Connect with us

Africa & Middle East

အီရတ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှု နှစ်ခု ကြောင့် လူ ၉ ဦးသေဆုံး

အီရတ်တွင်ဖြစ်ပွားခဲ့သော အသေခံ ဗုံးခွဲမှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက် ၊ မတ်လ ၂၅ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ Kirkuk ပြည်နယ် နှင့် Diyala ပြည်နယ်တွင် မတ်လ ၂၄ ရက်က IS အစွန်းရောက်များ၏ တိုက်ခိုက်မှုကြောင့် လူ ၉ ဦးသေဆုံးခဲ့သည်ဟု အီရတ်အရာရှိတစ်ဦးက ဆိုသည်။

IS အကြမ်းဖက်လက်နက်ကိုင်များက Kirkuk ပြည်နယ် မြောက်ပိုင်းရှိ ရှီအာမွတ်ဆလင် လက်နက်ကိုင်အဖွဲ့၏ စခန်းတစ်ခုသို့ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့သည်။ ထို့အပြင် IS တို့က Diyala ပြည်နယ် တွင် မောင်းနှင်နေသောယာဉ်တစ်စီးအား တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၁ ဦးနှင့် ကလေးငယ် ၁ ဦး အပါအဝင် ယာဉ်ပေါ်ရှိ အရပ်သား ၄ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.