Connect with us

Africa & Middle East

ဂါဇာတွင် အစ္စရေး စစ်လေယာဉ်များ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃ ဦးရှိ

ဂါဇာကမ်းမြောင်ဒေသတွင် ဆန္ဒပြသူများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ အနောက်ဘက်ကမ်း၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းသို့ ဒီဇင်ဘာလ ၈ ရက်ညပိုင်းက အစ္စရေးမှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သေဆုံးသူ အရေအတွက် ၃ ဦး ရှိလာခဲ့ကြောင်း ဂါဇာ ကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် Asraf Qedra က ယနေ့ (ဒီဇင်ဘာလ ၉ ရက်) နံနက်ပိုင်းက ပြောကြားခဲ့သည်။

နယ်စပ်ဒေသများတွင်လည်း အခြားသူ နှစ်ဦး သေဆုံးခဲ့ပြီး ၁၇၀ ဦး ဒဏ်ရာရရှိခဲ့သည်။အစ္စရေး စစ်လေယာဉ်များသည် ဒီဇင်ဘာလ ၉ ရက် နံနက် ၃း၄၅ နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုသည် ဂါဇာကမ်းမြောင် မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများရှိ ဟားမားစ်များ၏ စစ်စခန်း သုံးခုအား ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယခုလို လေကြောင်းတိုက်ခိုက်ခြင်းသည် ဒီဇင်ဘာလ ၈ ရက်က ဂါဇာမှ အစ္စရေးမြောက်ပိုင်းသို့ ဒုံးကျည် ပစ်ခတ်မှုအား လက်တုန့်ပြန်ခြင်း ဖြစ်သည်ဟု ဆိုသည်။တိုက်ခိုက်မှုများသည် ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းက ဂါဇာကမ်းမြောင် တောင်ပိုင်းရှိ ကလေးများ စာသင်ကျောင်းနှင့် အစ္စရေး စစ်သားများ နေထိုင်ရာနေရာ နယ်စပ်အကြား ဂါဇာမြို့အရှေ့ပိုင်းနှင့် Khan Younis အရှေ့ပိုင်းတွင် ပြန်လည် ဖြစ်ပွားခဲ့သည်။ ယင်း တိုက်ခိုက်မှု၌ ကျောင်းသားကလေးငယ် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာ ကျန်းမာရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရပုဂ္ဂိုလ် Asraf Qedra က ပြောခဲ့သည်။ထို့ပြင် အနောက်ဘက်ကမ်ဘီတယ်လင်ဟမ်မြို့တွင်လည်း ပါလက်စတိုင်း ဆန္ဒပြသူများနှင့် အစ္စရေးစစ်တပ်များအကြား တိုက်ခိုက်မှု ဖြစ်ပွားခဲ့သေးကြောင်း ပါလက်စတိုင်း သတင်းရင်းမြစ်များထံမှ သိရသည်။ (Xinhua)