျသည့်နေရာအားစက်ယန္တရားကြီးများဖြင့်ရှင်းလင်းနေစဉ်(ဆင်ဟွာ)

ပြည်နယ်အုပ်ချုပ်ရေးမှူး အကင်ဝမ်မီ အမ်ဘိုဒီ(Akinwunmi Ambode) အဆောက်အအုံအပျက်အစီး များအောက်တွင် ပိတ်မိနေသောဓါးစာခံများစွာရှိနေနိုင်သေးကြောင်း သတင်းထောက်များအားပြောခဲ့ သည်။၎င်းက မြို့အတွင်းအိမ်အများအပြားမှာ သက်တမ်းကြာမြင့်မှုကြောင့်ဖြိုချဖျက်ဆီးရန ်အစိုးရက ပြောကြားထားသော်လည်း မြေပိုင်ရှင်များအနေဖြင့်အစိုးရ၏အစီအစဉ်ကို ဆန့်ကျင်နေကြကြောင်းဖြင့် ပြောကြားခဲ့သည်။ထို့ပြင်ပြည်နယ်အုပ်ချုပ်ရေးမှူးကပြိုကျခဲ့သောအဆောက်အအုံတွင်စာသင်ကျောင်း ကိုတရားမဝင်ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်းလည်းပြောခဲ့သည်။

အချင်းဖြစ်ပွားရာနေရာသို့ရောက်ရှိနေသော ဆင်ဟွာသတင်းထောက်များ၏သတင်းပေးပို့ချက်များအရ အဆိုပါကျောင်းတွင်မှတ်ပုံတင်ထားသောကျောင်းသား ၁၇၂ ဦးရှိပြီး နောက်ဆုံးအချိန်အထိ ၅၀ ဦးခန့် ကိုအသက်ရှင်လျက်ကယ်ဆယ်ထားနိုင်ကြောင်း၊ ကျောင်းဆရာတစ်ဦးနှင့်အတူ ကျောင်းသား ၂၀ ဦး ခန့်လည်းအပျက်အစီးများအောက်တွင်ရောက်နေမည်ဟု ယူဆရကာ အကူအညီတောင်းအော်ဟစ်သံ များကြားနေရကြောင်း၊ကယ်ဆယ်ရေးလုပ်ငန်းများကို အပူတပြင်းဆောင်ရွက်နေကြောင်းသိရသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူး အကင်ဝမ်မီ အမ်ဘိုဒီ ကအဆောက်အအုံပြိုကျရခြင်း၏ အကြောင်းရင်းကို စုံ စမ်းစစ်ဆေးဆဲဖြစ်၍အတိအကျမပြောနိုင်သေးကြောင်းပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.