Connect with us

Africa & Middle East

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော်ရှိ ဗလီ အဆောက်အဦ တစ်ခု ၌ အသေခံ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ လူ ၆ ဦးသေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ မှ ရဲတပ်ဖွဲ့ဝင် များအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ ဇွန် ၁၆ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ် အနောက်ဘက်ရှိ ဗလီ အဆောက်အဦ တစ်ခု ၌ ဇွန်လ ၁၅ ရက် ညပိုင်း က အသေခံ တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး အာဖဂန် နိုင်ငံ အစိုးရ အရာရှိ ၏ ပြောကြားချက်အရ တိုက်ခိုက်မှုတွင် အသေခံ တိုက်ခိုက်သူ ၂ ဦးအပါဝင် လူ ၆ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

အာဖဂန်နစ္စတန် နိုင်ငံ ပြည်ထဲရေး ဌာန ပြောရေးဆိုခွင့်ရှိသူ က Twitter စာမျက်နှာတွင် အသေခံ တိုက်ခိုက်သူ နှစ်ဦးသည် ဗလီ အဆောက်အဦ ကို တိုက်ခိုက်ရန် ကြံစည်ခဲ့ပြီး လုံခြုံရေး ဝန်ထမ်း မှ စစ်ဆေးတွေ့ရှိခဲ့သဖြင့် တားမြစ် ခဲ့ကြောင်း ၊ ရဲဝန်ထမ်း မှ သေနတ်ဖြင့် ပစ်ခတ် ခဲ့ရာတွင် တိုက်ခိုက်သူများမှ ဗလီ အဆောက်အဦ ၏ အစားအသောက် ချက်ပြုတ်ရာ အခန်းသို့ ထွက်ပြေးခဲ့ပြီး ကိုယ်တွင် သယ်ဆောင်လာသည့် ဗုံးကို ဖောက်ခွဲခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် ရဲဝန်ထမ်း တစ်ဦး နှင့် အရပ်သား ၃ ဦး သေဆုံးခဲ့ကြပြီး ရဲဝန်ထမ်း ၄ ဦး နှင့် အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ပြီးနောက်တွင် အစွန်းရောက် အဖွဲ့အစည်း IS က တိုက်ခိုက်မှု ကို ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့သည်။IS လက်နက်ကိုင် အဖွဲ့အစည်း သည် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ကလည်း ကဘူးလ်မြို့ရှိ ဗလီ အဆောက်အဦးကို တိုက်ခိုက်ခဲ့ရာ ၃၀ ဦးသေဆုံး ခဲ့ပြီး ၇၀ ဦး ဒဏ်ရာရရှိစေခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.