Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အလက်ပိုပြည်နယ်အစွန်အဖျားတွင် လေကြောင်းစစ်ဆင်မှုများကြောင့် လူ ၄၂ ဦးသေဆုံး

လေကြောင်းတိုက်ခိုက်မှုများကြောင်း ဘေးလွတ်ရာသို့ ရှောင်ပြေးနေသည့် ဆီးရီးယားပြည်သူများအားတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်၊ မတ် ၁၇ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံမြောက်ပိုင်း အလက်ပိုပြည်နယ်အစွန်အဖျားရှိ မြို့တစ်မြို့၏ ဗလီတစ်ခုကို ပစ်မှတ်ထား၍ မတ်လ ၁၆ရက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လူစုစုပေါင်း ၄၂ဦးသေဆုံးခဲ့ကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ ကပြောကြားခဲ့သည်။

အလက်ပိုပြည်နယ် အနောက်ဘက် ရှိ Jinehမြို့၏ ဗလီကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးသူအများစု မှာ ပြည်သူများဖြစ်ကြောင်း ဆီးရီးယားဆိုင်ရာ လူအခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ က ဖော်ပြခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ အများအပြားရှိပြီး အချို့မှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေသောကြောင့် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း သိရသည်။

ဗြိတိန်အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ သည် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော တိုက်လေယာဉ်များသည် မည့်သည့်တိုက်လေယာဉ်များဖြစ်ကြောင်း ဖော်ထုတ်ခြင်းကို ရပ်တန့်ခဲ့ကြောင်း သိရသည်။

၎င်းက အလက်ပို အနောက်ဘက် ကျေးလက်ဒေသရှိ သူပုန်များခြေကုပ်ယူထားသော နေရာများအား လေကြောင်းဖြင့် တိုက်ခိုက်မှုများသည် မတ်လ ၁၆ ရက်တွင်ပိုမိုပြင်းထန်လာကြောင်း ပြောကြားခဲ့သည်။ (Xinhua)