Connect with us

Africa & Middle East

စစ်ရေး လေ့ကျင့်နေစဉ်အတွင်း ယူအေအီး စစ်သား သေဆုံး

စစ်ရေး လေ့ကျင့်မှု လုပ်ဆောင်နေသည့် ယူအေအီး စစ်သားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဒူဘိုင်း၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

ပုံမှန် စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေစဉ်အတွင်း စစ်သား တစ်ဦး သေဆုံးခဲ့ကြောင်း အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) စစ်တပ်က ဖေဖော်ဝါရီလ ၄ ရက်တွင် ပြောကြားလိုက်သည်။

သေဆုံးခဲ့သော စစ်သားမှာ Obaid Jowhar Obaid Al-Mazrouei ဆိုသူ ဖြစ်ကြောင်း အဘူဒါဘီရှိ ယူအေအီး စစ်ရုံးချုပ် ဖော်ပြချက်အရ သိရသည်။

ထိုသို့ သေဆုံးခဲ့သော စစ်သား၏ မိသားစုထံသို့ စစ်ရုံးချုပ်က ဝမ်းနည်းစကား ပြောကြားခဲ့ကြောင်း သိရသည်။

အီရန် အစိုးရ ကျောထောက်နောက်ခံပြုထားသော ရှီအိုက် ဟူတီသူပုန်အုပ်စုအား ဆန့်ကျင် တိုက်ခိုက်နေသည့် ယီမင် သမ္မတ Abd-Rabbu Mansour Hadi အား ထောက်ပံ့ရန် ဆော်ဒီ ဦးဆောင်သော အာရပ် ၉ နိုင်ငံ မဟာမိတ်အဖွဲ့နှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုအား ယူအေအီးက မြှင့်တင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.