Connect with us

Africa & Middle East

ဆီးရီးယားစစ်ဆင်ရေးများ သည် ရုရှားတပ်သားများ နှင့် လက်နက်လုပ်ငန်းများအတွက် အကျိုးအမြတ်ရရှိစေကြောင်း ပူတင်ပြောကြား

ဆီးရီးယား ရှိ ရုရှားစစ်သား တစ်ဦး အနီးတွင် ဝန်းရံအောင်ပွဲခံနေသည့် ဆီးရီးယားပြည်သူများအား တွေ့ရစဉ် (ဆင်ဟွာ/AFP)

မော်စကို၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ ဗလာဒီမာပူတင် က ဆီးရီးယားတွင် ပြုလုပ်ခဲ့သည့် အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးများ မှ အကျိုးအမြတ်များကို ရုရှားလက်နက်ကိုင်စစ်သားများ နှင့် လက်နက်လုပ်ငန်းများက ရရှိခဲ့ကြောင်း ဇွန်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ပူတင် က တိုက်ခိုက်မှုဖြစ်ပွားနေသည့် အခြေအနေများတွင် တပ်သားများ နှင့် နောက်ဆုံးပေါ် လက်နက်များ ဖြန့်ကျက်အသုံးပြုနိုင်ခြင်းသည် အဖိုးမဖြတ်နိုင်သော အတွေ့အကြုံများကို ရရှိစေကြောင်း နှစ်စဉ် ပြုလုပ်သည့် သမ္မတ နှင့် တိုက်ရိုက် အမေးအဖြေ ကဏ္ဍတွင်ပြောကြားခဲ့သည်။

၎င်း က ရုရှား တပ်သားများအနေဖြင့် မတူညီသော စွမ်းရည်များကို ရရှိခဲ့ပြီး တချို့ တပ်ဖွဲ့များသည် အလွန်ကောင်းမွန်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

စစ်ဆင်ရေးများတွင် နောက်ဆုံးပေါ် လက်နက်အသစ်များကို အသုံးပြုနိုင်ခြင်းကြောင့် တကယ်တိုက်ပွဲအခြေအနေတွင် ၎င်းတို့၏ စွမ်းဆောင်ရည်ကို ရုရှားအနေဖြင့် သိရှိနားလည်စေပြီး လက်နက်လုပ်ငန်းများမှ ကိုယ်စားလှယ်များကို ဆီးရီးယားသို့လာရောက်လေ့လာကာ လက်နက်များ၏ လိုအပ်ချက်များကို ဖြည့်စွက် ပြင်ဆင်နိုင်ခဲ့ကြောင်း ပူတင်ကပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံရှိ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေး အတွင်းသို့ ၂၀၁၅ခုနှစ် စက်တင်ဘာလတွင် ရုရှား စတင်ဝင်ရောက်လာခဲ့ပြီး ယခုအခါ ၎င်း၏ တပ်ဖွဲ့ဝင်အများစုသည် ဆီးရီးယားမှ ဆုတ်ခွာလျက်ရှိကြောင်း သိရသည်။

ရုရှားလက်နက်ကိုင် တပ်ဖွဲ့၏ နောင်အနာဂတ် ရည်မှန်းချက်မှာ ဆီးရီးယားတပ်ဖွဲ့ဝင်များ၏ တိုက်ရည်ခိုက်ရည်ကို တိုးမြင့်အောင် လေ့ကျင့်ပေးရန် နှင့် လိုအပ်သည့် အထောက်အပံ့များ ဖြည့်ဆည်းပေးရန်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.