Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ဂိုတာဒေသရှိ သူပုန်များ၏ အကျဉ်းစခန်းမှ ပြန်ပေးဆွဲခံရသူ ၈ ဦး လွတ်မြောက်

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့ အရှေ့ဘက် ဂိုတာဒေသအား တွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ မတ် ၂၅ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကပ်စ်မြို့ အရှေ့ဘက် ဂိုတာဒေသ၌ သူပုန်များမှ ပြန်ပေးဆွဲထားသူ ၈ ဦးသည် သဘောတူညီချက် တစ်ခုအရ မတ် ၂၄ ရက်က လွတ်မြောက်သွားကြောင်း ယင်းနေရာသို့ ရောက်ရှိနေသည့် ဆင်ဟွာသတင်းထောက်က ပြောသည်။

လွတ်မြောက်လာသူများအား ဂိုတာ အရှေ့ပိုင်း Arbeen မြို့ ပြင်ပ Panorama နယ်မြေရှိ အစိုးရ ထိန်းချုပ်ထားသည့်ဒေသသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။၎င်းတို့သည် ဂိုတာအရှေ့ပိုင်းရှိ Failaq al-Rahman သူပုန်များနှင့် ရရှိခဲ့သည့် သဘောတူညီချက်အရ သူပုန်များ၏ အကျဉ်းစခန်းမှ ပထမဆုံးအသုတ်အဖြစ် လွတ်မြောက်လာခြင်း ဖြစ်သည်။အခြား ပြန်ပေးဆွဲခံရသူများလည်း မကြာမီ ပြန်လည်လွတ်မြောက်နိုင်မည်ဟု မျှော်လင့်ရကြောင်း Panorama နယ်မြေရှိ ဆီရီးယား အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။ (Xinhua)