Connect with us

Africa & Middle East

ဆီးရီးယားသူပုန်များ လက်နက်ချအလင်းဝင်ရောက်ရန် လွတ်ငြိမ်းချမ်းသာခွင့်ကာလကို သမ္မတအာဆက် သက်တမ်းတိုး

ဆီးရီးယားနိုင်ငံ၌ တိုက်ပွဲဝင်နေသော ဆီးရီးယားဒီမိုကရက်တစ်စစ်တပ်မှ တပ်ဖွဲ့ ဝင်တစ်ဦးအား ဖေဖော်ဝါရီလ ၃ ရက်က မြင်တွေ့ ရစဉ် (ဆင်ဟွာ)

ဒမတ်စကက်စ် ၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံသမ္မတ အာဆက်က နိုင်ငံအတွင်းရှိ လက်နက်ကိုင်သူပုန်များအားလုံးအနေဖြင့် မိမိတို့ကိုယ်တိုင် လက်နက်ချအလင်းဝင်ရောက်ပါက လွတ်ငြိမ်းချမ်းသာခွင့်ကို ၂ဝ၁၆ ခုနှစ်က တစ်ကြိမ် ပေးထားပြီးဖြစ်သော်လည်း ယခုအခါ ၂ဝ၁၇ ခုနှစ် ဇွန်လကုန်အထိ နောက်ထပ်တစ်ကြိမ် သက်တမ်းတိုးပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၅ ရက်က ကြေညာခဲ့သည်ဟု နိုင်ငံပိုင် SANA သတင်းဌာနက သတင်းဖော်ပြခဲ့သည်။

ဆီးရီးယားနိုင်ငံအတွင်း၌ လက်နက်ကိုင်ဆောင်၍ ပြန်ပေးဆွဲမှုများအပါအဝင် အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသူများ နှင့် မတည်မငြိမ်ဖြစ်အောင် ပြုလုပ်နေသူများအနေဖြင့် မိမိတို့ကိုယ်တိုင် လက်နက်ချအလင်းဝင်ရောက်ပါက လွတ်ငြိမ်းချမ်းခွင့်ရမည်ဟု သမ္မတအာဆက်က ဆိုသည်။

သမ္မတအာဆက်သည် ၂ဝ၁၆ ခုနှစ်က လက်နက်ကိုင်သူပုန်များအား ပထမအကြိမ်အဖြစ် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး ယခုအခါ ၂ဝ၁၇ ခုနှစ် ဇွန်လကုန်အထိ လွတ်ငြိမ်းချမ်းသာခွင့်ကာလကို ထပ်မံ သက်တမ်းတိုးပေးခဲ့ခြင်းဖြစ်သည်။

လွတ်ငြိမ်းချမ်းသာခွင့် အမိန့်သည် လက်နက်ချအလင်းဝင်ရောက်လိုကြသည့် သူပုန်တပ်ဖွဲ့ဝင်များအတွက် အလွန်ကောင်းမွန်သော အခွင့်အရေးတစ်ရပ်အဖြစ် အစိုးရက မှတ်ယူထားကြောင်း နှင့် ပြီးခဲ့သော လပိုင်းက လွတ်ငြိမ်းချမ်းသာခွင့်အတွက် သူပုန်တပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ လျှောက်ထားခဲ့ကြောင်း သိရသည်။

တူရကီ နှင့် ရုရှားနိုင်ငံတို့မှ ဦးဆောင်ပြုလုပ်ပေးခဲ့သည့် ဆီးရီးယားအစိုးရ နှင့် သူပုန်တပ်ဖွဲ့တို့အကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုသည် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက်တွင် ကျိုးပျက်သွားပြီးနောက် ၁လအကြာ ဆီးရီးယားအစိုးရ နှင့် အတိုက်အခံအဖွဲ့ကိုယ်စားလှယ်များသည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ဖေဖော်ဝါရီလ လကုန်ပိုင်းတွင် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.